သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြဝတီ သင်္ကန်းညီနောင်အနီး တိုက်ပွဲပြင်းထန်နေ


မြဝတီမြို့ဆိုင်းဘုတ်ရှေ့ တွေ့ရတဲ့ Cobra column တပ်ဖွဲ့ဝင်များ (ယခင်ပုံဟောင်း)
မြဝတီမြို့ဆိုင်းဘုတ်ရှေ့ တွေ့ရတဲ့ Cobra column တပ်ဖွဲ့ဝင်များ (ယခင်ပုံဟောင်း)

ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင် ကျေးရွာအုပ်စုမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ ၃၅၅ နဲ့ အနီးတဝိုက်မှာ KNLA-PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ မနေ့က မတ်လ ၇ ရက်ကစပြီး တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ ခရီးသည်ယာဉ်တွေ၊ ကုန်ကားတွေလည်း ဒီနေ့မနက်မှာ အာရှလမ်းကို အသုံးမပြုတော့ဘဲ မြို့ရှောင်လမ်းတွေကနေ ကွေ့ပတ်သွားနေကြကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်း က ပြောပြမှာပါ။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေထဲက စစ်ကောင်စီရဲ့ မြေခြန်တပ်ရင်း ခမရ ၃၅၅ ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက မနေ့ မတ်လ ၇ ရက်၊ ကြာသပတေးမှာ ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

ဒီနေ့ သောကြာနေ့မှာတော့ တိုက်ပွဲဖြစ်နေတဲ့ သင်္ဃန်းညီနောင်ကျေးရွာတဝိုက်ကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲ၊ ပစ်ခတ်နေတဲ့အတွက် ဒေသခံအများအပြား မြဝတီမြို့ပေါ်ကို ထွက်ပြေးကြပါတယ်။ အခုဆိုရင်ရွာမှာ ဘယ်သူမှ မနေရဲတော့ကြောင်း ဒီနေ့ မနက်မှ မြဝတီမြို့ပေါ်ကို ရောက်လာတဲ့ ကလေးမိခင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" အရမ်းဆိုးတယ်၊ ကျမတို့ စောစောထွက်လာတယ်ဆိုတော့ အခုကတော့ စစ်ဘေးရှောင်နေရတယ်ဆိုတော့ အတွင်းက အခြေအနေတော့ မသိဘူး။ မြဝတီမှာတော့ ဘာမှမဖြစ်ပါဘူး။ အခုတော့ အေးဆေးပေါ့နော်။ ဒါပေမဲ့ ဖြစ်နေတာက သင်္ဃန်းညီနောင်က ဖြစ်တာပါ။ ထွက်လာတာက များတယ်၊ တချို့တွေက ကြိုတင်ပြီးထွက်ထားတော့လေ တယောက်တနေရာတော့ သွားတော့သွားတာပေါ့၊ ကျမတို့က မြဝတီရောက်လာတာ။"

သင်္ဃန်းညီနောင် ကျေးရွာအုပ်စု၊ အာရှလမ်းမကြီးအပေါ်မှာ တိုက်ပွဲဖြစ်နေတဲ့အတွက် ယာဉ်အသွားအလာ မရှိတော့ဘဲ မြို့ရှောင်လမ်းဖြစ်တဲ့ ထို့ကော်ကိုး လမ်းကနေ မနေ့ကစပြီး သွားနေရကြောင်း မြဝတီက လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" အခုအခင်းဖြစ်တာက အာရှလမ်းမကြီးပေါ်မှာ ခမရ ၃၅၅၊ ၃၅၆ ဆိုပါစို့၊ အာရှလမ်းမကြီးဘေးမှာဆိုတော့ သင်္ဃန်းညီနောင် ရဲစခန်းကလည်း အာရှလမ်းမကြီးဘေးမှာ ကပ်လျက်ဆိုတော့ ယာဉ်အသွားအလာတွေတော့ မရှိသလောက် ဖြစ်သွားပြီဗျ။ ဘယ်ကားမှလည်း လာလို့ရမယ် မထင်ဘူးဗျ။ အဲဒီဘက်က ဒေသခံတွေလည်း သင်္ဃန်းညီနောင်က ဒေသခံတွေလည်း တခြားမြို့တွေဘက် တခြားရွာတွေဘက် ထွက်ပြေး တိမ်းရှောင်တယ်လို့ သိရတယ်ဗျ။"

စစ်ဘေးရှောင် ဘယ်လောက်ရှိနိုင်တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ နီးစပ်တဲ့ လူမှုကူညီရေးတွေက ကောက်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။ စစ်ကောင်စီရဲ့ ခမရ ၃၅၅ ကို KNLA က သိမ်းပိုက်ထားနိုင်ပြီလို့ သတင်းတချို့က ရေးသားနေပေမဲ့ KNU ဘက်ကတော့ တိုက်ပွဲအသေးစိတ်ကို ထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG