သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဥေရာပပါလီမန္ကို လာဘ္ထိုးမႈနဲ႔ လူ ၄ ဦးကို စဲြခ်က္တင္


EU Parliament

ဥေရာပပါလီမန္က ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ရာမွာ ၾသဇာလႊမ္းမိုးႏုိင္ေရး ပင္လယ္ေကြ႔ႏုိင္ငံတခုက ေပးအပ္တဲ့ ေငြေၾကးနဲ႔ လက္ေဆာင္ပ႑ာေတြရယူမႈစြဲခ်က္နဲ႔ လူပုဂၢိဳလ္ ၄ ဦးကို ဘယ္လ္ဂ်ီယံတရားသူႀကီးတဦးက တနဂၤေႏြေန႔မွာ စြဲခ်က္တင္လိုက္ပါတယ္။

ဥေရာပပါလီမန္ကို လာဘ္ထိုးမႈနဲ႔ လူ ၄ ဦးကို စဲြခ်က္တင္

{{Zawgyi/Unicode}}
ဥေရာပပါလီမန္က ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ရာမွာ ၾသဇာလႊမ္းမိုးႏုိင္ေရး ပင္လယ္ေကြ႔ႏုိင္ငံတခုက ေပးအပ္တဲ့ ေငြေၾကးနဲ႔ လက္ေဆာင္ပ႑ာေတြရယူမႈစြဲခ်က္နဲ႔ လူပုဂၢိဳလ္ ၄ ဦးကို ဘယ္လ္ဂ်ီယံတရားသူႀကီးတဦးက တနဂၤေႏြေန႔မွာ စြဲခ်က္တင္လိုက္ပါတယ္။ ေငြမည္းခ၀ါခ်မႈ နဲ႔ အက်င့္ပ်က္ျခစားမႈဆုိင္ရာ စုံစမ္းစစ္ေဆးမႈတစိတ္တပိုင္းအျဖစ္ Brussels ၿမိဳ ႔က လူေနအိမ္ ၁၆ လုံးကို တာ၀န္ရွိသူေတြ ေသာၾကာေန႔က ၀င္ေရာက္ရွာေဖြတာမွာ ေဒၚလာ ၆ သိန္း၃ေသာင္း ၁ ေထာင္ေက်ာ္ သိမ္းဆည္းမိခဲ့ပါတယ္။

ကနဦး လူ၆ ဦးကို ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီး ၄ ဦးကို စြဲခ်က္တင္ခဲ့သလို က်န္ ၂ ဦးကိုေတာ့ လႊတ္ေပးခဲ့တယ္လို႔ အစိုးရေရွ ႔ေနေတြရဲ ႔ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒီျဖစ္ရပ္မွာပါ၀င္ပတ္သက္ေနသူေတြရဲ ႔နာမည္ကိုေတာ့ ေဖာ္ျပမထားပါဘူး။

ဥေရာပါပါလီမန္ဆုံးျဖတ္ခ်က္ေတြကို လႊမ္းမိုးႏုိင္ဖို႔ ပင္လယ္ေကြ႔ႏုိင္ငံတခုက ၾကိဳးပမ္းေနတာကို သံသယ၀င္ေနတာ လခ်ီရွိၿပီလို႔လည္း ေရွ ႔ေနေတြကေျပာပါတယ္။

နီးစပ္သူ တေယာက္ကေတာ့ ပင္လယ္ေကြ႕ေဒသ တိုင္းျပည္ဆိုတာဟာ ကမၻာ့ဖလားေဘာလုံးပြဲေတြကို အိမ္ရွင္အျဖစ္ က်င္းပေနတဲ့ ကာတာႏုိင္ငံျဖစ္တယ္လို႔ေျပာပါတယ္။ ကာတာတာ၀န္ရွိသူေတြကေတာ့ အဲဒီစြပ္စြဲခ်က္ေတြဟာ အေျခအျမစ္မရွိပဲ သတင္းမွားေတြျဖစ္တယ္ဆိုၿပီး ျငင္းဆိုထားပါတယ္။ ကာတာအစိုးရကေတာ့ သူ႔ရဲ ႔လုပ္ငန္းေဆာင္ရြက္ခ်က္ေတြမွာ အဖြဲ႔အစည္းအခ်င္းခ်င္း တုိက္ရိုက္ခ်ိတ္ဆက္ေဆာင္ရြက္တာျဖစ္ၿပီး ႏုိင္ငံတကာဥပေဒအရ အျပည့္အ၀ လုိက္နာေဆာင္ရြက္မူရွိေၾကာင္းေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

ဥရောပပါလီမန်ကို လာဘ်ထိုးမှုနဲ့ လူ ၄ ဦးကို စွဲချက်တင်

{{Zawgyi/Unicode}}
ဥရောပပါလီမန်က ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ သြဇာလွှမ်းမိုးနိုင်ရေး ပင်လယ်ကွေ့နိုင်ငံတခုက ပေးအပ်တဲ့ ငွေကြေးနဲ့ လက်ဆောင်ပဏ္ဍာတွေရယူမှုစွဲချက်နဲ့ လူပုဂ္ဂိုလ် ၄ ဦးကို ဘယ်လ်ဂျီယံတရားသူကြီးတဦးက တနင်္ဂနွေနေ့မှာ စွဲချက်တင်လိုက်ပါတယ်။ ငွေမည်းခဝါချမှု နဲ့ အကျင့်ပျက်ခြစားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစိတ်တပိုင်းအဖြစ် Brussels မြို့က လူနေအိမ် ၁၆ လုံးကို တာဝန်ရှိသူတွေ သောကြာနေ့က ဝင်ရောက်ရှာဖွေတာမှာ ဒေါ်လာ ၆ သိန်း၃သောင်း ၁ ထောင်ကျော် သိမ်းဆည်းမိခဲ့ပါတယ်။

ကနဦး လူ၆ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၄ ဦးကို စွဲချက်တင်ခဲ့သလို ကျန် ၂ ဦးကိုတော့ လွှတ်ပေးခဲ့တယ်လို့ အစိုးရရှေ့နေတွေရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီဖြစ်ရပ်မှာပါဝင်ပတ်သက်နေသူတွေရဲ့နာမည်ကိုတော့ ဖော်ပြမထားပါဘူး။

ဥရောပါပါလီမန်ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးနိုင်ဖို့ ပင်လယ်ကွေ့နိုင်ငံတခုက ကြိုးပမ်းနေတာကို သံသယဝင်နေတာ လချီရှိပြီလို့လည်း ရှေ့နေတွေကပြောပါတယ်။

နီးစပ်သူ တယောက်ကတော့ ပင်လယ်ကွေ့ဒေသ တိုင်းပြည်ဆိုတာဟာ ကမ္ဘာ့ဖလားဘောလုံးပွဲတွေကို အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ကာတာနိုင်ငံဖြစ်တယ်လို့ပြောပါတယ်။ ကာတာတာဝန်ရှိသူတွေကတော့ အဲဒီစွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိပဲ သတင်းမှားတွေဖြစ်တယ်ဆိုပြီး ငြင်းဆိုထားပါတယ်။ ကာတာအစိုးရကတော့ သူ့ရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေမှာ အဖွဲ့အစည်းအချင်းချင်း တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်တာဖြစ်ပြီး နိုင်ငံတကာဥပဒေအရ အပြည့်အ၀ လိုက်နာဆောင်ရွက်မူရှိကြောင်းပြောဆိုထားပါတယ်။

XS
SM
MD
LG