သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေပါက္ကဲြမႈေတြေၾကာင့္ ရန္ကုန္လံုျခံဳေရး တင္းၾကပ္၊ ဖမ္းဆီးမႈေတြ ရွိ


လွည္းတန္း၊ ကမာရြတ္ ျမိဳ႕နယ္မွာ ေတြ႔ရတဲ့ ရဲတပ္ဖဲြ႔ဝင္တခ်ိဳ႕။ (ဧၿပီ ၁၆၊ ၂၀၂၁)

[Zawgyi/Unicode]

ရန္ကုန္ၿမိဳ႕မွာ အခုရက္ပိုင္း ေပါက္ကြဲမႈ အေသးစားေတြျဖစ္ေနတာမွာ ဒီေန႔ ဗဟန္းၿမိဳ႕နယ္ထဲ ေပါက္ကဲြေစတဲ့ပစၥည္း ေတြ႕တာေၾကာင့္ လံုျခံဳေရးအာဏာပိုင္ေတြက ထိန္းခ်ဳပ္ေဖာက္ခဲြခဲ့ပါတယ္။ ထိခိုက္ဒဏ္ရာရသူ မ႐ွိေပမဲ့ မသကၤာသူ လူငယ္တခ်ဳိ႕ ဖမ္းဆီးခံရပါတယ္။ ဒီလိုအေျခအေနေတြေၾကာင့္ လံုၿခံဳေရးတင္းၾကပ္ေနတဲ့ အေျခအေနနဲ႔ ဆက္ၿပီး ဆႏၵျပေနၾကတဲ့ ရန္ကုန္က သတင္းအျပည့္အစံုကို မဆုမြန္ ကေျပာျပပါမယ္။

စစ္တပ္နဲ႔ ရဲလံုၿခံဳေရးကို ေနရာ အႏွံ႔ေတြ႔ေနရတဲ့ ရန္ကုန္ၿမိဳ႕မွာ ဒီေန႔ မနက္က အေသးစား ေပါက္ကြဲမႈတခု ျဖစ္ပါတယ္။ မနက္ ၁၁ နာရီ ဝန္းက်င္ေလာက္က ဗဟန္းၿမိဳ႕နယ္၊ ဗိုလ္စိန္မွန္ရပ္ကြက္နားမွာ ေပါက္ကြဲေစတဲ့ပစၥည္းေတြ႔လို႔ လံုၿခံဳေရးေတြက ထိန္းခ်ဳပ္ေဖာက္ခဲြခဲ့တယ္လို႔ အဲဒီနားမွာ ေနသူတေယာက္က ဗီြအိုေအကို ေျပာပါတယ္။ လူထိခိုက္မႈ မရွိေပမဲ့ ေပါက္ကြဲမႈျဖစ္ခဲ့ၿပီးေနာက္ အဲဒီအနီးနားမွာ ရွိေနတဲ့ လူငယ္တခ်ဳိ႕ကို မသကၤာလို႔ တပ္ေတြ ဖမ္းဆီးသြားခဲ့ပါတယ္။

"ဗိုလ္စိန္မွန္လမ္းထဲက လမ္းေလးခြဆုံတဲ့ေနရာမွာ ေပါက္တယ္။ ေ႐ႊကံေကာ္ လက္ဖက္ရည္ဆိုင္ရဲ႕ ေရွ႕မွာေပါက္တာ။ အဲဒီ ေ႐ႊကံေကာ္လက္ဖက္ရည္ဆိုင္ရဲ႕ ေဘးနားမွာပဲ သူရိန္ဆိုတဲ့ အလူမီနီယံဆိုင္ရွိတယ္။ အဲဒီက ကေလးေတြကို ေခၚသြားတယ္လို႔ေတာ့ ၾကားတယ္။ ေယာက်္ားေလး ၄ ေယာက္၊ မိန္းကေလး ၁ ေယာက္ အဖမ္းခံရတယ္ ၾကားတယ္၊ ျပန္လြတ္ မလြတ္ေတာ့ မသိေသးဘူး။ အဲဒီေပါက္တဲ့ေနရာက အ.လ.က ေက်ာင္းရယ္၊ မ.ဝ.တ ႐ုံးရယ္နဲ႔ မ်က္ေစာင္းထိုးေလာက္ပဲ။ သူကေပါက္တာမဟုတ္ဘဲ ရွာေတြ႕တာကို သဲအိတ္နဲ႔ ဖုံးၿပီး ေဖာက္လိုက္တယ္လို႔ေျပာတယ္။ အခုတေလာ ဗဟန္းမွာ ဦးခ်စ္ေမာင္လမ္းေပၚမွာဆို လမ္းလယ္ေခါင္ကြၽန္းမွာကို ထိုင္ၿပီးေတာ့ လမ္းမတန္းကအိမ္ေတြကို ခဲလုံးနဲ႔ ဇိမ္ေျပနေျပ သူတို႔စိတ္မေက်မနပ္ျခင္းကို ထိုင္ထုတာ။ အမတို႔ဆီမွာ ၂ ရက္ျခား၊ ၃ရက္ျခားေလာက္ အဲဒီလိုမ်ိဳးေတြ ျဖစ္တယ္။"

