သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမြန်မာနယ်စပ် မဲဆောက်မှာ နယ်စပ်ဖြတ်သူတွေကို စိစစ်တင်းကြပ်


မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားအမှတ် (၁) မှာရှိတဲ့ ထိုင်း လဝက စစ်ဆေးရေးဂိတ်။ (ဓာတ်ပုံ-အေးအေးမာ/VOA)
မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားအမှတ် (၁) မှာရှိတဲ့ ထိုင်း လဝက စစ်ဆေးရေးဂိတ်။ (ဓာတ်ပုံ-အေးအေးမာ/VOA)

မြန်မာနိုငံမှာစစ်မူထမ်းဥပဒေ ထွက်အပြီးမှာ ထိုင်း - မြန်မာနယ်စပ် မဲဆောက် - မြဝတီ အမှတ် (၁) ချစ်ကြည်ရေးတံတားကနေ မှတ်ပုံတင်နဲ့ (၇) ရက်နယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့ ဝင်ရောက်လာသူတွေကို ထိုင်းအစိုးရ တာဝန်ရှိသူတွေက စိစစ်ပြီး ထိုင်းဘက်က အထောက်အထားရှိသူတွေက အာမခံပေးမှသာ ဝင်ခွင့်ပေးလာပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာစစ်မူထမ်းဥပဒေ ထွက်အပြီးမှာ ထိုင်း - မြန်မာနယ်စပ် မဲဆောက် - မြဝတီ အမှတ် (၁) ချစ်ကြည်ရေးတံတားကနေ မှတ်ပုံတင်နဲ့ (၇) ရက်နယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့ ဝင်ရောက်လာသူတွေကို ဝင်ခွင့်မပေးဘဲ မဲဆောက်ဘက်က အာမခံသူမရှိရင် ပြန်လွှတ်နေတယ်လို့ နယ်စပ်နေပြည်သူတဦးကပြောပြပါတယ်။

"မနေ့ကတုန်းက ကျနော့်သူငယ်ချင်းတယောက် ထိုင်းဘက်ကိုလာတယ်။ တရားဝင် မြန်မာဘက်ကလက်မှတ်လုပ်ပေးလိုက်တယ်။ ထိုင်းဘက်ကိုရောက်လာတော့ ဂိတ်နံပါတ်တွေရှိတယ်။ ကျနော့်ကိုဖုန်းဆက်လာတယ်။ ကျနော့်ကို အကူညီတောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်ကမ်း (မဲဆောက်) ကနေ' တဲ့-သူက မဲဆောက်မှာဒီလူကမနေပါဘူးဆိုတာကို အာမခံပေးရမယ် ပြောတယ်။ ဒီဘက်မှာနေတဲ့သူက အာမခံပေးရမယ်။ အဲဒါမှလာလို့ရမယ်ပြောတယ်။ ဝင်မရဘူးဆိုလို့။ အဲဒါနဲ့ အဲဒီကလေးလည်း ပြန်လှည့်သွားရတယ်။"

ဒီလိုလုပ်တာဟာ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က စတင်ခဲ့ပြီး ထိုင်းဘက်ခြမ်းဘက်က အထောက်အထားရှိသူတဦးဦးက စာရွက်စာတမ်းတွေပေးပြီး အာမခံရတာလို့ ဆိုပါတယ်။ ဒါပေမယ့် လာတဲ့သူ မပြန်ဘူးဆိုရင် အာမခံတဲ့သူက ပြဿနာဖြစ်နိုင်တဲ့အတွက် အာမခံဖို့မလွယ်ဘူးလို့လည်း ဆိုပါတယ်။"

"ဒီဘက် (မဲဆောက်) ကလူကလည်း လက်မှတ်ပါရင် စကင်ဖတ်ရမယ်။ ပြီးတော့ လာတဲ့သူက ဈေးလာဝယ်တာလား၊ မှန်တယ်ဆိုပြီး ဒီဘက်ကအာမခံတဲ့သူရှိမှ လာခွင့် ဝင်ခွင့်ပေးတယ်။ ကိုယ့်ဘက်ကပြဿနာပေါ့။ ဒီဘက်က လက်မှတ်ကိုလည်း ဘယ်သူဌေးလဲ။ လိပ်စာဘာလဲဆိုတာ ကျနော်တို့ဘက်က ပန်းရောင်ကဒ် (အလုပ်လုပ်ခွင့်လက်မှတ်)၊ ဖုန်းနံပါတ်အကုန်ပေးရမှာ။ သူက အကုန်လုံး မိတ္တူကူးပြီးယူထားလိုက်မှာလေ။"

မြန်မာပြည်သားတွေဟာ စစ်မှုထမ်းဥပဒေမထွက်ခင်ကတည်းက ထိုင်းမှာရရာအလုပ်လုပ်ဖို့အတွက် နယ်စပ်ဖြတ်ကျော်လက်မှတ်တွေကို သက်တမ်းမတိုးဘဲ ထိုင်းဘက်မှာပဲ နေထိုင်နေလိုက်ကြပါတယ်။ အခုလည်း အဲဒီလို မပြန်ကြတဲ့သူတွေများလာတဲ့အတွက် ထိုင်းဘက်က စီစစ်တင်းကြပ်မှုတွေ ပိုများလာတယ်လို့လည်း အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးကပြောပါတယ်။

"၇ ရက်လက်မှတ်ပေါ့။ ၆ ညအိပ် ၇ ရက် လက်မှတ်ပေ့ါ။ အဲဒါ မြန်မာနိင်ငံကလက်မှတ်နဲ့လာရတာ။ အဲဒါမှ အတော်များများက မဲဆောက်မှာနေပြီး မပြန်ကြလို့ အတော်များများကတော့ မဲဆောက်မှာနေတယ်။ ရရာအလုပ် လုပ်တယ်။ ပြီးတော့ ဘန်ကောက်တက်ဖို့လုပ်တယ်။ အဲဒါကြောင့် မပြန်ကြလို့။"

အခုဆိုရင် မြဝတီဘက်ကနေ ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေဟာ ထိုင်းဘက်ခြမ်းမဲဆောက်ဘက်မှာ နေ့သွားညပြန်နဲ့ ဈေးလာရောင်းကြတာတွေကိုလည်း ထိုင်းဘက်က ဖမ်းဆီးနေပါတယ်။ တရားဝင်နယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့လာပေမယ့် ဈေးရောင်းခွင့်မရှိတာကြောင့် ဖမ်းဆီးတာလို့လည်း ဆိုပါတယ်။ အခုဆိုရင် မြန်မာဘက်ကလည်း တင်းကြပ်လာနေပြီး ထိုင်းဘက်လာတဲ့သူတချို့ကို မှတ်ပုံတင်သိမ်းထားသလို ထိုင်းဘက်ကလည်း ထိုင်းဘက်က အထောက်အထားရှိသူတဦးဦးက အာမခံမှသာ ထိုင်းဘက်ကိုဝင်ခွင့်ရမယ်ဆိုပြီး လုပ်ဆောင်လာတာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG