သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ေလာင္စာဆီနဲ႔ ဓာတ္ေျမၾသဇာ ေဈးႀကီးမႈေၾကာင့္ ထုတ္လုပ္မႈထိခိုက္မွာ ျမန္မာေတာင္သူေတြစိုးရိမ္ 


myanmar land confiscation

ေလာင္စာဆီနဲ႔ ဓာတ္ေျမၾသဇာ ေဈးႀကီးမႈေၾကာင့္ ထုတ္လုပ္မႈထိခိုက္မွာ ျမန္မာေတာင္သူေတြစိုးရိမ္

{{Zawgyi/Unicode}}
ေလာင္စာဆီေစ်း၊ ဓာတ္ေျမဩဇာေစ်းေတြက တရိပ္ရိပ္တက္လာတဲ့အတြက္ အခုႏွစ္မိုးရာသီမွာ စပါးစိုက္ဖို႔ အေတာ္ေလးစဥ္းစားခဲ့ရတယ္လို႔ ဧရာဝတီတိုင္းနဲ႔ ပဲခူးတိုင္းကလယ္သမားေတြက ေျပာပါတယ္။ ရွမ္းျပည္နယ္က တခ်ိဳ႕ေတာင္သူေတြဆိုရင္ ဓာတ္ေျမဩဇာကို မဝယ္ႏိုင္ၾကေတာ့တဲ့အတြက္ စိုက္ဧကကို ထက္ဝက္ေလာက္ ေလွ်ာ့ခ်လိုက္ရပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ခင္ေမာင္စုိးမင္း က ေျပာျပမွာပါ။

ျပည္တြင္းမွာ ဓာတ္ဆီတလီတာကို က်ပ္ ၂,၀၀၀ ေက်ာ္ ( တဂါလံကို က်ပ္ ၁၃,၀၀၀ ေက်ာ္) ေလာက္ ေပးဝယ္ေနရခ်ိန္၊ ဓာတ္ေျမဩဇာေစ်းႏႈန္းေတြကလည္း ၁ႏွစ္အတြင္းမွာ ထက္ဝက္ေက်ာ္ေလာက္ တက္လာတဲ့အတြက္ အခုႏွစ္မိုးရာသီမွာ စပါးစိုက္ဖို႔ အေတာ္ေလး ခက္ခဲေနေၾကာင္း ပဲခူးတိုင္းက လယ္သမားတဦးက ဗြီအိုေအကို ေျပာပါတယ္။

" အခုစက္ဆီေစ်း၊ ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆး အဲဒါကအစ အခက္အခဲျဖစ္ေနတဲ့အျပင္ က်ေနာ္တို႔ဒီဘက္ ( ပဲခူးတိုင္း) မွာဆိုရင္ လယ္သမားက ထြန္ယက္ေရအတြက္ အခုကတည္းက တင္ေနရတာေပါ့။ ဒီေရနံေစ်း တက္တာနဲ႔ဆိုရင္ေတာ့ လယ္သမားက အေတာ္ကိုခ်ဴသံပါေအာင္ ညီးေနရာေပါ့။ အခုဝယ္လို႔ရေနေသးတဲ့ဆီနဲ႔ သူတို႔ အဲဒါေလးနဲ႔ သူတို႔ဆက္လုပ္ေနတာ ေတြ႕ရတယ္။"

အရင္လို ကြၽဲ၊ႏြားကို မသုံးေတာ့တဲ့အတြက္ အရာရာကို ေငြနဲ႔ရင္းႏွီးေနရတယ္လို႔ လယ္သမားေတြက ေျပာပါတယ္။ လယ္ ၁၀ဧကေအာက္ပဲရွိတဲ့ လယ္သမားေတြဆိုရင္ သူတို႔လယ္ကိုထုတ္ေရာင္းကုန္ၿပီလို႔ ဗမာႏိုင္ငံလုံးဆိုင္ရာ ေတာင္သူလယ္သမားမ်ား အဖြဲ႕ခ်ဳပ္ (ဧရာဝတီတိုင္း တာဝန္ခံ) ဦးေဆြၿငိမ္းက ဗြီအိုေအကို ေျပာပါတယ္။