ေျမာက္ဒဂုံၿမိဳ႕နယ္၊ ၃၈ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာလည္း မနက္ ၁၀ နာရီဝန္းက်င္ေလာက္က ေပါက္ကြဲမႈျဖစ္ခဲ့ပါတယ္။ စစ္တပ္နဲ႔ ရဲေတြေရာက္လာခ်ိန္မွာေတာ့ အနီးဝန္းက်င္မွာ ေနထိုင္သူေတြကို ဆဲဆိုၿခိမ္းေျခာက္တာေတြ ရွိခဲ့တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

"လူထိခိုက္မႈေတာ့ မၾကားမိဘူး။ မနက္အေစာပိုင္း ခဏျဖစ္သြားတဲ့ ပုံစံမ်ိဳး။ အဲဒီလိုမ်ိဳး ေပါက္ကြဲမႈျဖစ္ၿပီဆိုရင္ သူတို႔ရဲ႕အက်င့္စ႐ိုက္ကေတာ့ ဟိုေဖာက္၊ ဒီေဖာက္၊ မိုးေပၚေထာင္ေဖာက္။ ဟိုဆြဲ၊ ဒီဆြဲ အဲဒီလိုေတာ့ ရွိမယ္။"

ရန္ကုန္ၿမိဳ႕ထဲက လူေနရပ္ကြက္ အနီးနားမွာ စစ္ေကာင္စီတပ္ေတြ တပ္စြဲ စခန္းခ်ထားတာ၊ လမ္းေပၚသြားေနတဲ့ လူေတြ၊ ယာဥ္ေတြကို တားဆီးစစ္ေဆးတာေတြေၾကာင့္ လူအသြားအလာနည္းပါးေနတာနဲ႔အတူ အခုလို အေသးစား ေပါက္ကြဲမႈေတြျဖစ္ေနတာပါ။ ဧၿပီလ ၁၇ ရက္ေန႔ကလည္း ရန္ကင္းၿမိဳ႕နယ္ထဲ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး႐ံုးမွာ ေပါက္ကြဲမႈျဖစ္ခဲ့လို႔ အဲဒီမွာ တပ္စြဲထားတဲ့ထဲက ဒုအရာခံဗိုလ္တေယာက္ ေသဆုံးခဲ့ပါတယ္။ ခုလို ေပါက္ကဲြမႈေတြက ဘယ္သူ႔လက္ခ်က္လဲဆိုတာ အတိအက် မသိရပါဘူး။ ဒီလိုအေျခအေနေတြေၾကာင့္ တခ်ဳိ႕ၿမိဳ႕နယ္ေတြမွာ လံုၿခံဳေရးေတြ ပိုၿပီးတင္းၾကပ္ေနပါတယ္။ ဒါေပမဲ့ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပမႈေတြကိုေတာ့ ရတဲ့နည္းနဲ႔ ဆက္လုပ္ေနၾကပါတယ္။ နစက စစ္ေကာင္စီကို ဖိတ္ၾကားထားတဲ့ အာဆီယံထိပ္သီးစည္းေဝးပဲြေတြ အင္ဒိုနီး႐ွားႏိုင္ငံမွာ ရက္ပိုင္းအတြင္း က်င္းပဖုိ႔႐ွိေနခ်ိန္မွာ အာဆီယံကို ဆန္႔က်င္ဆႏၵျပမႈေတြ ဒီေန႔႐ွိခဲ့ပါတယ္။ ေသြးစြန္းေနတဲ့ လက္ေတြကို မကမ္းပါနဲ႔၊ သတ္ျဖတ္မႈေတြကို အားမေပးပါနဲ႔၊ ျပည္သူေတြရဲ႕ ေ႐ြးခ်ယ္မႈကို ေလးစားပါဆိုတဲ့ စာသားေတြပါတဲ့ ကဒ္ထူဆိုင္းဘုတ္ေတြ ကိုင္ေဆာင္ဆႏၵျပၾကသလို အဲဒီကဒ္ထူျပားေတြကို လမ္းေပၚျဖန႔္ခင္းၿပီး လႈိင္ၿမိဳ႕နယ္ထဲမွာ ဆႏၵျပခဲ့ၾကပါတယ္။

ည ၈ နာရီေရာက္တုိင္း သံပုံးတီးၿပီး အာဏာရွင္စနစ္ကို လက္မခံတဲ့ လႈပ္ရွားမႈေတြကိုလည္း ရန္ကုန္ၿမိဳ႕သူ ၿမိဳ႕သားေတြ ဆက္လုပ္ေနၾကပါတယ္။ သံပုံးတီးသူေတြကို ကင္းပုန္းေစာင့္ဖမ္းတာ၊ လက္နက္ကိုင္ အင္အားသုံးၿပီး ၿခိမ္းေျခာက္တားဆီးတာေတြလည္း ရွိတယ္လို႔ မရမ္းကုန္းၿမိဳ႕နယ္မွာ ေနထိုင္သူ လူငယ္တဦးက ေျပာပါတယ္။

"ည ၇ နာရီခြဲေလာက္ဆိုရင္ အဲဒီေကာင္ေတြက ကင္းပတ္ၿပီးေတာ့ သံပုံးတီးတဲ့အိမ္ဆိုရင္ မတီးနဲ႔ ဘာညာေအာ္ၿပီး ဆဲတယ္၊ ဓာတ္မီးေတြ ထိုးတယ္။ အဲဒီလိုဆိုေတာ့ မီးေတြဘာေတြ ပိတ္ၿပီးေနရေတာ့ သံပုံးမတီးျဖစ္ေတာ့ဘူး။ ဟိုတေန႔ညကေတာ့ သံပုံးတီးတာကို ေစာင့္ၾကည့္ၿပီးေတာ့ ေနာက္ေတာ့မွ လူအင္အားျဖည့္ၿပီး ဆြဲသြားတာမ်ိဳး ရွိတယ္လို႔ေတာ့ ၾကားတယ္။ ဒီေနာက္ပိုင္းေတာ့ သံပုံးတီးတာ သိပ္မရွိေတာ့ဘူး၊ လစ္ရင္ လစ္သလိုေတာ့ တီးၾကေသးတယ္။"

အင္းစိန္ၿမိဳ႕နယ္ထဲမွာ သေဘၤာကဆင္းလာလို႔ ကြာရန္တင္းဝင္ေနတဲ့ သေဘၤာသား ၂ ေယာက္ကိုလည္း သံပံုးတီးလို႔ဆိုၿပီး သူတုိ႔ တည္းခိုေနတဲ့ ဟိုတယ္ခန္းထဲအထိ တပ္ေတြက ဝင္ေရာက္႐ိုက္ႏွက္ၿပီး ေငြသားနဲ႔ ပစၥည္းေတြကို သိမ္းယူသြားခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပေါက်ကွဲမှုတွေကြောင့် ရန်ကုန်လုံခြုံရေး တင်းကြပ်၊ ဖမ်းဆီးမှုတွေ ရှိ

ရန်ကုန်မြို့မှာ အခုရက်ပိုင်း ပေါက်ကွဲမှု အသေးစားတွေဖြစ်နေတာမှာ ဒီနေ့ ဗဟန်းမြို့နယ်ထဲ ပေါက်ကွဲစေတဲ့ပစ္စည်း တွေ့တာကြောင့် လုံခြုံရေးအာဏာပိုင်တွေက ထိန်းချုပ်ဖောက်ခွဲခဲ့ပါတယ်။ ထိခိုက် ဒဏ်ရာရသူ မရှိပေမဲ့ မသင်္ကာသူ လူငယ်တချို့ ဖမ်းဆီးခံရပါတယ်။ ဒီလိုအခြေအနေတွေကြောင့် လုံခြုံရေးတင်းကြပ်နေတဲ့ အခြေအနေနဲ့ ဆက်ပြီး ဆန္ဒပြနေကြတဲ့ ရန်ကုန်က သတင်းအပြည့်အစုံကို မဆုမွန် ကပြောပြပါမယ်။

စစ်တပ်နဲ့ ရဲလုံခြုံရေးကို နေရာ အနှံ့တွေ့နေရတဲ့ ရန်ကုန်မြို့မှာ ဒီနေ့ မနက်က အသေးစား ပေါက်ကွဲမှုတခု ဖြစ်ပါတယ်။ မနက် ၁၁ နာရီ ဝန်းကျင်လောက်က ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်နားမှာ ပေါက်ကွဲစေတဲ့ပစ္စည်းတွေ့လို့ လုံခြုံရေးတွေက ထိန်းချုပ်ဖောက်ခွဲခဲ့တယ်လို့ အဲဒီနားမှာ နေသူတယောက်က ဗွီအိုအေကို ပြောပါတယ်။ လူထိခိုက်မှု မရှိပေမဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် အဲဒီအနီးနားမှာ ရှိနေတဲ့ လူငယ်တချို့ကို မသင်္ကာလို့ တပ်တွေ ဖမ်းဆီးသွားခဲ့ပါတယ်။

"ဗိုလ်စိန်မှန်လမ်းထဲက လမ်းလေးခွဆုံတဲ့နေရာမှာ ပေါက်တယ်။ ရွှေကံကော် လက်ဖက်ရည်ဆိုင်ရဲ့ ရှေ့မှာပေါက်တာ။ အဲဒီ ရွှေကံကော်လက်ဖက်ရည်ဆိုင်ရဲ့ ဘေးနားမှာပဲ သူရိန်ဆိုတဲ့ အလူမီနီယံဆိုင်ရှိတယ်။ အဲဒီက ကလေးတွေကို ခေါ်သွားတယ်လို့တော့ ကြားတယ်။ ယောကျ်ားလေး ၄ ယောက်၊ မိန်းကလေး ၁ ယောက် အဖမ်းခံရတယ် ကြားတယ်၊ ပြန်လွတ် မလွတ်တော့ မသိသေးဘူး။ အဲဒီပေါက်တဲ့နေရာက အ.လ.က ကျောင်းရယ်၊ မ.ဝ.တ ရုံးရယ်နဲ့ မျက်စောင်းထိုးလောက်ပဲ။ သူကပေါက်တာမဟုတ်ဘဲ ရှာတွေ့တာကို သဲအိတ်နဲ့ ဖုံးပြီး ဖောက်လိုက်တယ်လို့ပြောတယ်။ အခုတလော ဗဟန်းမှာ ဦးချစ်မောင်လမ်းပေါ်မှာဆို လမ်းလယ်ခေါင်ကျွန်းမှာကို ထိုင်ပြီးတော့ လမ်းမတန်းကအိမ်တွေကို ခဲလုံးနဲ့ ဇိမ်ပြေနပြေ သူတို့စိတ်မကျေမနပ်ခြင်းကို ထိုင်ထုတာ။ အမတို့ဆီမှာ ၂ ရက်ခြား၊ ၃ရက်ခြားလောက် အဲဒီလိုမျိုးတွေ ဖြစ်တယ်။"

မြောက်ဒဂုံမြို့နယ်၊ ၃၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာလည်း မနက် ၁၀ နာရီဝန်းကျင်လောက်က ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ စစ်တပ်နဲ့ ရဲတွေရောက်လာချိန်မှာတော့ အနီးဝန်းကျင်မှာ နေထိုင်သူတွေကို ဆဲဆိုခြိမ်းခြောက်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"လူထိခိုက်မှုတော့ မကြားမိဘူး။ မနက်အစောပိုင်း ခဏဖြစ်သွားတဲ့ ပုံစံမျိုး။ အဲဒီလိုမျိုး ပေါက်ကွဲမှုဖြစ်ပြီဆိုရင် သူတို့ရဲ့အကျင့်စရိုက်ကတော့ ဟိုဖောက်၊ ဒီဖောက်၊ မိုးပေါ်ထောင်ဖောက်။ ဟိုဆွဲ၊ ဒီဆွဲ အဲဒီလိုတော့ ရှိမယ်။"

ရန်ကုန်မြို့ထဲက လူနေရပ်ကွက် အနီးနားမှာ စစ်ကောင်စီတပ်တွေ တပ်စွဲ စခန်းချထားတာ၊ လမ်းပေါ်သွားနေတဲ့ လူတွေ၊ ယာဉ်တွေကို တားဆီးစစ်ဆေးတာတွေကြောင့် လူအသွားအလာနည်းပါးနေတာနဲ့အတူ အခုလို အသေးစား ပေါက်ကွဲမှုတွေဖြစ်နေတာပါ။ ဧပြီလ ၁၇ ရက်နေ့ကလည်း ရန်ကင်းမြို့နယ်ထဲ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့လို့ အဲဒီမှာ တပ်စွဲထားတဲ့ထဲက ဒုအရာခံဗိုလ်တယောက် သေဆုံးခဲ့ပါတယ်။ ခုလို ပေါက်ကွဲမှုတွေက ဘယ်သူ့လက်ချက်လဲဆိုတာ အတိအကျ မသိရပါဘူး။ ဒီလိုအခြေအနေတွေကြောင့် တချို့မြို့နယ်တွေမှာ လုံခြုံရေးတွေ ပိုပြီးတင်းကြပ်နေပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြမှုတွေကိုတော့ ရတဲ့နည်းနဲ့ ဆက်လုပ်နေကြပါတယ်။ နစက စစ်ကောင်စီကို ဖိတ်ကြားထားတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲတွေ အင်ဒိုနီးရှားနိုင်ငံမှာ ရက်ပိုင်းအတွင်း ကျင်းပဖို့ရှိနေချိန်မှာ အာဆီယံကို ဆန့်ကျင်ဆန္ဒပြမှုတွေ ဒီနေ့ရှိခဲ့ပါတယ်။ သွေးစွန်းနေတဲ့ လက်တွေကို မကမ်းပါနဲ့၊ သတ်ဖြတ်မှုတွေကို အားမပေးပါနဲ့၊ ပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားပါဆိုတဲ့ စာသားတွေပါတဲ့ ကဒ်ထူဆိုင်းဘုတ်တွေ ကိုင်ဆောင်ဆန္ဒပြကြသလို အဲဒီကဒ်ထူပြားတွေကို လမ်းပေါ်ဖြန့်ခင်းပြီး လှိုင်မြို့နယ်ထဲမှာ ဆန္ဒပြခဲ့ကြပါတယ်။

ည ၈ နာရီရောက်တိုင်း သံပုံးတီးပြီး အာဏာရှင်စနစ်ကို လက်မခံတဲ့ လှုပ်ရှားမှုတွေကိုလည်း ရန်ကုန်မြို့သူ မြို့သားတွေ ဆက်လုပ်နေကြပါတယ်။ သံပုံးတီးသူတွေကို ကင်းပုန်းစောင့်ဖမ်းတာ၊ လက်နက်ကိုင် အင်အားသုံးပြီး ခြိမ်းခြောက်တားဆီးတာတွေလည်း ရှိတယ်လို့ မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူ လူငယ်တဦးက ပြောပါတယ်။

"ည ၇ နာရီခွဲလောက်ဆိုရင် အဲဒီကောင်တွေက ကင်းပတ်ပြီးတော့ သံပုံးတီးတဲ့အိမ်ဆိုရင် မတီးနဲ့ ဘာညာအော်ပြီး ဆဲတယ်၊ ဓာတ်မီးတွေ ထိုးတယ်။ အဲဒီလိုဆိုတော့ မီးတွေဘာတွေ ပိတ်ပြီးနေရတော့ သံပုံးမတီးဖြစ်တော့ဘူး။ ဟိုတနေ့ညကတော့ သံပုံးတီးတာကို စောင့်ကြည့်ပြီးတော့ နောက်တော့မှ လူအင်အားဖြည့်ပြီး ဆွဲသွားတာမျိုး ရှိတယ်လို့တော့ ကြားတယ်။ ဒီနောက်ပိုင်းတော့ သံပုံးတီးတာ သိပ်မရှိတော့ဘူး၊ လစ်ရင် လစ်သလိုတော့ တီးကြသေးတယ်။"

အင်းစိန်မြို့နယ်ထဲမှာ သင်္ဘောကဆင်းလာလို့ ကွာရန်တင်းဝင်နေတဲ့ သင်္ဘောသား ၂ ယောက်ကိုလည်း သံပုံးတီးလို့ဆိုပြီး သူတို့ တည်းခိုနေတဲ့ ဟိုတယ်ခန်းထဲအထိ တပ်တွေက ဝင်ရောက်ရိုက်နှက်ပြီး ငွေသားနဲ့ ပစ္စည်းတွေကို သိမ်းယူသွားခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG