{{Zawgyi/Unicode}}
Facebook ကိုသံုးၿပီး ျပည္တြင္းကလူေတြအေပၚ ၾသဇာလႊမ္းမိုးဖို႔ ႀကိဳးစားတဲ့လုပ္ရပ္ေတြေၾကာင့္ ကမာၻေပၚမွာ အထိခုိက္ရဆံုးႏုိင္ငံေတြထဲ ျမန္မာႏုိင္ငံဟာ ထိပ္ဆံုးမွာရွိေနတယ္လုိ႔ Facebook ကုမၸဏီက ဗုဒၶဟူးေန႔မွာထုတ္ျပန္တဲ့ အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။
အစိုးရကိုေထာက္ခံတဲ့ Facebook အသံုးျပဳသူေတြေၾကာင့္ မြတ္ဆလင္လူနည္းစုေတြအေပၚ အၾကမ္းဖက္လုပ္ရပ္ေတြ က်ယ္က်ယ္ျပန္႔ျပန္႔ျဖစ္ခ့ဲတာကို Facebook ကုမၸဏီအစီရင္ခံစာက ေထာက္ျပထားပါတယ္။
Facebook ေပၚမွာ အမုန္းစကားေတြ ေျပာဆိုျဖန္႔ေဝတာ၊ လူမ်ဳိးစုတခုနဲ႔တခု အထူးသျဖင့္ ဘာသာေရးနဲ႔ လူမ်ဳိးေရး လူနည္းစုေတြအေပၚ တိုက္ခိုက္မႈေတြ ျဖစ္လာေစတဲ့အထိ လံႈ႔ေဆာ္ေျပာဆိုတာေတြကို ဖယ္ရွားဖို႔ Facebook က ထိထိေရာက္ေရာက္ မလုပ္ခဲ့ဘူးဆိုၿပီး ေဝဖန္ခံထားရတာပါ။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းၿပီး ေနာက္ပိုင္းမွာေတာ့ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႔အပါအဝင္ စစ္တပ္နဲ႔ ဆက္စပ္ေနတဲ့ Facebook စာမ်က္ႏွာေတြကို ဖယ္ရွားပစ္ခဲ့့သလို အေကာင့္အတုေတြကိုလည္း ပိတ္ပစ္ခဲ့ပါတယ္။
အာဏာသိမ္းစစ္တပ္ကလည္း အင္တာနက္အသံုးျပဳတာကို ထိန္းခ်ဳပ္ထားသလို ေဖ့စ္ဘုတ္အပါအဝင္ လူမႈဆက္သြယ္ေရးမီဒီယာေတြကို ပိတ္ထားပါတယ္။
..............................................
{{Unicode}}
Facebook ကိုသုံးပြီး ပြည်တွင်းကလူတွေအပေါ် သြဇာလွှမ်းမိုးဖို့ ကြိုးစားတဲ့လုပ်ရပ်တွေကြောင့် ကမ္ဘာပေါ်မှာ အထိခိုက်ရဆုံးနိုင်ငံတွေထဲ မြန်မာနိုင်ငံဟာ ထိပ်ဆုံးမှာရှိနေတယ်လို့ Facebook ကုမ္ပဏီက ဗုဒ္ဓဟူးနေ့မှာထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
အစိုးရကိုထောက်ခံတဲ့ Facebook အသုံးပြုသူတွေကြောင့် မွတ်ဆလင်လူနည်းစုတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့တာကို Facebook ကုမ္ပဏီအစီရင်ခံစာက ထောက်ပြထားပါတယ်။
Facebook ပေါ်မှာ အမုန်းစကားတွေ ပြောဆိုဖြန့်ဝေတာ၊ လူမျိုးစုတခုနဲ့တခု အထူးသဖြင့် ဘာသာရေးနဲ့ လူမျိုးရေး လူနည်းစုတွေအပေါ် တိုက်ခိုက်မှုတွေ ဖြစ်လာစေတဲ့အထိ လှုံ့ဆော်ပြောဆိုတာတွေကို ဖယ်ရှားဖို့ Facebook က ထိထိရောက်ရောက် မလုပ်ခဲ့ဘူးဆိုပြီး ဝေဖန်ခံထားရတာပါ။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အပါအဝင် စစ်တပ်နဲ့ ဆက်စပ်နေတဲ့ Facebook စာမျက်နှာတွေကို ဖယ်ရှားပစ်ခဲ့သလို အကောင့်အတုတွေကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ကလည်း အင်တာနက်အသုံးပြုတာကို ထိန်းချုပ်ထားသလို ဖေ့စ်ဘုတ်အပါအဝင် လူမှုဆက်သွယ်ရေးမီဒီယာတွေကို ပိတ်ထားပါတယ်။