" စက္နဲ႔ပဲထြန္ယက္ စက္ဆိုတာလူတိုင္းဝယ္ႏိုင္တာ မဟုတ္ဘူးေလ။ ပိုက္ဆံေပးထြန္ရတာ။ ထြန္ယက္ၿပီးေတာ့ စပါးကိုႀကဲပက္စိုက္တယ္။ ေပါင္းသတ္ေဆးေတြ ျဖန္းတယ္။ ေျမဩဇာေတြပက္တယ္၊ ပိုက္ဆံအားကိုးတဲ့ စိုက္နည္းစနစ္ ျဖစ္သြားၿပီ။ ပိုက္ဆံမရွိရင္ စိုက္လို႔မရဘူး။ အဲလိုေငြေၾကးရွာၿပီးေတာ့ လုပ္တာေပါ့ဗ်ာ ေနာက္ဆုံေတာ့ အဲဒီလယ္ေတြက ေရာင္းစားရတဲ့ အျဖစ္ေရာက္ေရာ။ အဲေတာ့မွသာ လက္လုပ္လက္စားဘဝကို ေရာက္သြားတာေလ။ ဆယ္ဧကေအာက္ လယ္သမားဆိုရင္ တ႐ြာမွာ နည္းနည္းပဲရွိေတာ့တာ။ ေငြအရင္အႏွီးမ်ားတဲ့သူ လက္ထဲပဲ ေရာက္ကုန္ေတာ့ အဲလိုဘဝကို ျဖစ္သြားတာ။"

ဓာတ္ေျမဩဇာ တအိတ္ကို က်ပ္ ၁၀၀,၀၀၀ ကပ္လာတဲ့အတြက္ လယ္သမားအမ်ားစုက ဝယ္မသုံးၾကေတာ့ပါဘူး။ ဓာတ္ေျမဩဇာေရာင္းအားက အခု ၂၀၂၂မွာ ထက္ဝက္ေက်ာ္ေလာက္ က်သြားတယ္လို႔ ဓာတ္ေျမဩဇာ တင္သြင္းေနတဲ့ လုပ္ငန္းရွင္ နန္းစမ္းစမ္းေအးက ဗြီအိုေအကို ေျပာပါတယ္။ ရွမ္းျပည္ဘက္က ေတာင္သူေတြဆိုရင္ သူတို႔ရဲ႕စိုက္ဧက ထက္ဝက္ေလာက္ကို ေလွ်ာ့စိုက္လာၾကတယ္လို႔ သူကေျပာပါတယ္။

" က်မတို႔ ေရာင္းအားမေကာင္းဘူး။ သုံးပုံႏွစ္ပုံေလာက္ က်မတို႔က မေရာင္းရေတာ့ဘူး။ အရင္တုန္းက ၂၀,၀၀၀ နဲ႔ေရာင္းတယ္ ပုလဲဓာတ္ေျမဩဇာ တအိတ္က အခုက (က်ပ္) ၉၀,၀၀၀ ေက်ာ္သြားမယ္။ က်မတို႔ ကုန္သည္ကေလ ဆီကုန္သည္ကိုစြပ္ဆြဲသလို ခ႐ိုနီေတြက...။ က်မတို႔မွာ ကုမၸဏီက တခုတည္းမဟုတ္ဘူး ကုမၸဏီေပါင္းမ်ားစြာ (ေဒၚလာ) ေပါက္ေစ်းနဲ႔၊ ဝယ္ေစ်းနဲ႔၊ ဝယ္ေစ်းက ဒီေစ်းရွိတယ္။ လမ္းစရိတ္က ဒီေလာက္ရွိတယ္ အဲဒါကိုတြက္ၿပီးမွ က်မတို႔ ေျမဆီဆိုပိုဆိုးေသးတယ္ လယ္သမားက အဲဒီ ၉၀,၀၀၀ ဆို မဝယ္ႏိုင္ဘူး။ အဲဒီ ၉၀,၀၀၀ ကိုထည့္ၿပီးရင္ သူ႔ရဲ႕ထြက္လာတဲ့ ပစၥည္းက အရင္းေက်ပါ့မလား။ အဲလိုမ်ိဳးေတြနဲ႔ သူတို႔က (စိုက္ဧက) သုံးပုံႏွစ္ပုံကို ေလွ်ာ့ခ်ပစ္တာ။ ေနာက္ႏွစ္ဆို ဘာေတြဘယ္လို ေစ်းတက္မလဲ က်မတို႔ေတာင္ မေတြးရဲဘူး။ ေတာင္သူလယ္သမားေတြက မစိုက္ႏိုင္ေတာ့ဘူး။"

တကယ္ေတာ့ ဓာတ္ေျမဩဇာတအိတ္ရဲ႕ တန္ဖိုးက နယ္စပ္ကသြင္းမယ္ဆိုရင္ ဘယ္ေလာက္မွမရွိေပမဲ့ ပင္လယ္ေရေၾကာင္းကေန တင္သြင္းေနရတဲ့အတြက္ အေမရိကန္ေဒၚလာေငြ ရွားပါတဲ့အခုအခ်ိန္မ်ိဳးမွာ ျပည္တြင္းေရာက္လာဖို႔ အေတာ္ခက္ခဲတယ္လို႔ သူကေျပာပါတယ္။ ဆိပ္ကမ္းေရာက္လာတဲ့ ဓာတ္ေျမဩဇာေတြကိုလည္း အခုအခ်ိန္အထိ ကုန္သည္ေတြက မယူႏိုင္ၾကေသးဘူးလို႔ သူကေျပာပါတယ္။

" ပင္လယ္ေရေၾကာင္းမွာေတာ့ ေဒၚလာအခက္အခဲေၾကာင့္ မဝင္ႏိုင္ေသးဘူး။ ဒီ အိတ္စပို႔၊ အင္ပို႔သမားေတြ ဆိုတာေလ ေျဗာင္းသတ္ေနတာ၊ အင္ပို႔လုပ္ဖို႔ က်မပိုက္ဆံဘယ္က သြားယူမလဲ၊ အျပင္ကဝယ္ၿပီးထည့္ေတာ့လည္း မရဘူးေလ။ က်မတို႔ေတြသည္ သေဘၤာမွာ ရန္ကုန္ဆိပ္ကမ္းမွာ အမ်ားႀကီးပဲ မဝင္ရေသးတာ။ ပုလဲဓာတ္ေျမဩဇာ တအိတ္ကို (က်ပ္) ၉၀,၀၀၀ ေရာင္းတယ္၊ က်မ မႏွစ္ကေတာင္ ၂၀,၀၀၀ ေက်ာ္နဲ႔ပဲေရာင္းလိုက္တယ္။ အဲဒါ ဘယ္လိုလုပ္ၾကမလဲ၊ နယ္စပ္ကေနသြင္းမယ္ဆိုရင္ အခ်ိန္ကုန္သက္သာမယ္ သယ္ယူပို႔ေဆာင္ခ သက္သာမယ္။ အဲဒါေတြကိုတင္ျပတယ္ မရဘူး၊ အဲဒါ G to G ( အစိုးရခ်င္း) ျဖစ္ရမယ့္ကိစၥ။"

လယ္သမားအမ်ားစု အသုံးမ်ားတဲံ့ ဓာတ္ေျမဩဇာေတြက တအိတ္ကို က်ပ္ ၁၀၀,၀၀၀ ဝန္းက်င္ရွိပါတယ္။ ကိုဗစ္ေရာဂါမတိုင္ခင္က ပုလဲဓာတ္ေျမဩဇာတအိတ္ကို က်ပ္၂ေသာင္းေက်ာ္ပဲ ရွိခဲ့တာပါ။

အခု ၂၀၂၂ အတြက္ တႏိုင္ငံလုံးက လယ္သမားေတြကို စိုက္ပ်ိဳးစရိတ္ေခ်းေငြ ထုတ္ေပးမယ္လို႔ ျမန္မာ့လယ္ယာ ဖြံ႕ၿဖိဳးေရးဘဏ္က ေမလလယ္မွာ ေၾကညာခဲ့ေပမဲ့ လယ္သမားအမ်ားစုက မႏွစ္ကေႂကြးက်န္ေတြ ရွိေသးတဲ့အတြက္ ေခ်းေငြသစ္ကို မယူႏိုင္ၾကပါဘူး။ ျပင္ပကလည္း ယူခင္ကိုေငြေခ်းဖို႔ မလြယ္ကူေတာ့ဘူးလို႔ လယ္သမားေတြက ေျပာပါတယ္။

အခုဇြန္လအစမွာ စပါးေစ်းက တင္း၁၀၀ကို က်ပ္၁၀သိန္းေလာက္ထိ ေစ်းတက္လာေပမဲ့ လယ္သမားေတြက ဒီမတိုင္ခင္က ထုတ္ေရာင္းထားၿပီးျဖစ္လို႔ ေစ်းေကာင္းခ်ိန္ကို သူတို႔မမီလိုက္ပါဘူး။ စပါးတဧကကို ကုန္က်စရိတ္က က်ပ္၄သိန္းေလာက္ရွိပါတယ္။ တဧကကိုပ်မ္းမွ် စပါးတင္း၆၀ ထြက္တယ္ဆိုရင္ လာမယ့္ႏွစ္စပါးေပၚခ်ိန္စပါးေစ်း မေကာင္းဘူးဆိုပါက တဧကကို က်ပ္ ၅၀,၀၀၀ ေလာက္ပဲ အျမတ္က်န္ႏိုင္မယ္လို႔ လယ္သမားေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

.......................................................

လောင်စာဆီနဲ့ ဓာတ်မြေသြဇာ ဈေးကြီးမှုကြောင့် ထုတ်လုပ်မှုထိခိုက်မှာ မြန်မာတောင်သူတွေစိုးရိမ်

{{Zawgyi/Unicode}}
လောင်စာဆီဈေး၊ ဓာတ်မြေဩဇာဈေးတွေက တရိပ်ရိပ်တက်လာတဲ့အတွက် အခုနှစ်မိုးရာသီမှာ စပါးစိုက်ဖို့ အတော်လေးစဉ်းစားခဲ့ရတယ်လို့ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းကလယ်သမားတွေက ပြောပါတယ်။ ရှမ်းပြည်နယ်က တချို့တောင်သူတွေဆိုရင် ဓာတ်မြေဩဇာကို မဝယ်နိုင်ကြတော့တဲ့အတွက် စိုက်ဧကကို ထက်ဝက်လောက် လျှော့ချလိုက်ရပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ခင်မောင်စိုးမင်း က ပြောပြမှာပါ။

ပြည်တွင်းမှာ ဓာတ်ဆီတလီတာကို ကျပ် ၂,၀၀၀ ကျော် ( တဂါလံကို ကျပ် ၁၃,၀၀၀ ကျော်) လောက် ပေးဝယ်နေရချိန်၊ ဓာတ်မြေဩဇာဈေးနှုန်းတွေကလည်း ၁နှစ်အတွင်းမှာ ထက်ဝက်ကျော်လောက် တက်လာတဲ့အတွက် အခုနှစ်မိုးရာသီမှာ စပါးစိုက်ဖို့ အတော်လေး ခက်ခဲနေကြောင်း ပဲခူးတိုင်းက လယ်သမားတဦးက ဗွီအိုအေကို ပြောပါတယ်။

" အခုစက်ဆီဈေး၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အဲဒါကအစ အခက်အခဲဖြစ်နေတဲ့အပြင် ကျနော်တို့ဒီဘက် ( ပဲခူးတိုင်း) မှာဆိုရင် လယ်သမားက ထွန်ယက်ရေအတွက် အခုကတည်းက တင်နေရတာပေါ့။ ဒီရေနံဈေး တက်တာနဲ့ဆိုရင်တော့ လယ်သမားက အတော်ကိုချူသံပါအောင် ညီးနေရာပေါ့။ အခုဝယ်လို့ရနေသေးတဲ့ဆီနဲ့ သူတို့ အဲဒါလေးနဲ့ သူတို့ဆက်လုပ်နေတာ တွေ့ရတယ်။"

အရင်လို ကျွဲ၊နွားကို မသုံးတော့တဲ့အတွက် အရာရာကို ငွေနဲ့ရင်းနှီးနေရတယ်လို့ လယ်သမားတွေက ပြောပါတယ်။ လယ် ၁၀ဧကအောက်ပဲရှိတဲ့ လယ်သမားတွေဆိုရင် သူတို့လယ်ကိုထုတ်ရောင်းကုန်ပြီလို့ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများ အဖွဲ့ချုပ် (ဧရာဝတီတိုင်း တာဝန်ခံ) ဦးဆွေငြိမ်းက ဗွီအိုအေကို ပြောပါတယ်။

" စက်နဲ့ပဲထွန်ယက် စက်ဆိုတာလူတိုင်းဝယ်နိုင်တာ မဟုတ်ဘူးလေ။ ပိုက်ဆံပေးထွန်ရတာ။ ထွန်ယက်ပြီးတော့ စပါးကိုကြဲပက်စိုက်တယ်။ ပေါင်းသတ်ဆေးတွေ ဖြန်းတယ်။ မြေဩဇာတွေပက်တယ်၊ ပိုက်ဆံအားကိုးတဲ့ စိုက်နည်းစနစ် ဖြစ်သွားပြီ။ ပိုက်ဆံမရှိရင် စိုက်လို့မရဘူး။ အဲလိုငွေကြေးရှာပြီးတော့ လုပ်တာပေါ့ဗျာ နောက်ဆုံတော့ အဲဒီလယ်တွေက ရောင်းစားရတဲ့ အဖြစ်ရောက်ရော။ အဲတော့မှသာ လက်လုပ်လက်စားဘဝကို ရောက်သွားတာလေ။ ဆယ်ဧကအောက် လယ်သမားဆိုရင် တရွာမှာ နည်းနည်းပဲရှိတော့တာ။ ငွေအရင်အနှီးများတဲ့သူ လက်ထဲပဲ ရောက်ကုန်တော့ အဲလိုဘဝကို ဖြစ်သွားတာ။"

ဓာတ်မြေဩဇာ တအိတ်ကို ကျပ် ၁၀၀,၀၀၀ ကပ်လာတဲ့အတွက် လယ်သမားအများစုက ဝယ်မသုံးကြတော့ပါဘူး။ ဓာတ်မြေဩဇာရောင်းအားက အခု ၂၀၂၂မှာ ထက်ဝက်ကျော်လောက် ကျသွားတယ်လို့ ဓာတ်မြေဩဇာ တင်သွင်းနေတဲ့ လုပ်ငန်းရှင် နန်းစမ်းစမ်းအေးက ဗွီအိုအေကို ပြောပါတယ်။ ရှမ်းပြည်ဘက်က တောင်သူတွေဆိုရင် သူတို့ရဲ့စိုက်ဧက ထက်ဝက်လောက်ကို လျှော့စိုက်လာကြတယ်လို့ သူကပြောပါတယ်။

" ကျမတို့ ရောင်းအားမကောင်းဘူး။ သုံးပုံနှစ်ပုံလောက် ကျမတို့က မရောင်းရတော့ဘူး။ အရင်တုန်းက ၂၀,၀၀၀ နဲ့ရောင်းတယ် ပုလဲဓာတ်မြေဩဇာ တအိတ်က အခုက (ကျပ်) ၉၀,၀၀၀ ကျော်သွားမယ်။ ကျမတို့ ကုန်သည်ကလေ ဆီကုန်သည်ကိုစွပ်ဆွဲသလို ခရိုနီတွေက...။ ကျမတို့မှာ ကုမ္ပဏီက တခုတည်းမဟုတ်ဘူး ကုမ္ပဏီပေါင်းများစွာ (ဒေါ်လာ) ပေါက်ဈေးနဲ့၊ ဝယ်ဈေးနဲ့၊ ဝယ်ဈေးက ဒီဈေးရှိတယ်။ လမ်းစရိတ်က ဒီလောက်ရှိတယ် အဲဒါကိုတွက်ပြီးမှ ကျမတို့ မြေဆီဆိုပိုဆိုးသေးတယ် လယ်သမားက အဲဒီ ၉၀,၀၀၀ ဆို မဝယ်နိုင်ဘူး။ အဲဒီ ၉၀,၀၀၀ ကိုထည့်ပြီးရင် သူ့ရဲ့ထွက်လာတဲ့ ပစ္စည်းက အရင်းကျေပါ့မလား။ အဲလိုမျိုးတွေနဲ့ သူတို့က (စိုက်ဧက) သုံးပုံနှစ်ပုံကို လျှော့ချပစ်တာ။ နောက်နှစ်ဆို ဘာတွေဘယ်လို ဈေးတက်မလဲ ကျမတို့တောင် မတွေးရဲဘူး။ တောင်သူလယ်သမားတွေက မစိုက်နိုင်တော့ဘူး။"

တကယ်တော့ ဓာတ်မြေဩဇာတအိတ်ရဲ့ တန်ဖိုးက နယ်စပ်ကသွင်းမယ်ဆိုရင် ဘယ်လောက်မှမရှိပေမဲ့ ပင်လယ်ရေကြောင်းကနေ တင်သွင်းနေရတဲ့အတွက် အမေရိကန်ဒေါ်လာငွေ ရှားပါတဲ့အခုအချိန်မျိုးမှာ ပြည်တွင်းရောက်လာဖို့ အတော်ခက်ခဲတယ်လို့ သူကပြောပါတယ်။ ဆိပ်ကမ်းရောက်လာတဲ့ ဓာတ်မြေဩဇာတွေကိုလည်း အခုအချိန်အထိ ကုန်သည်တွေက မယူနိုင်ကြသေးဘူးလို့ သူကပြောပါတယ်။

" ပင်လယ်ရေကြောင်းမှာတော့ ဒေါ်လာအခက်အခဲကြောင့် မဝင်နိုင်သေးဘူး။ ဒီ အိတ်စပို့၊ အင်ပို့သမားတွေ ဆိုတာလေ ဗြောင်းသတ်နေတာ၊ အင်ပို့လုပ်ဖို့ ကျမပိုက်ဆံဘယ်က သွားယူမလဲ၊ အပြင်ကဝယ်ပြီးထည့်တော့လည်း မရဘူးလေ။ ကျမတို့တွေသည် သင်္ဘောမှာ ရန်ကုန်ဆိပ်ကမ်းမှာ အများကြီးပဲ မဝင်ရသေးတာ။ ပုလဲဓာတ်မြေဩဇာ တအိတ်ကို (ကျပ်) ၉၀,၀၀၀ ရောင်းတယ်၊ ကျမ မနှစ်ကတောင် ၂၀,၀၀၀ ကျော်နဲ့ပဲရောင်းလိုက်တယ်။ အဲဒါ ဘယ်လိုလုပ်ကြမလဲ၊ နယ်စပ်ကနေသွင်းမယ်ဆိုရင် အချိန်ကုန်သက်သာမယ် သယ်ယူပို့ဆောင်ခ သက်သာမယ်။ အဲဒါတွေကိုတင်ပြတယ် မရဘူး၊ အဲဒါ G to G ( အစိုးရချင်း) ဖြစ်ရမယ့်ကိစ္စ။"


လယ်သမားအများစု အသုံးများတဲံ့ ဓာတ်မြေဩဇာတွေက တအိတ်ကို ကျပ် ၁၀၀,၀၀၀ ဝန်းကျင်ရှိပါတယ်။ ကိုဗစ်ရောဂါမတိုင်ခင်က ပုလဲဓာတ်မြေဩဇာတအိတ်ကို ကျပ်၂သောင်းကျော်ပဲ ရှိခဲ့တာပါ။

အခု ၂၀၂၂ အတွက် တနိုင်ငံလုံးက လယ်သမားတွေကို စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးမယ်လို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က မေလလယ်မှာ ကြေညာခဲ့ပေမဲ့ လယ်သမားအများစုက မနှစ်ကကြွေးကျန်တွေ ရှိသေးတဲ့အတွက် ချေးငွေသစ်ကို မယူနိုင်ကြပါဘူး။ ပြင်ပကလည်း ယူခင်ကိုငွေချေးဖို့ မလွယ်ကူတော့ဘူးလို့ လယ်သမားတွေက ပြောပါတယ်။

အခုဇွန်လအစမှာ စပါးဈေးက တင်း၁၀၀ကို ကျပ်၁၀သိန်းလောက်ထိ ဈေးတက်လာပေမဲ့ လယ်သမားတွေက ဒီမတိုင်ခင်က ထုတ်ရောင်းထားပြီးဖြစ်လို့ ဈေးကောင်းချိန်ကို သူတို့မမီလိုက်ပါဘူး။ စပါးတဧကကို ကုန်ကျစရိတ်က ကျပ်၄သိန်းလောက်ရှိပါတယ်။ တဧကကိုပျမ်းမျှ စပါးတင်း၆၀ ထွက်တယ်ဆိုရင် လာမယ့်နှစ်စပါးပေါ်ချိန်စပါးဈေး မကောင်းဘူးဆိုပါက တဧကကို ကျပ် ၅၀,၀၀၀ လောက်ပဲ အမြတ်ကျန်နိုင်မယ်လို့ လယ်သမားတွေက ပြောပါတယ်။

XS
SM
MD
LG