သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလူပုဂ္ဂိုလ် ၄ ဦးနဲ့ ကုမ္ပဏီ ၂ ခု EU ဒဏ်ခတ်စာရင်းထဲထပ်တိုး


 EU flag and Myanmar flag
EU flag and Myanmar flag

ပြည်ထောင်စုဝန်ကြီးတယောက်၊ စစ်ကောင်စီအဖွဲ့ဝင် ၂ ယောက်၊ ဗိုလ်ချုပ်တယောက် နဲ့ ကုမ္ပဏီ ၂ ခုတို့ ကို ဥရောပသမဂ္ဂ အီးယူက ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့စွဲနဲ့ ထပ်မံ ပိတ်ဆို့ အရေးယူလိုက်ပါတယ်။

လူပုဂ္ဂိုလ် ၄ ယောက်ကတော့ စစ်ကောင်စီအဖွဲ့ဝင်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဝန်ကြီးအဆင့်သတ်မှတ်အကြံပေး၊ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဒေါက်တာမှူးထန်နဲ့ ယခင် နိုင်ငံခြား‌ရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ဖြစ်ကြပြီး စစ်တပ် တာဝန်ရှိသူကတော့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး ဖြစ်ပါတယ်။

၂၀၂၁ နဲ့ ၂၀၂၂ သူ့ လက်ထက်မှာ ကယားပြည်နယ်ကို ဗုံးကြဲတိုက်ခိုက်တာ ၂ ဆ တိုးများပြားခဲ့ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိခဲ့တယ်လို့ အီးယူက စွပ်စွဲထားပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ၂၀၂၂ တုန်းက ပြည်တွင်းစစ်ရှောင် အိုင်ဒီပီ ၂ သိန်းရှိရာက ၂၀၂၃ မှာ ၂ သိန်းခွဲအထိ တက်သွားခဲ့ကြောင်းဖော်ပြထားပါတယ်။

ကုမ္ပဏီ ၂ ခုကတော့ Star Sapphire Group of Companies နဲ့ Royal Shune Lei Company Limited တို့ ဖြစ်ကြပါတယ်။ စစ်ကောင်စီအတွက် ဝင်ငွေရှာပေးပြီး လက်နက်တွေပံ့ပိုးရာမှာ ဒီ ကုမ္ပဏီ ၂ ခုက ပါဝင်ပတ်သက်မှုရှိခဲ့တယ်လို့ အီးယူကဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG