သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟန်ဂေရီဝန်ကြီးချုပ် မော်စကိုသွားမှု EU နဲ့သက်ဆိုင်မှု မရှိ


ရုရှားနိုင်ငံ မော်စကိုမြို့ ခရင်မလင်နန်းတော်မှာ ရုရှားသမ္မတပူတင် (ယာ)နဲ့ သွားရောက်တွေ့ဆုံနေတဲ့ ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban (ဇူလိုင် ၅၊ ၂၀၂၄)
ရုရှားနိုင်ငံ မော်စကိုမြို့ ခရင်မလင်နန်းတော်မှာ ရုရှားသမ္မတပူတင် (ယာ)နဲ့ သွားရောက်တွေ့ဆုံနေတဲ့ ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban (ဇူလိုင် ၅၊ ၂၀၂၄)

EU ဥရောပသမဂ္ဂအဖွဲ့ဝင် ဟန်ဂေရီဝန်ကြီးချုပ်ရဲ့ ရုရှားခရီးစဉ်ဟာ EU ရဲ့ ထောက်ခံချက် မပါဘဲသွားတဲ့ ခရီးစဉ်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဟန်ဂေရီဝန်ကြီးချုပ် Viktor Orbán ရဲ့ ခရီးစဉ်အတွင်း ပြောကြားသမျှဟာ အီးယူကို ကိုယ်စားမပြုဘူးလို့ ဥရောပကော်မရှင်ပြောခွင့်ရက သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲအတွက် အီးယူရဲ့ ကြိုပမ်းမှုကို ထိခိုက်စေတဲ့ ခရီးစဉ်ဖြစ်တယ်လို့ ပြောခွင့်ရ Eric Mamer က‌ပြောပါတယ်။

ဒီနေ့သောကြာနေ့ အစောပိုင်းက ဟန်ဂေရီဝန်ကြီးချုပ် Viktor Orbán ဟာ ရုရှား သမ္မတ Vladimir Putin နဲ့ မော်စကိုမြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ဟန်ဂေရီ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ အကြီးအကဲကတော့ အခု Orban ရဲ့ ရုရှား ခရီးစဉ်ဟာ ငြိမ်းချမ်းရေး ကြိုးပမ်းဖို့ဖြစ်တယ်လို့ ဟန်ဂေရီသတင်းဌာန MTI ကို ပြောခဲ့ပါတယ်။

ဟန်ဂေရီက အမျိုးသားရေးဝါဒီ ဝန်ကြီးချုပ် Orban ဟာ EU နိုင်ငံခေါင်းဆောင်တွေထဲမှာ ရုရှားသမ္မတနဲ့ အနီးစပ်ဆုံးဖြစ်ပြီး၊ ရုရှား ကျုးကျော်စစ်အပေါ် EU ဖက်က ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ယူကရိန်းကို အကူအညီပေးရေးတွေမှာ နှောင့်နှေးအောင် ကန့်ကွက်လေ့ရှိသူလို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆထားခံရပါတယ်။

ဟန်ဂေရီဝန်ကြီးချုပ် မော်စကိုသွားမှု EU နဲ့သက်ဆိုင်မှု မရှိ
please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG