သုံးရလွယ်ကူစေသည့် Link များ

အိမ်အကူသင်တန်း စင်္ကာပူဖွင့်ဖို့ပြင် 


FAST မှ ကြီးမှူးကျင်းပသော ပွဲတခု (ဓါတ်ပုံ- Foreign Domestic Worker Association for Social Support and Training - FAST)
FAST မှ ကြီးမှူးကျင်းပသော ပွဲတခု (ဓါတ်ပုံ- Foreign Domestic Worker Association for Social Support and Training - FAST)

စင်္ကာပူနိုင်ငံက FAST လို့ခေါ်တဲ့ နိုင်ငံခြားသား လူမှုကူညီထောက်ပံ့ရေး အိမ်အကူလုပ်သား အစည်းအရုံးက စင်္ကာပူနိုင်ငံမှာ အိမ်အကူအဖြစ် လာရောက် အလုပ်လုပ်ကိုင်ချင်တဲ့ မြန်မာအမျိုးသမီးတွေကို လေ့ကျင့် သင်ကြားပေးဖို့ စင်တာတခု ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်လို့ စင်္ကာပူထုတ် Straits Times သတင်းစာက ဆိုပါတယ်။

FAST အဖွဲ့အနေနဲ့ မြန်မာအမျိုးသမီးတွေကို ချက်ပြုတ်နည်းအပါဝင် လိုအပ်တဲ့ သက်မွေးဝမ်းကြောင်း ပညာတွေ သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ အဖွဲ့ရဲ့ဥက္ကဋ္ဌ Seah Seng Choon ကပြောပါတယ်။

စင်္ကာပူ ထိုင်း၊ ဟောင်ကောင်နဲ့ မကာအို နိုင်ငံတွေမှာ မြန်မာအမျိုးသမီးတွေ အိမ်ဖေါ်အလုပ် သွားရောက်လုပ်ကိုင်တာကို ၂၀၁၄ ခုနှစ်မှာ မြန်မာအစိုးရက ပိတ်ပင်ခဲ့ပြီးနောက် ၊အဲဒီတားမြစ်ချက်ကို ပြီးခဲ့တဲ့ ဧပြီ(၂၄)ရက်နေ့က ပြန်လည်ရုပ်သိမ်းကြောင်း မြန်မာအစိုးရက ကြေညာ ပြီးနောက်မှာ စင်္ကာပူနိုင်ငံဘက်က အခုလို ဆောင်ရွက်လာတာဖြစ်ပါတယ်။ မြန်မာအစိုးရက တားမြစ်ခဲ့ပေမဲ့လည်း စင်္ကာပူမှာ မြန်မာအမျိုးသမီးတွေ အိမ်ဖေါ်အဖြစ် လာရောက်လုပ်ကိုင်ခဲ့ကြပါတယ်။ FAST အဖွဲ့ရဲ့ ခန့်မှန်းချက်အရ စင်္ကာပူနိုင်ငံမှာ အိမ်အကူလုပ်နေသူ ၂သိန်းခွဲလောက် ရှိတဲ့အထဲမှာ မြန်မာအမျိုးသမီးတွေက ၅ သောင်းလောက်ရှိတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG