သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်အားပြင်း ဟာရီကိန်းအန္တရာယ်အတွက် ဖလော်ရီဒါမှာ ကြိုတင်ပြင်ဆင်


ဖလော်ရီဒါပြည်နယ် Bradenton မြို့မှာ အပူပိုင်းမုန်တိုင်း Idalia ဝင်ရောက်ဖို့ရှိတာကြောင့်
ဒေသခံတွေ ကြိုတင်ပြင်ဆင်နေကြစဉ် (ဩဂုတ် ၂၈၊ ၂၀၂၃)
ဖလော်ရီဒါပြည်နယ် Bradenton မြို့မှာ အပူပိုင်းမုန်တိုင်း Idalia ဝင်ရောက်ဖို့ရှိတာကြောင့် ဒေသခံတွေ ကြိုတင်ပြင်ဆင်နေကြစဉ် (ဩဂုတ် ၂၈၊ ၂၀၂၃)

အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းက ဖလော်ရီဒါပြည်နယ်မှာ ဟာရီကိန်း Idalia ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ဝင်မှာ ဖြစ်တာကြောင့် ကမ်းရိုးတန်းဒေသတွေမှာ မိုးများ ရေကြီးမှုနဲ့ မုန်တိုင်းဒဏ်အကြီးအကျယ်ခံရနိုင်ဖွယ်ရှိကြောင်း အမေရိကန် မိုးလေဝသနဲ့ဇလဗေဒဌာနက ခန့်မှန်းထားပါတယ်။ မုန်တိုင်းကြောင့် ဖလော်ရီဒါပြည်နယ်မှာ မိုးကြီးပြီး မုန်တိုင်းရဲ့ ဗဟိုချက်မက ကမ်းရိုးတန်းဒေသနားကို ကပ်လာချိန် တနာရီကို ၁၀၈ မိုင်လောက် အပြင်းဆုံး တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ကုန်းတွင်းပိုင်းကိုမဝင်ခင် ဟာရီကိန်း Idalia ကို ဒုတိယအပြင်းဆုံးအဆင့် အဆင့် ၄ အထိ အားပြင်းနိုင်တယ်လို့ အမျိုးသားဟာရီကိန်းစင်တာက ခန့်မှန်းထားပါတယ်။ မုန်တိုင်းလမ်းကြောင်းပေါ်က နေရာတွေမှာ မိုးရေချိန် ၉ ပေကနေ ၁၆ ပေအထိ ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ မုန်တိုင်းလမ်းကြောင်းပေါ်က ခရိုင် ၈ ခု ကသူတွေကိုတော့ မဖြစ်မနေ ပြောင်းရွှေ့ဖို့ တာဝန်ရှိသူတွေက အမိန့်ချထားပြီး တခြားခရိုင် ၁၄ ခုက သူတွေကိုတော့ ပြောင်းရွှေ့ကြဖို့ တိုက်တွန်းထားပါတယ်။ မုန်တိုင်းတွင်း ကယ်တင်ဖို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အမျိုးသားအရံတပ်ဖွဲ့ အယောက် ၅၅၀၀ လောက် တာဝန်ချထားပြီးဖြစ်ပြီး လုပ်သား အယောက် ၃၀၀၀၀ ကျော်ကိုလည်း အဆင်သင့် ပြင်ခိုင်းထားပါတယ်။

အမေရိကန်မိုးလေဝသဌာနက ထုတ်ပြန်လိုက်တဲ့ ဂြိုဟ်တုကရိုက်ကူးထားတဲ့ပုံမှာ ဟာရီကိန်း Idalia ဖလော်ရီဒါပြည်နယ်ကို ဝင်ရောက်နေစဉ် (ဩဂုတ် ၃၀၊ ၂၀၂၃)
အမေရိကန်မိုးလေဝသဌာနက ထုတ်ပြန်လိုက်တဲ့ ဂြိုဟ်တုကရိုက်ကူးထားတဲ့ပုံမှာ ဟာရီကိန်း Idalia ဖလော်ရီဒါပြည်နယ်ကို ဝင်ရောက်နေစဉ် (ဩဂုတ် ၃၀၊ ၂၀၂၃)

ဖလော်ဒါပြည်နယ်ကို ဝင်တဲ့ လေပြင်းကြောင့် အနီးအနားက ဂျော်ဂျီယာပြည်နယ်ကိုလည်း ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ဝင်နိုင်ပြီး တောင်နဲ့မြောက်ကယ်ရိုလိုင်းနားပြည်နယ်တွေမှာလည်း ကြာသပတေးနေ့အထိ ရေကြီးနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG