သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်မှာ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်


ဒေါနတောင်တန်းမှာ တွေ့ရတဲ့ Cobra စစ်ကြောင်း (Photo-Cobra စစ်ကြောင်း)
ဒေါနတောင်တန်းမှာ တွေ့ရတဲ့ Cobra စစ်ကြောင်း (Photo-Cobra စစ်ကြောင်း)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ဝင် တယောက်က ပြောပါတယ်။ မကြာသေးခင်က ဒေသခံ လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ခဲ့တဲ့ ထိုင်းနယ်စပ်က မြဝတီမြို့ကို စစ်အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာပါ။ ကော့ကရိတ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ တင်ပြထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲက စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့်စစ်ဆင်ရေးဖြစ်တဲ့အောင်ဇေယျစစ်ဆင်ရေးကို ပြင်းပြင်းထန်ထန်လုပ်ဆောင်နေရာမှာ မေလ ၂၆ရက်နေ့ကတော့ ရင်ဆိုင်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ခေါင်းဆောင်တဦးကပြောပါတယ်။

"တောနော် ရေတံခွန်နားက ဘုရားကုန်းမှာ အောင်ဇေယျစစ်ဆင်ရေးနဲ့ စစ်ကြောင်းထိုးလာပါ။ ဒီဘက်က ၃၁ ဗျူဟာလက်အောက်ခံ ကျားဖြူ စစ်ကြောင်း နဂါးဖြူစစ်ကြောင်းတွေနဲ့ တိုက်ပဲွတွေဖြစ်ပါတယ် ၊ရင်ဆိုင်တိုက်ပဲွဖြစ်ပြီးသူတိုက ပြန်လန်သွားတယ် ထပ်ပြီးတော့ မတိုးလာဘူး အဲဒီလောက် တိုက်ပဲွဖြစ်တယ်၊ သူတို့ဘက်က ထိုးစစ်လည်းဆက်လုပ်တယ်၊ ကျနော်တို့ကဘက်ကလည်းခုခံတယ် တော်လှန်တယ် အပြတ်ချေမှုန်းတယ် အခုချိန်ထိတော့သူတို့(စကစ)က ထပ်တက်မလာတော့ဘူး၊ သူတို့ဘက်က ထရပ်တစီးကိုသိမ်းဆည်းရမိတော့ဖျက်ဆီးလိုက်တယ်"

မြဝတီမြို့ဘက်မှာစစ်ကောင်စီရဲ့အရေးပါတဲ့ဗျူဟာတွေစခန်းတွေကျတဲ့အတွက် စစ်ကူပို့ဖို့အတွက် ဆိုပြီး ဒုချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲကာ မော်လမြိုင်ဘားအံကနေ အောင်ဇေယျစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးဟာ အင်အားအတော်များများသုံးထားသလို စစ်လက်နက် သံချပ်ကာကားတွေကိုပါ အသုံပြုထားတာပါ ။ အဲဒီလိုသုံးထားပေမယ့် ဧပြီ ၇ရက်နေ့က စပြီး တက်လာတာဟာ မြ၀တီဘက်ကို အခုထိ မတက်လာနိုင်သေးပါဘူး။ ကော့ကရိတ်မြို့ထဲကိုတော့ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ကင်းလှည့်နေပေမယ့်ပူးပေါင်းတပ်တွေဘက်ကလည်း ဝိုင်းထားတဲ့ပုံစံဖြစ်နေတယ်လို့ဆိုပါတယ်။

"လက်ရှိတော့ ကျနော်တို့က ဆုတ်ခွါထားတော့ သူတို့ ခလရ ၉၇က ရှိနေတယ် လှည့်ကင်းတွေလုပ်ပြီးမြို့ကိုပတ်နေတယ် တပ်အင်အားတွေရှိနေတယ်"

မြို့ပျက်တခုလိုဖြစ်နေတဲ့ကော့ကရိတ်ထဲမှာလူတွေနေထိုင်တာမရှိတဲ့အတွက် စစ်ကောင်စီဘက်ကလည်း ဒေသခံတွေကို အတင်းအကျပ် ရွာထဲပြန်လာဖို့ဖိအားပေးမူတွေရှိတယ်လို့လည်းပြောပါတယ်။

"အိမ်ခြေမရှိတဲ့သူအတွက်ကကျတော့ပြန်တော့လည်း မိုးလည်းကျပြီဆိုပြီတော့ဆိုတော့နေစရာမှမရှိတာ အခက်အခဲတွေအများကြီးပဲ အခုက သူတို့က တာဝန်ယူတာမဟုတ်ဘူး မြို့ထဲပြန်နေရမယ်ဆိုပြီး အမိန့်ထုတ်ထားတယ် အဲဒီမှာ ပြန်လာရင်လည်း လူသားဒိုင်းလိုအသုံးပြုမှာလေ အဲဒီမှာပြန်မနေဘူးဆိုရင် မီးလောင်ထားတဲ့ သူတွေကို ပေးနေမယ်ဆိုပြီးအမျိုးမျိုး ခြိမ်းခြောက်ထားကြတယ် အဓိက ကတော့မြို့က မြို့ပျက်ကြီးလိုဖြစ်နေတော့ ဆေးရုံဆေးခန်းမရှိဘူး လူနေမူလိုအပ်ချက်တွေဖြည့်ပေးတာမရှိဘူး ကျောင်းတွေလည်း မရှိဘူး အခုဆို ကျောင်းဖွင့်ရာသီမှာကျောင်းတွေလည်းမရှိတော့ဘာမှ မရှိတော့လူတွေက ဘယ်လိုမှ ပြန်နေဖို့မဖြစ်နိုင်ဘူး"

အောင်ဇေယျစစ်ဆင်ရေးကပူးပေါင်းထားတဲ့စစ်ကြောင်းတွေကိုတော့ ပူးပေါင်းတပ်တွေဘက်က တောင်ပိုင်းတိုင်းအမှတ်(၃၂) ဗျူဟာက ဦးဆောင်ကာ KNLA၊ ကော်ဘရာ၊ ကျားသစ်နက်၊ VENOM စစ်ကြောင်းတို့က အဓိက တိုက်ခိုက်နေသလို အမှတ် (၃၁)ဗျူဟာက ကျားဖြူစစ်ကြောင်းနဲ့ တခြားစစ်ကြောင်းတွေလည်း တိုက်ခိုက်နေတာကြောင့်စစ်ကောင်စီက ၂လနီးပါးကြာတဲ့အထိ မြ၀တီမြို့ကိုထိမ်းချုပ်နိုင်တာမျိုးမရှိသေးပါဘူး၊ ကော့ကရိတ် နဲ့မြ၀တီ ခရိုင်အတွင်းကစစ်ကောင်စီ ရဲတပ်စခန်းအသီးသီလည်း လက်လွှတ်ဆုံးရှုံးခဲ့ပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ဖော်ပြောဆိုတာမရှိသေးသလို သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG