သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္တပ္အတြက္ ေလယာဥ္ဆီတင္ပို႔မႈ အေရးယူဖို႔ အခြင့္အေရးအဖဲြ႕ေတြေတာင္းဆို 


ေနျပည္ေတာ္မွာက်င္းပျပဳလုပ္တဲ့ လြတ္လပ္ေရးေန႔ စစ္ေရးျပအခမ္းအနားအတြင္းေတြ႔ရတဲ့ ျမန္မာဂ်က္ေလယာဥ္မ်ား (ဇန္နဝါရီ ၄၊ ၂၀၂၃)

ျမန္မာႏိုင္ငံအတြင္း စစ္တပ္ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေတြဟာ စစ္ရာဇဝတ္မႈေျမာက္ေနေပမယ့္ ႏိုင္ငံတကာ ကုမၸဏီတခ်ိဳ႕က စစ္ေကာင္စီအတြက္ ေလယာဥ္ဆီေတြ တင္ပို႔ေပးတုန္းပဲလို႔ လူ႔အခြင့္အေရးအဖဲြ႕ေတြပူးေပါင္းၿပီး ဒီေန႔ ေၾကညာခ်က္ ထုတ္ျပန္လိုက္ၾကပါတယ္။ Amnesty International, Global Witness နဲ႔ Burma Campaign UK အဖြဲ႔တို႔ ပူးေပါင္း စုံစမ္းၿပီး အခ်က္အလက္ေတြ ထုတ္ျပန္လိုက္ၾကတာျဖစ္ပါတယ္။ ဒီေန႔ ထုတ္ျပန္လိုက္တဲ့ထဲမွာ ႏိုင္ငံတကာကုမၸဏီေတြရဲ႕ ျမန္မာႏိုင္ငံကို ေလယာဥ္ဆီ ေရာင္းခ်တဲ့ မွတ္တမ္းအေသးစိတ္ကိုလည္း ေဖၚျပထားပါတယ္။

ဒီမိုကေရစီေရး တိုက္ပြဲဝင္ေနသူေတြနဲ႔ တိုင္းရင္းသားလူမ်ိဳးစု လက္နက္ကိုင္အဖြဲ႕ေတြအေပၚ ပစ္မွတ္ထားတဲ့ စစ္ေကာင္စီရဲ႕ ေလေၾကာင္းကေန ထိုးစစ္ဆင္တိုက္ခိုက္ေနတာေတြ ေထာက္ျပၿပီး ေလယာဥ္ဆီတင္ပို႔မႈေတြကို အေရးယူပိတ္ဆို႔ဖို႔ လူ႔အခြင့္အေရးအဖြဲ႕ေတြက ေတာင္းဆိုၾကပါတယ္။

ျမန္မာႏိုင္ငံကို ေလယာဥ္ဆီေတြ ဆက္လက္တင္ပို႔ေနတဲ့ ကုမၸဏီေတြထဲမွာ ထိုင္း၊ အိႏၵိယ၊ ဂ်ပန္၊ ဂရိ၊ လူဇင္ဘတ္၊ စကၤာပူနဲ႔ ဆြတ္ဇာလန္ႏိုင္ငံက ကုမၸဏီေတြပါဝင္တယ္လို႔ လူ႔အခြင့္အေရးအဖြဲ႔ေတြရဲ႕ စံုစမ္းေတြ႕ရွိခ်က္မွာ ေဖာ္ျပထားပါတယ္။ ျမန္မာစစ္တပ္ကို ေလယာဥ္ဆီ တင္ပို႔တာဟာ စစ္ရာဇတ္မႈ က်ဳးလြန္ႏိုင္ေအာင္ ေထာက္ပံ့ေပးေနတာ ျဖစ္တဲ့အတြက္ စီးပြားေရးအက်ဳိးအျမတ္ထက္ လူ႔အသက္ေတြကို ပိုၿပီး အေလးထား စဥ္းစားဖို႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေထာက္ျပၾကပါတယ္။

ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးဆိုင္ရာ ျမန္မာ Institute MIPS အဖြဲ႕ရဲ႕ စာရင္းေတြအရ ျမန္မာစစ္တပ္ဟာ ၂၀၂၁ ခုႏွစ္မွာ ေလေၾကာင္းကေန ၁၀၄ ႀကိမ္နဲ႔ ၂၀၂၂ ခုႏွစ္မွာ ၂၄၃ ႀကိမ္ ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့ပါတယ္။ ၿဗိတိန္ႏိုင္ငံနဲ႔ EU ဥေရာပႏိုင္ငံေတြကေတာ့ ျမန္မာစစ္တပ္အတြက္ ေလယာဥ္ဆီ တင္သြင္းသူေတြ၊ လက္နက္ပြဲစားေတြ၊ စစ္တပ္ရဲ႕ ဝယ္ယူေရး လုပ္ငန္းႀကီးေတြနဲ႔ ျမန္မာစစ္တပ္က တာဝန္ရွိသူေတြအျပင္ သူတို႔နဲ႔ ဆက္စပ္သူေတြကို မၾကာေသးမီကပဲ အေရးယူဒဏ္ခတ္ပိတ္ဆို႔ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

စစ်တပ်အတွက် လေယာဉ်ဆီတင်ပို့မှု အရေးယူဖို့ အခွင့်အရေးအဖွဲ့တွေတောင်းဆို

မြန်မာနိုင်ငံအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်နေပေမယ့် နိုင်ငံတကာ ကုမ္ပဏီတချို့က စစ်ကောင်စီအတွက် လေယာဉ်ဆီတွေ တင်ပို့ပေးတုန်းပဲလို့ လူ့အခွင့်အရေးအဖွဲ့တွေပူးပေါင်းပြီး ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ကြပါတယ်။ Amnesty International, Global Witness နဲ့ Burma Campaign UK အဖွဲ့တို့ ပူးပေါင်း စုံစမ်းပြီး အချက်အလက်တွေ ထုတ်ပြန်လိုက်ကြတာဖြစ်ပါတယ်။ ဒီနေ့ ထုတ်ပြန်လိုက်တဲ့ထဲမှာ နိုင်ငံတကာကုမ္ပဏီတွေရဲ့ မြန်မာနိုင်ငံကို လေယာဉ်ဆီ ရောင်းချတဲ့ မှတ်တမ်းအသေးစိတ်ကိုလည်း ဖေါ်ပြထားပါတယ်။

ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသူတွေနဲ့ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေအပေါ် ပစ်မှတ်ထားတဲ့ စစ်ကောင်စီရဲ့ လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေ ထောက်ပြပြီး လေယာဉ်ဆီတင်ပို့မှုတွေကို အရေးယူပိတ်ဆို့ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုကြပါတယ်။

မြန်မာနိုင်ငံကို လေယာဉ်ဆီတွေ ဆက်လက်တင်ပို့နေတဲ့ ကုမ္ပဏီတွေထဲမှာ ထိုင်း၊ အိန္ဒိယ၊ ဂျပန်၊ ဂရိ၊ လူဇင်ဘတ်၊ စင်္ကာပူနဲ့ ဆွတ်ဇာလန်နိုင်ငံက ကုမ္ပဏီတွေပါဝင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စုံစမ်းတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။ မြန်မာစစ်တပ်ကို လေယာဉ်ဆီ တင်ပို့တာဟာ စစ်ရာဇတ်မှု ကျုးလွန်နိုင်အောင် ထောက်ပံ့ပေးနေတာ ဖြစ်တဲ့အတွက် စီးပွားရေးအကျိုးအမြတ်ထက် လူ့အသက်တွေကို ပိုပြီး အလေးထား စဉ်းစားဖို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာ Institute MIPS အဖွဲ့ရဲ့ စာရင်းတွေအရ မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်မှာ လေကြောင်းကနေ ၁၀၄ ကြိမ်နဲ့ ၂၀၂၂ ခုနှစ်မှာ ၂၄၃ ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံနဲ့ EU ဥရောပနိုင်ငံတွေကတော့ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းသူတွေ၊ လက်နက်ပွဲစားတွေ၊ စစ်တပ်ရဲ့ ဝယ်ယူရေး လုပ်ငန်းကြီးတွေနဲ့ မြန်မာစစ်တပ်က တာဝန်ရှိသူတွေအပြင် သူတို့နဲ့ ဆက်စပ်သူတွေကို မကြာသေးမီကပဲ အရေးယူဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။

XS
SM
MD
LG