သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန်မှာ Pager စက်တွေပေါက်ကွဲလို့ ၈ ဦး သေဆုံး၊ ၂,၇၀၀ ကျော်ဒဏ်ရာရ

လက်ဘနွန်နိုင်ငံတောင်ပိုင်း Sidon ဆိပ်ကမ်းမြို့မှာ pager ခေါ် အရေးပေါ်အချက်ပေးကိရိယာပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတဦးကို အရပ်ဘက်ကာကွယ်ရေး အရေးပေါ်ဝန်ထမ်းတွေက သယ်လာစဥ်။(စက်တင်ဘာ ၁၇၊ ၂၀၂၄)
လက်ဘနွန်နိုင်ငံတောင်ပိုင်း Sidon ဆိပ်ကမ်းမြို့မှာ pager ခေါ် အရေးပေါ်အချက်ပေးကိရိယာပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတဦးကို အရပ်ဘက်ကာကွယ်ရေး အရေးပေါ်ဝန်ထမ်းတွေက သယ်လာစဥ်။(စက်တင်ဘာ ၁၇၊ ၂၀၂၄)

လက်ဘနွန်နိုင်ငံမှာ ပေဂျာ (Pager) လို့ခေါ်တဲ့ အရေးပေါ် အချက်ပေး သတင်းပို့ကိရိယာတွေ အင်္ဂါနေ့က တပြိုင်တည်းပေါက်ကွဲတဲ့အတွက် လူ ၈ ယောက်သေဆုံးပြီး၊ ၂,၇၀၀ ဒဏ်ရာရသွားခဲ့ကြတယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးကပြောလိုက်ပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ဟက်ဇ်ဘိုလာ စစ်သွေးကြွတွေလည်း ပါဝင်ကြပြီး ဒါဟာ အစ္စရေးရဲ့ လက်ချက်လို့ ဟက်ဇ်ဘိုလာအဖွဲ့က ကြေညာချက် ထုတ်ပါတယ်။ အဲဒီလို ဒဏ်ရာရခဲ့ကြတဲ့အထဲမှာ လက်ဘနွန်ဆိုင်ရာ အီရန်သံအမတ်ကြီးMojtaba Amani ပါဝင်တယ်လို့ အီရန် နိုင်ငံတော်ပိုင် သတင်းဌာနသတင်းက ဆိုပါတယ်။

ဆဲလ်ဖုန်းနဲ့ ဆက်သွယ်ကြတဲ့အခါ အစ္စရေးက ထောက်လှမ်းသိရှိမှာစိုးတာကြောင့် ဟက်ဇ်ဘိုလာအဖွဲ့ရဲ့လုပ်ငန်းတွေမှာအသုံးပြုဖို့ ပြီးခဲ့တဲ့ လအတော်ကြာက ပေဂျာတွေကို ထုတ်ပေးခဲ့တာဖြစ်ကြောင်း လက်ဘနွန်မီဒီယာတွေက ဆိုပါတယ်။‘ပေဂျာ’ ဟာ ရေဒီယိုလှိုင်းသုံးသတင်းပို့ ဆက်သွယ်ရေးကိရိယာငယ်ဖြစ်ပြီး အရွယ်အားဖြင့် အနားတဘက် ၂ လက္မဝန်းကျင်ပဲရှိတဲ့ လေးထောင့်ပုံစံဖြစ်ပါတယ်။

ဆဲလ်ဖုန်းနည်းပညာ မတိုးတက်မီက ဆရာဝန်တွေ၊ သူနာပြုတွေ၊ လုံခြုံရေးတာဝန် ယူထားသူတွေ၊ လုပ်ငန်းအသီးသီးက အရေးတကြီး ဆက်သွယ်ဖို့ လိုအပ်သူတွေ ကိုင်တတ်ကြပါတယ်။ ဒါပေမဲ့ ဆိုင်ရာ ကွန်ယက်ပေါ်လိုက်ပြီး အသုံးပြုတဲ့ ရေဒီယိုလှိုင်းပမာဏ မတူတတ်ကြပါဘူး။ သတင်းအဝင်များတဲ့အခါ ဘက်ထရီကပူလာပြီး ပေါက်ကွဲတာပါ။ ဒါက‘အစ္စရေးထောက်လှမ်းရေးစွမ်းရည်ကို ပြပါတယ်’ လို့ သုံးသပ်သူတွေက ပြောကြပါတယ်။

လက်ဘနွန်မှာ Pager စက်တွေပေါက်ကွဲလို့ ၈ ဦး သေဆုံး၊ ၂,၇၀၀ ကျော်ဒဏ်ရာရ
 
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG