သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ပေရာက္ တိုင္းရင္းသားတခ်ဳိ႕ရဲ႕ ႏွစ္သစ္ ဆုေတာင္းဆႏၵ


ကခ်င္းစစ္ေဘး ၈ ႏွစ္ျပည့္ ဆႏၵျပပြဲျမင္ကြင္း။

(Zawgyi / Unicode)

ဖြဲ႔စည္းပုံျပင္ဆင္ေရးဆြဲေရး အပါအဝင္ တရားဥပေဒစုိးမုိးေရး၊ စစ္ေရးပဋိပကၡနဲ႔ ရခိုင္ေျမာက္ပိုင္း ျပႆာနာကေန ICJ ႏိုင္ငံတကာတရား႐ုံးမွာ အမႈရင္ဆိုင္ရတဲ့ ျဖစ္ရပ္ေတြအထိ စီးပြားေရး တုံ႔ေႏွးမႈေတြပါမက်န္ ျပႆနာေပါင္း ေသာင္းေျခာက္ေထာင္ ႀကဳံခဲ့ရတဲ့ ၂၀၁၉ ခု ျမန္မာႏိုင္ငံရဲ႕ ျဖစ္ရပ္ေတြကို သက္ဆိုင္သူေတြအားလုံး ျပန္လည္သုံးသပ္ၿပီး ၿငိမ္းခ်မ္းသာယာမႈေတြ ေဖာ္ေဆာင္ႏိုင္မယ့္ ၂၀၂၀ ႏွစ္သစ္ကို ျမင္ေတြ႔လုိေၾကာင္း ျပည္ပေရာက္ တိုင္းရင္းသားအေရး လႈပ္ရွားသူတခ်ဳိ႕က ဆႏၵျပဳလိုက္ၾကပါတယ္။ အျပည့္အစုံကုိ ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။

စစ္ေရးပဋိပကၡ ႀကဳံေနရတဲ့ ရခုိင္ျပည္နယ္မွာ အင္အားႀကီးတဲ့ ျမန္္မာအစိုးရဘက္က သေဘာထားႀကီးစြာနဲ႔ ကိုင္တြယ္ေျဖရွင္းမွသာ ၂၀၂၀ ႏွစ္သစ္ထဲ ေျပလည္မႈေတြ ျမင္လာရလိမ့္မယ္လို႔ ဆႏၵျပဳသူက ရခုိင္အေမရိကန္ လူမႈအဖြဲ႔အစည္း ဒုဥကၠ႒ ကိုသိန္းထြန္းဇံ ျဖစ္ပါတယ္။

“ရခုိင္လူမ်ဳိးတေယာက္ အေနနဲ႔ ဆုေတာင္းေပးရမယ္ဆုိရင္ သကၠရာဇ္ ၂၀၂၀ ကေန စၿပီးေတာ့ ျဖစ္ေစခ်င္တာ အဓိကေတာ့ ျမန္မာ ဗဟုိအစိုးရကေနၿပီးေတာ့ တုိင္းရင္းသားေဒသေတြကို ေဆာင္ရြက္တဲ့အခါ သူတို႔ေတြက လက္နက္ကုိင္ၿပီး ပုန္ကန္တာပဲျဖစ္ျဖစ္ ဒီကိစၥကို ႀကီးႏုိင္ငယ္ညႇဥ္း ပုံစံမ်ဳိးနဲ႔ ကုိင္တြယ္တာမ်ဳိး မဟုတ္ဘဲနဲ႔ ညီအစ္ကုိခ်င္းျဖစ္တဲ့ ျပႆနာလုိမ်ဳိး Open Mind ထားၿပီးေတာ့ ေဆြးေႏြးေျဖရွင္းႏုိင္ဖို႔ အေရးႀကီးတယ္လို႔ ျမင္ပါတယ္။

“တုိင္းရင္းသား လက္နက္ကုိင္ေတြကုိ အျပတ္တုိက္မယ္တုိ႔ ေထာက္ပံ့ေနတဲ့ လူမ်ဳိးစုထဲက သံသယရွိတဲ့သူေတြေရာ ၾကမ္းၾကမ္းတမ္းတမ္း ကုိင္တြယ္ၿပီးေတာ့ မဆုိင္တဲ့ မိသားစုဝင္ေတြေရာ ဒုကၡေပးတာမ်ဳိး ေရွာင္ရွားၿပီးေတာ့ တကယ္ စိတ္ရင္း ေစတနာမွန္နဲ႔ စတင္ၿပီး ေဆာင္ရြက္လာေစခ်င္တယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ပါတယ္။”

ကခ်င္ေဒသမွာ စစ္ေဘးဒုကၡသည္ေတြ ခုခ်ိန္ထိ အိမ္မျပန္ႏိုင္ေသးဘဲ ျဖစ္ေနတာပါ။ ၂၀၂၀ မွာ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးကို ျမင္ေတြ႔ခ်င္တယ္လို႔ ႏွစ္သစ္ ဆုေတာင္းလာသူက အေမရိကန္အေျခစိုက္ ကခ်င္မဟာမိတ္အဖြဲ႔ အေထြေထြအတြင္းေရးမွဴး အမ္တုေအာင္ ျဖစ္ပါတယ္။

“က်ေနာ္တုိ႔ ကခ်င္တုိင္းရင္းသားေတြ အေနနဲ႔ဆုိရင္ တုိက္ပြဲေတြျဖစ္လာတာ ႏွစ္ေတာ္ေတာ္ၾကာခဲ့ပါၿပီ။ စစ္ေျပးဒုကၡသည္ေတြကလည္း ကိုယ့္ေနရပ္ကုိ ျပန္ခ်င္ေနၿပီ။ ၈ ႏွစ္ ၉ ႏွစ္ထဲမွာ ေရာက္လာၿပီ။ ဒါေပမယ့္ က်ေနာ္တုိ႔ ကခ်င္ျပည္နယ္မွာ တုိက္ပြဲေတြ မရပ္ႏုိင္ေသးတဲ့အတြက္ ကခ်င္တုိင္းရင္းသားေတြ ကခ်င္ျပည္မွာ၊ ေနာက္ ရွမ္းျပည္ေျမာက္ပုိင္းမွာ အခုလို ေအးခ်မ္းတဲ့အခါ၊ ခုိက္ခုိက္တုန္ ခ်မ္းတဲ့အခါမွာ အခက္အခဲေတြ အမ်ားႀကီးရွိတယ္။

“ဒီႏွစ္အတြင္းမွာပဲ ကခ်င္ျပည္မွာရွိတဲ့ တုိင္းရင္းသား လူငယ္ေခါင္းေဆာင္ေတြ၊ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီး ဆႏၵျပပြဲေတြ လြတ္လပ္စြာ ေဖာ္ထုတ္တဲ့အခါမွာ ေထာင္ခ်ခံရတဲ့အျဖစ္မ်ဳိး ျဖစ္ေနတယ္။ ဒါေၾကာင့္မုိ႔ လာမယ့္ ၂၀၂၀ ခုႏွစ္ ေရာက္ရင္ေတာ့ ကခ်င္ေဒသေတြမွာ အထူးသျဖင့္ေတာ့ ၿငိမ္းခ်မ္းေရးကို က်ေနာ္တို႔ အင္မတန္ ေတာင့္တတယ္။ ၿငိမ္းခ်မ္းစြာနဲ႔ ၂၀၂၀ ခုႏွစ္မွာ ေနထုိင္သြားခ်င္ပါတယ္လို႔ က်ေနာ္ ဆႏၵျပဳပါတယ္။”

၂၀၂၀ ႏွစ္သစ္ဟာ တိုင္းရင္းသားေတြအားလုံး ေတာင့္တလာခဲ့တဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ ျပ႒ာန္းခြင့္ေတြအတြက္ အခြင့္အလမ္းေတြ ေပၚလာေစမယ့္ ႏွစ္အျဖစ္ ျမင္ေတြ႔လိုတယ္လို႔ ၾသစေၾတးလ်ႏိုင္ငံမွာေနတဲ့ ကရင္လူမႈေခါင္းေဆာင္တဦးျဖစ္သူ မန္းေအာ္လန္းဒိုက ေျပာပါတယ္။

“၂၀၁၉ က ျဖစ္ပ်က္လာခဲ့တဲ့ အျဖစ္အပ်က္ေတြ အားလုံးကို ျပန္ၾကည့္ၿပီးေတာ့ တုိင္းျပည္ရဲ႕ အနာဂတ္အတြက္ အထူးသျဖင့္ က်ေနာ္တုိ႔ ကရင္ေခါင္းေဆာင္ေတြေရာ တုိင္းရင္းသားေခါင္းေဆာင္ေတြေရာ အားလုံးေမွ်ာ္မွန္းၾကတဲ့ တုိင္းျပည္ရဲ႕ တန္းတူေရး၊ ကိုယ္ပုိင္ျပ႒ာန္းခြင့္နဲ႔ စစ္မွန္တဲ့ ဒီမုိကေရစီ ဖက္ဒရယ္ျပည္ေထာင္စုကို တည္ေထာင္ႏုိင္တဲ့ အစပ်ဳိးတဲ့ႏွစ္တႏွစ္ ျဖစ္ဖို႔ ေမွ်ာ္မွန္းပါတယ္။ ဒါေၾကာင့္ ေရွ႕လာမယ့္ ၂၀၂၀ မွာ တုိင္းသူျပည္သား အားလုံး တုိင္းရင္းသားေတြ အပါအဝင္ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးကို တကယ္တည္ေဆာင္ႏုိင္ၾကပါေစ၊ က်ေနာ္ အဲဒါ အထူးဆုေတာင္းပါတယ္။”

၂၀၁၉ ႏွစ္ထဲ ျမန္မာႏိုင္ငံနဲ႔ ျပည္သူေတြ ရင္ဆိုင္ရခဲ့တဲ့ ျပႆနာေတြကို ျပန္လည္သုံးသပ္ၿပီး လာမယ့္ႏွစ္ထဲ အေကာင္းေတြကို ေမွ်ာ္လင့္မိတယ္လို႔ အေမရိကန္ အင္ဒီယားနားျပည္နယ္က ခ်င္းတုိင္းရင္းသား ဒုက​ၡသည္အေရး ေဆာင္ရြက္သူ ေဒါက္တာ ႐ိုဒင္းငါက ေျပာပါတယ္။

“က်ေနာ္ ၂၀၂၀ မွာ အမ်ားႀကီး ေမွ်ာ္လင့္ပါတယ္။ NLD က ေျပာသလိုပဲ ဒီသက္တမ္းအတြင္းမွာ အေျခခံဥပေဒ ျပင္ဆင္မႈေတြ ျပဳလုပ္ႏုိင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ၿပီးရင္ ဇန္နဝါရီလထဲမွ ျဖစ္လာမယ့္ ICJ ရဲ႕ ဆုံးျဖတ္ခ်က္ကလည္း Genocide အထိ ျဖစ္တယ္ဆုိတဲ့ ဆုံးျဖတ္ခ်က္ေတာ့ မခ်ဘူးလို႔ က်ေနာ္ ေမွ်ာ္လင့္ပါတယ္။ ေနာက္ ႏုိင္ငံရဲ႕ စီးပြားေရးကလည္း တျဖည္းျဖည္း ၂၀၂၀ မွာေတာ့ ေတာ္ေတာ့္ကုိ အေျခအေန ေကာင္းလာမယ္လုိ႔ ေမွ်ာ္လင့္ပါတယ္။ ေနာက္ ၂၁ ရာစုပင္လုံ ၿငိမ္းခ်မ္းေရး ညီလာခံကိုလည္း ျမန္ျမန္ျပန္လည္ က်င္းပၿပီးေတာ့ ၿငိမ္းခ်မ္းေရး ဖက္ဒရယ္ေရးကိုလည္း ဆက္ၿပီးေဆြးေႏြးႏုိင္လိမ့္မယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ပါတယ္။ အမ်ားႀကီး ေမွ်ာ္လင့္ထားပါတယ္ ၂၀၂၀ အတြက္။”

လာမယ့္ရက္ပိုင္းထဲမွာပဲ ၂၀၁၉ ႏွစ္ေဟာင္းကုန္ဆုံးလို႔ ၂၀၂၀ ႏွစ္သစ္ကို ေရာက္လာေတာ့မွာပါ။ ဗြီအုိေအ ပရိသတ္နဲ႔ ျမန္မာႏိုင္ငံသူ ႏိုင္ငံသားေတြလည္း စိတ္လုံၿခဳံမႈရွိစြာနဲ႔ လြတ္လပ္ေပ်ာ္ရႊင္ဖြယ္ရာ ႏွစ္သစ္ ျဖစ္ႏိုင္ၾကပါေစလုိ႔ ဆုေတာင္းလုိက္ပါတယ္။

----------------------------------

(Unicode)

ပြည်ပရောက် တိုင်းရင်းသားတချို့ရဲ့ နှစ်သစ် ဆုတောင်းဆန္ဒ

ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး အပါအဝင် တရားဥပဒေစိုးမိုးရေး၊ စစ်ရေးပဋိပက္ခနဲ့ ရခိုင်မြောက်ပိုင်း ပြဿာနာကနေ ICJ နိုင်ငံတကာတရားရုံးမှာ အမှုရင်ဆိုင်ရတဲ့ ဖြစ်ရပ်တွေအထိ စီးပွားရေး တုံ့နှေးမှုတွေပါမကျန် ပြဿနာပေါင်း သောင်းခြောက်ထောင် ကြုံခဲ့ရတဲ့ ၂၀၁၉ ခု မြန်မာနိုင်ငံရဲ့ ဖြစ်ရပ်တွေကို သက်ဆိုင်သူတွေအားလုံး ပြန်လည်သုံးသပ်ပြီး ငြိမ်းချမ်းသာယာမှုတွေ ဖော်ဆောင်နိုင်မယ့် ၂၀၂၀ နှစ်သစ်ကို မြင်တွေ့လိုကြောင်း ပြည်ပရောက် တိုင်းရင်းသားအရေး လှုပ်ရှားသူတချို့က ဆန္ဒပြုလိုက်ကြပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

စစ်ရေးပဋိပက္ခ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ အင်အားကြီးတဲ့ မြန်မာအစိုးရဘက်က သဘောထားကြီးစွာနဲ့ ကိုင်တွယ်ဖြေရှင်းမှသာ ၂၀၂၀ နှစ်သစ်ထဲ ပြေလည်မှုတွေ မြင်လာရလိမ့်မယ်လို့ ဆန္ဒပြုသူက ရခိုင်အမေရိကန် လူမှုအဖွဲ့အစည်း ဒုဥက္ကဋ္ဌ ကိုသိန်းထွန်းဇံ ဖြစ်ပါတယ်။

“ရခိုင်လူမျိုးတယောက် အနေနဲ့ ဆုတောင်းပေးရမယ်ဆိုရင် သက္ကရာဇ် ၂၀၂၀ ကနေ စပြီးတော့ ဖြစ်စေချင်တာ အဓိကတော့ မြန်မာ ဗဟိုအစိုးရကနေပြီးတော့ တိုင်းရင်းသားဒေသတွေကို ဆောင်ရွက်တဲ့အခါ သူတို့တွေက လက်နက်ကိုင်ပြီး ပုန်ကန်တာပဲဖြစ်ဖြစ် ဒီကိစ္စကို ကြီးနိုင်ငယ်ညှဉ်း ပုံစံမျိုးနဲ့ ကိုင်တွယ်တာမျိုး မဟုတ်ဘဲနဲ့ ညီအစ်ကိုချင်းဖြစ်တဲ့ ပြဿနာလိုမျိုး Open Mind ထားပြီးတော့ ဆွေးနွေးဖြေရှင်းနိုင်ဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။

“တိုင်းရင်းသား လက်နက်ကိုင်တွေကို အပြတ်တိုက်မယ်တို့ ထောက်ပံ့နေတဲ့ လူမျိုးစုထဲက သံသယရှိတဲ့သူတွေရော ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ပြီးတော့ မဆိုင်တဲ့ မိသားစုဝင်တွေရော ဒုက္ခပေးတာမျိုး ရှောင်ရှားပြီးတော့ တကယ် စိတ်ရင်း စေတနာမှန်နဲ့ စတင်ပြီး ဆောင်ရွက်လာစေချင်တယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

ကချင်ဒေသမှာ စစ်ဘေးဒုက္ခသည်တွေ ခုချိန်ထိ အိမ်မပြန်နိုင်သေးဘဲ ဖြစ်နေတာပါ။ ၂၀၂၀ မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မြင်တွေ့ချင်တယ်လို့ နှစ်သစ် ဆုတောင်းလာသူက အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ အထွေထွေအတွင်းရေးမှူး အမ်တုအောင် ဖြစ်ပါတယ်။

“ကျနော်တို့ ကချင်တိုင်းရင်းသားတွေ အနေနဲ့ဆိုရင် တိုက်ပွဲတွေဖြစ်လာတာ နှစ်တော်တော်ကြာခဲ့ပါပြီ။ စစ်ပြေးဒုက္ခသည်တွေကလည်း ကိုယ့်နေရပ်ကို ပြန်ချင်နေပြီ။ ၈ နှစ် ၉ နှစ်ထဲမှာ ရောက်လာပြီ။ ဒါပေမယ့် ကျနော်တို့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ မရပ်နိုင်သေးတဲ့အတွက် ကချင်တိုင်းရင်းသားတွေ ကချင်ပြည်မှာ၊ နောက် ရှမ်းပြည်မြောက်ပိုင်းမှာ အခုလို အေးချမ်းတဲ့အခါ၊ ခိုက်ခိုက်တုန် ချမ်းတဲ့အခါမှာ အခက်အခဲတွေ အများကြီးရှိတယ်။

“ဒီနှစ်အတွင်းမှာပဲ ကချင်ပြည်မှာရှိတဲ့ တိုင်းရင်းသား လူငယ်ခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေ လွတ်လပ်စွာ ဖော်ထုတ်တဲ့အခါမှာ ထောင်ချခံရတဲ့အဖြစ်မျိုး ဖြစ်နေတယ်။ ဒါကြောင့်မို့ လာမယ့် ၂၀၂၀ ခုနှစ် ရောက်ရင်တော့ ကချင်ဒေသတွေမှာ အထူးသဖြင့်တော့ ငြိမ်းချမ်းရေးကို ကျနော်တို့ အင်မတန် တောင့်တတယ်။ ငြိမ်းချမ်းစွာနဲ့ ၂၀၂၀ ခုနှစ်မှာ နေထိုင်သွားချင်ပါတယ်လို့ ကျနော် ဆန္ဒပြုပါတယ်။”

၂၀၂၀ နှစ်သစ်ဟာ တိုင်းရင်းသားတွေအားလုံး တောင့်တလာခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ် ပြဋ္ဌာန်းခွင့်တွေအတွက် အခွင့်အလမ်းတွေ ပေါ်လာစေမယ့် နှစ်အဖြစ် မြင်တွေ့လိုတယ်လို့ သြစတြေးလျနိုင်ငံမှာနေတဲ့ ကရင်လူမှုခေါင်းဆောင်တဦးဖြစ်သူ မန်းအော်လန်းဒိုက ပြောပါတယ်။

“၂၀၁၉ က ဖြစ်ပျက်လာခဲ့တဲ့ အဖြစ်အပျက်တွေ အားလုံးကို ပြန်ကြည့်ပြီးတော့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အထူးသဖြင့် ကျနော်တို့ ကရင်ခေါင်းဆောင်တွေရော တိုင်းရင်းသားခေါင်းဆောင်တွေရော အားလုံးမျှော်မှန်းကြတဲ့ တိုင်းပြည်ရဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်တဲ့ အစပျိုးတဲ့နှစ်တနှစ် ဖြစ်ဖို့ မျှော်မှန်းပါတယ်။ ဒါကြောင့် ရှေ့လာမယ့် ၂၀၂၀ မှာ တိုင်းသူပြည်သား အားလုံး တိုင်းရင်းသားတွေ အပါအဝင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တကယ်တည်ဆောင်နိုင်ကြပါစေ၊ ကျနော် အဲဒါ အထူးဆုတောင်းပါတယ်။”

၂၀၁၉ နှစ်ထဲ မြန်မာနိုင်ငံနဲ့ ပြည်သူတွေ ရင်ဆိုင်ရခဲ့တဲ့ ပြဿနာတွေကို ပြန်လည်သုံးသပ်ပြီး လာမယ့်နှစ်ထဲ အကောင်းတွေကို မျှော်လင့်မိတယ်လို့ အမေရိကန် အင်ဒီယားနားပြည်နယ်က ချင်းတိုင်းရင်းသား ဒုက္ခသည်အရေး ဆောင်ရွက်သူ ဒေါက်တာ ရိုဒင်းငါက ပြောပါတယ်။

“ကျနော် ၂၀၂၀ မှာ အများကြီး မျှော်လင့်ပါတယ်။ NLD က ပြောသလိုပဲ ဒီသက်တမ်းအတွင်းမှာ အခြေခံဥပဒေ ပြင်ဆင်မှုတွေ ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးရင် ဇန်နဝါရီလထဲမှ ဖြစ်လာမယ့် ICJ ရဲ့ ဆုံးဖြတ်ချက်ကလည်း Genocide အထိ ဖြစ်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်တော့ မချဘူးလို့ ကျနော် မျှော်လင့်ပါတယ်။ နောက် နိုင်ငံရဲ့ စီးပွားရေးကလည်း တဖြည်းဖြည်း ၂၀၂၀ မှာတော့ တော်တော့်ကို အခြေအနေ ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ နောက် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံကိုလည်း မြန်မြန်ပြန်လည် ကျင်းပပြီးတော့ ငြိမ်းချမ်းရေး ဖက်ဒရယ်ရေးကိုလည်း ဆက်ပြီးဆွေးနွေးနိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ အများကြီး မျှော်လင့်ထားပါတယ် ၂၀၂၀ အတွက်။”

လာမယ့်ရက်ပိုင်းထဲမှာပဲ ၂၀၁၉ နှစ်ဟောင်းကုန်ဆုံးလို့ ၂၀၂၀ နှစ်သစ်ကို ရောက်လာတော့မှာပါ။ ဗွီအိုအေ ပရိသတ်နဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေလည်း စိတ်လုံခြုံမှုရှိစွာနဲ့ လွတ်လပ်ပျော်ရွှင်ဖွယ်ရာ နှစ်သစ် ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG