သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်တဦး ရဟတ်ယာဉ်ပျက်ကျ သေဆုံးမှု စစ်ကောင်စီ အတည်ပြု


လေတပ်အခမ်းအနားတခုမှာတွေ့ရတဲ့ Eurocopter 365 အမျိုးအစားရဟတ်ယာဉ်နဲ့ စစ်ကောင်စီခေါင်းဆောင်တို့အတူတွေ့ရစဉ် (ယခင်ပုံဟောင်း)
လေတပ်အခမ်းအနားတခုမှာတွေ့ရတဲ့ Eurocopter 365 အမျိုးအစားရဟတ်ယာဉ်နဲ့ စစ်ကောင်စီခေါင်းဆောင်တို့အတူတွေ့ရစဉ် (ယခင်ပုံဟောင်း)

ဒီကနေ့ မွန်းလွဲပိုင်းလောက်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်းမှာ စစ်ကောင်စီ ရဟတ်ယာဉ်တစီးပျက်ကျခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အတည်ပြုပါတယ်။ ဒီ ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ပေါ်မှာ လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အဓိက တာဝန်ယူရတဲ့ တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးတင်လတ်နဲ့ တွဲဖက် လေယာဉ်မှူး ၁ဦးသေဆုံးခဲ့တယ်လို့ အတည်ပြုပါတယ်။

ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ပေါ်မှာ ဗိုလ်ချုပ် စိုးတင်လတ်နဲ့ တွဲဖက်လေယာဉ်မှူး ဗိုလ်မှုးကြီးမြသောင်းအပြင် တခြား အမျိုးသမီး လေယာဉ်မှုးနဲ့ ကြီးကြပ်သူတဦး၊ စုစုပေါင်း ၄ ဦး လိုက်ပါသွားတယ်လို့ ဆိုပါတယ်။ စုစုပေါင်းလေးဦးမှာ ဗိုလ်ချုပ်စိုးတင်လတ်နဲ့တွဲဖက် လေယာဉ်မှူး ဗိုလ်မှုးကြီး မြသောင်းသာ သေဆုံးခဲ့ပြီး အမျိုးသမီး လေယာဉ်မှူးနဲ့ စက်မှုအကြပ်ကြီးတို့ ၂ ဦးကတော့ ပြင်းထန်စွာဒဏ်ရာရ ခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းတွေကို ဖော်ပြပေးနေတဲ့ သတင်းဌာနတွေရဲ့ တယ်လီဂရမ် ချယ်နယ်တွေမှာ ဖော်ပြကြပါတယ်။

ပျက်ကျခဲ့တဲ့ ရဟတ်လေယာဉ်ဟာ Eurocopter 365 အမျိုးအစား စစ်ဘက်စုံသုံး ရဟတ်ယာဉ်ဖြစ်တယ်လို့ ပြည်တွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။ မှော်ဘီလေတပ်လေ့ကျင့်ရေးကွင်းကနေ ပျံတက်ချိန်မှာ ရာသီဥတုဆိုးရွားတာကြောင့်ပျက်ကျ တာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေကို အတည်ပြုပြောဆိုပေမယ့် ဘယ်ကိုသွားဖို့ပြင်ဆင်ချိန်မှာ ပျက်ကျခဲ့တာလဲဆိုတာနဲ့ တခြား အသေးစိတ် အချက်အလက်တွေကိုတော့ စစ်ကောင်စီ ပြောခွင့်ရ ပြန်လည် ဖြေဆိုခဲ့ခြင်း ရှိပါဘူး။

သေဆုံးသူ ဗိုလ်ချုပ်စိုးတင်လတ်ဟာ မကွေး လေတပ်စခန်းဌာနချုပ်မှူးအဖြစ်ကနေ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ တောင်ပိုင်းတိုင်း၊ လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးအဖြစ် မကြာသေးခင်ကမှ ရာထူးတိုးခံထားရသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေဘက်မှာ အဲဒီ Eurocopter အမျိုးအစား ရဟတ်ယာဉ်တစီး ပျက်ကျခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ ကော်ဘရာစစ်ကြောင်းက ပစ်ချတာ ခံခဲ့ရတာပါ။ ကရင်ပြည်နယ်မှာ ပစ်ချခံလိုက်ရစဉ်တုန်းကတော့ တပ်မ ၄၄ တပ်မမှုး ဗိုလ်မှုးချုပ် အေးမင်းနောင်နဲ့ စစ်တပ်အရာရှိတချို့ သေဆုံးခဲ့ရပါတယ်။

ဗိုလ်ချုပ်တဦး ရဟတ်ယာဉ်ပျက်ကျ သေဆုံးမှု စစ်ကောင်စီ အတည်ပြု
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG