သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးကိုထောက်ခံမှု အမေရိကန်ကို အီရန်သတိပေး


အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian
အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian

အစ္စရေးနယ်မြေထဲက ဖမ်းဆီးသွားတဲ့ အရပ်သားအကျဥ်းသားတွေကို ဟားမတ်စ်အဖွဲ့က ပြန်လွှတ်ပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir Abdollahian က ပြောကြားလိုက်ပြီး အပြန်အလှန်အားဖြင့် အစ္စရေးမှာဖမ်းထားတဲ့ ပါလက်စတိုင်းလူမျိုး (၆,၀၀၀) ကိုလည်း ပြန်လွှတ်ပေးရလိမ့်မယ်လို့ သူက နိုင်ငံတကာအသိုင်းအဝိုင်းကို ပြောကြားလိုက်ပါတယ်။

ကြာသပတေးနေ့ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အရေးပေါ်အစည်းအဝေးမှာ ဝန်ကြီး Abdollahian က အခုလို ပြောကြားလိုက်တာပါ။ ဂါဇာပဋိပက္ခအတွင်း အလွန်အရေးကြီးနေတဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး အားထုတ်မှုမှာ ကာတာ၊ တူရကီနိုင်ငံတွေနဲ့အတူ အီရန်ကလည်းပါဝင်လုပ်ဆောင်ဖို့ အဆင်သင့်ရှိနေကြောင်းလည်း ပြောသွားပါတယ်။

ပါလက်စတိုင်းဒေသ စစ်ပွဲက ဒေသအတွင်း ပျံ့နှံ့သွားတာမျိုး မလိုလားဘူးဆိုတာ − အမေရိကန်နိုင်ငံရေးသမားတွေကို နယူးယောက်မှာ တွေ့ဆုံစဥ် သူ့အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ကြောင်းနဲ့ ဂါဇာဒေသမှာ လူမျိုးသုဥ်းသတ်ဖြတ်မှုတွေ ဆက်ဖြစ်နေရင် ဘယ်သူမှ အသက်ဆက်ရှင်နိုင်မှာ မဟုတ်ဘူးဆိုတာ သူ့အနေနဲ့ သတိပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး Hossein Amir Abdollahian က ပြောပါတယ်။

နိုင်ငံခြားသားတွေအပါအဝင် အစ္စရေးနိုင်ငံသား(၂၂၂) ဦးကို ဟားမတ်စ်တို့က ဓါးစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ယုံကြည်ရပြီး ခုချိန်ထိ အဲဒီထဲက (၄) ဦးသာ ပြန်လွတ်လာသေးတာပါ။ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပစ်ခတ်မှုတွေကြောင့် ဂါဇာဘက်မှာ လူ (၇,၀၀၀) ကျော် သေဆုံးခဲ့ရပြီလို့ ဟားမတ်စ်ထိန်းချုပ်ထားတဲ့ ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီအရေအတွက်က ၂၀၁၄ ခုနှစ်ထဲ (၆) ရက်ကြာ ဂါဇာစစ်ပွဲအတွင်း သေဆုံးခဲ့တဲ့ အရေအတွက်ထက် (၃) ဆများတယ်လို့ ဆိုပါတယ်။

အစ္စရေးကိုထောက်ခံမှု အမေရိကန်ကို အီရန်သတိပေး
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG