သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပအစွန်းရောက်အဖွဲ့တွေမှာ လူငယ်နဲ့အမျိုးသမီးပိုများလာ


ဥရောပရဲ့ ရွှေ့ပြောင်း အခြေချနေထိုင်မှု ကော်မရှင်နာမင်းကြီး Dimitris Avramopoulos။
ဥရောပရဲ့ ရွှေ့ပြောင်း အခြေချနေထိုင်မှု ကော်မရှင်နာမင်းကြီး Dimitris Avramopoulos။

ဥရောပမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဖို့ ကြိုးပမ်းနေတဲ့ အစ္စလာမ် အစွန်းရောက်တွေထဲမှာ လူငယ်တွေ နဲ့ အမျိုးသမီးတွေ အရင်ထက်ကို ပိုများလာနေတယ် လို့ ဥပဒေစိုးမိုးရေးအတွက်လုပ်ဆောင်နေတဲ့ ဥရောပရဲ ထိပ်တန်းအဖွဲ့အစည်းတရပ်က ကြာသပတေးနေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာသစ်မှာ ပြောကြားလိုက်ပါတယ်။

ဥရောပမှာ မနှစ်က အစ္စလာမ်အစွန်းရောက် အကြမ်းဖက်သမားလို့ဆိုသူ ၇၁၈ ယောက်ကို ရဲကဖမ်းဆီးခဲ့ပြီး၊ ဒါဟာ ၂၀၁၄ ခုနှစ်က ဖမ်းဆီးခဲ့တဲ့ အစ္စလာမ်အစွန်းရောက် ၃၉၅ ယောက်ထက် ၂ ဆနီးပါလောက်ရှိတာဖြစ်ပါတယ်။ အဲဒီဖမ်းဆီးလိုက်တဲ့သူတွေထဲက ၃ ပုံ ၁ ပုံဟာ အသက် ၂၅ နှစ်အောက်ဖြစ်ပြီး၊ ၄ ပုံ ၁ ပုံဟာ အမျိုးသမီးဖြစ်တယ်လို့ အဲဒီအစီရင်ခံစာက ဆိုပါတယ်။

ဆီးရီးယား နဲ့ အီရတ်နိုင်ငံက စစ်မြေကနေ ပြန်လာတဲ့ အစ္စလာမ် အစွန်းရောက်တွေ ဟာလည်း ဥရောပသမဂ္ဂကို နောက်ထပ် ခြိမ်းခြောက်မှုတွေ အများဆုံးပေးနေသူတွေဖြစ်ပြီး၊ အဲဒီလူတွေဟာ အဝေးထိန်းဒုံးယာဉ်ကိုသုံးပြီး ဖောက်ခွဲတိုက်ခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။

ဥရောပမှာ အစ္စလာမ်အစွန်းရောက်တွေရဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုတွေကို တိုးလာတာကို တိုက်ဖျက်ဖို့အတွက် ၊ နယ်စပ်ဖြတ်ကျော်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မျှဝေဖို့က လာမယ့်နှစ်တွေအတွင်း ပိုပြီးတော့ အရေးပါလာနေတယ်လို့ ဥရောပခေါင်းဆောင်တွေက ပြောပါတယ်။

အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးက လာမယ့်နှစ်တွေအတွင်း ကျနော်တို့ရဲ့ ဘုံနိုင်ငံရေး ဦးစားပေးမှုတွေထဲမှာ ထိပ်ဆုံးက ဆက်ရှိနေပါတယ်။ ဒါက ဥရောမှာတင်မဟုတ်ဘဲ တကမ္ဘာလုံးမှာပါဖြစ်တယ်လို့ ဥရောပရဲ့ ရွှေ့ပြောင်း အခြေချနေထိုင်မှု ကော်မရှင်နာမင်းကြီး Dimitris Avramopoulos က ပြောပါတယ်။

ဥရောပအစွန်းရောက်အဖွဲ့တွေမှာ လူငယ်နဲ့အမျိုးသမီးပိုများလာ
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG