သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို အီးယူအကူအညီပေးရေးအဆို ပျက်ပြယ်


ယခင်မှတ်တမ်းရုပ်ပုံ | ယူကရိန်းနိုင်ငံ Kyiv မြို့တော် တွေ့ဆုံဆွေးနွေးပွဲအတွင်းတွေ့ရတဲ့ ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel (ဝဲ), ယူကရိန်းသမ္မတ Volodymyr Zelenskiy (လယ်) နဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen (ဖေဖော်ဝါရီ ၃၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | ယူကရိန်းနိုင်ငံ Kyiv မြို့တော် တွေ့ဆုံဆွေးနွေးပွဲအတွင်းတွေ့ရတဲ့ ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel (ဝဲ), ယူကရိန်းသမ္မတ Volodymyr Zelenskiy (လယ်) နဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen (ဖေဖော်ဝါရီ ၃၊ ၂၀၂၃)

ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းအတွက် ဒေါ်လာ ၅၄ ဘီလီယံ ထောက်ပံ့ပေးမယ့် အစီအစဉ်ကို ဥရောပသမဂ္ဂခေါင်းဆောင်တွေအကြား သဘောတူညီချက်မရဘဲ ပျက်ပြယ်သွားခဲ့ပါတယ်။ ယူကရိန်းအတွက် အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် အဲဒီ အဆိုပြုချက်ကို ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban က ဗီတိုအာဏာသုံးပယ်ချလိုက်တာကြောင့် ကူညီပေးမယ့် အစီအစဉ် ပျက်သွားခဲ့တာပါ။

အဖွဲ့ဝင်နိုင်ငံ၂၆ နိုင်ငံက သဘောတူခဲ့ပေမဲ့ ဟန်ဂေရီက ဒီအစီအစဉ်ကို လက်မခံဘူးလို့ ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel ကပြောဆိုပါတယ်။

EU က ထိန်းချုပ်ထားတဲ့ ဟန်ဂေရီရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ဘီလီလျံ ၃၀ ကိုပြန်ရယူလိုတဲ့အတွက် ညှိနှိုင်းမှုတွေလုပ်ဖို့ ဟန်ဂေရီက တောင်းဆိုနေတာဖြစ်ပြီး အခု ယူကရိန်းအတွက် အကူအညီတွေကို ပေးအပ်ဖို့ကို ကန့်ကွက်ခဲ့တာပါ။ ယူကရိန်းက လိုအပ်နေတဲ့ အကူအညီတွေပေးဖို့ EU အဖွဲ့ဝင်နိုင်ငံအားလုံးက အပြည့်အဝထောက်ခံမှုကို လိုအပ်ပါတယ်။

ဆွီဒင်ကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ ပါလီမန်နဲ့ တိုင်ပင်ညှိနှိုင်းဖို့ လိုတယ်လို့ ပြောပါတယ်။ ဒီအတွက် လိုအပ်တဲ့ ဆွေးနွေးမှုတွေဆက်လုပ်ဖို့ Brussels ထိပ်သီးစည်းဝေးပွဲမှာ သဘာပတိအဖြစ် ဆောင်ရွက်နေတဲ့ ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel ကပြောဆိုပါတယ်။

ဒီသီတင်းပတ်ထဲမှာပဲ ယူကရိန်းသမ္မတ Volodymyr Zelenskyy က အမေရိကန်ကို လာရောက်ပြီး အကူအညီတွေတောင်းခံခဲ့သေးတာပါ။ အထူးသဖြင့် အမေရိကန်ကနေ လက်နက်တွေဝယ်ယူဖို့ နောက်ထပ်ဒေါ်လာ ၆၁ ဘီလျံ အကူအညီတွေကို ပေးအပ်ဖို့ကိုလည်း လွှတ်တော် ၂ ရပ်ကြား သဘောတူညီမှုမရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG