သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကုလလူ့အခွင့်အရေးအစီရင်ခံစာ EU ကြိုဆို

စစ်ဘေးရှောင် ၃,၀၀၀ ဝန်းကျင်ရှိနေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းက ကလေးများ။ ( credit - စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ/ယခင်မှတ်တမ်းဓာတ်ပုံ)
စစ်ဘေးရှောင် ၃,၀၀၀ ဝန်းကျင်ရှိနေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းက ကလေးများ။ ( credit - စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ/ယခင်မှတ်တမ်းဓာတ်ပုံ)

မြန်မာနိုင်ငံမှာ စစ်တပ်ကကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတော်မတရားပြုမှုတွေနဲ့ အခြားနိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေအပေါ် ဥရောပသမဂ္ဂက ရှုတ်ချလိုက်ပြီး တာဝန်ရှိသူတွေကိုအရေးယူဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ မြန်မာ့အရေးမှာ အလွန်အရေးပါတယ်လို့ ဥရောပသမဂ္ဂအီးယူက ပြောပါတယ်။

အတင်းအဓမ္မ စစ်သားစုဆောင်း၊ ထင်သလိုဖမ်းဆီး၊ ညှဥ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေ နိုင်ငံတဝှမ်းမှာဖြစ်နေတယ်လို့လည်း ကုလ လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ အစီရင်ခံစာကို ပဲ့တင်ထပ်၊ ကြိုဆိုကြောင်း အီးယူက တနင်္လာနေ့က ကျေညာချက်ထုတ်ခဲ့တာပါ။ ဖမ်းဆီးခံရစဥ် လူ ၁,၈၅၃ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ကလေး ၈၈ ယောက်နဲ့ အမျိုးသမီး ၁၂၅ယောက်ပါဝင်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားတာထက် တကယ်ဖြစ်တာတွေက ပိုကောင်းပိုနိုင်ပါတယ်လို့ အီးယူကြေညာချက်က ဆိုပါတယ်။

ပဋိပက္ခရဲ့ဒဏ်ကို ရိုဟင်ဂျာနဲ့ လူနည်းစုတွေ ဆက်လက် ခံနေကြရတယ်လို့လည်း အီးယူကပြောပါတယ်။ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သားအနည်းဆုံး ၅,၃၅၀ သေဆုံးခဲ့ပြီး လူ ၃.၃ သန်း စစ်ရှောင်နေကြရပါတယ်။ မြန်မာနိုင်ငံမှာ လူဦးရေ တဝက်ကျော်က ဆင်းရဲမှု သတ်မှတ်ချက်အောက်မှာ နေထိုင်နေကြရတယ်လို့ကုလ အစီရင်ခံစာက ဆိုပါတယ်။

မြန်မာ့အရေး ကုလလူ့အခွင့်အရေးအစီရင်ခံစာ EU ကြိုဆို
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG