သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Ian ဟာရီကိန္း မုန္တိုင္းေၾကာင့္ ေသဆုံးသူ ၅၀ ေက်ာ္


(Zawgyi / Unicode)

အေမရိကန္ ျပည္ေထာင္စုအတြင္း တိုက္ခတ္ခဲ့တဲ့ မုန္တိုင္းေတြထဲက အင္အား အျပင္းထန္ဆုံး မုန္တိုင္း တခု ျဖစ္တဲ့ ဟာရီကိန္း Ian ေၾကာင့္ ေသဆုံးရသူဟာ တနဂၤေႏြေန႔မွာ အနည္းဆုံး ၅၁ ေယာက္ထိ ရွိသြားၿပီ ျဖစ္ပါတယ္။

မုန္တိုင္းဒဏ္သင့္ ေဒသေတြ အတြင္းက လူေတြကို ကယ္ထုတ္ႏိုင္ေရး အတြက္ ကယ္ဆယ္ေရး လုပ္သားေတြ ဆက္လက္ ရွာေဖြေနၾကၿပီး အထူးသျဖင့္ေတာ့ မုန္တိုင္းဒဏ္ အဆိုးဆုံး ခံရတဲ့ ဖေလာ္ရီဒါ အေနာက္ေတာင္ပိုင္း ကမ္းနား တေလွ်ာက္မွာ ေဆာင္႐ြက္ေနၾကပါတယ္။ တဦးတေယာက္မွ မက်န္ေစေရး အတြက္ ကယ္ဆယ္ေရး လုပ္သားေတြက တအိမ္ၿပီး တအိမ္ ရွာေဖြသြားမွာ ျဖစ္ေၾကာင္း ျပည္ေထာင္စု အေရးေပၚ စီမံခန႔္ခြဲမႈ ေအဂ်င္စီ အႀကီးအကဲ Deanne Criswell က CNN ရဲ႕ State of the Union အစီအစဥ္မွာ ေျပာဆိုခဲ့ပါတယ္။

မုန္တိုင္းဒဏ္ အဆိုးဆုံးခံရတဲ့ ဖေလာ္ရီဒါ ျပည္နယ္မွာ လူေပါင္း ၈ သိန္းေက်ာ္ လွ်ပ္စစ္မီး ျပတ္ေတာက္မႈနဲ႔ ႀကဳံေနရဆဲ ျဖစ္ပါတယ္။ ဖေလာ္ရီဒါ ျပည္နယ္ အေနာက္ေတာင္ပိုင္း ကမ္း႐ိုးတန္းနဲ႔ မကၠဆီကို ပင္လယ္ေကြ႕တေလွ်ာက္မွာ ဗုဒၶဟူးေန႔က ဟာရီကိန္း မုန္းတိုင္း Ian ဝင္ေရာက္ တိုက္ခတ္တာ ျဖစ္ပါတယ္။

ေသဆုံးမႈ အမ်ားစုကေတာ့ Lee County အတြင္းမွာ ျဖစ္ၿပီး မုန္တိုင္း လမ္းေၾကာင္းကို စတင္ ခန႔္မွန္းခ်ိန္က အဲဒီ ေဒသ မပါဝင္ခဲ့ပါဘူး။ ဟာရီကိန္း မုန္တိုင္း Fiona ဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးရတဲ့ Puerto Rico ကို တနလာေနၤ့မွာ သမၼတ Joe Biden သြားေရာက္ဖို႔ စီစဥ္ထားၿပီး ဒီေနာက္မွာေတာ့ ဖေလာ္ရီဒါ ျပည္နယ္ကို ဗုဒၶဟူးေန႔မွာ သြားေရာက္မွာ ျဖစ္ပါတယ္။ ကမ္း႐ိုးတန္း ျပည္နယ္ ေျမာက္ ကယ္႐ိုလိုင္းနားမွာေတာ့ ဟာရီကိန္း မုန္တိုင္း Ian နဲ႔ ဆက္စပ္ ေသဆုံးရသူ ၄ ဦးရွိေၾကာင္း အုပ္ခ်ဳပ္ေရးမႉး႐ုံးက အတည္ျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

Ian ဟာရီကိန်း မုန်တိုင်းကြောင့် သေဆုံးသူ ၅၀ ကျော်

အမေရိကန် ပြည်ထောင်စုအတွင်း တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲက အင်အား အပြင်းထန်ဆုံး မုန်တိုင်း တခု ဖြစ်တဲ့ ဟာရီကိန်း Ian ကြောင့် သေဆုံးရသူဟာ တနင်္ဂနွေနေ့မှာ အနည်းဆုံး ၅၁ ယောက်ထိ ရှိသွားပြီ ဖြစ်ပါတယ်။

မုန်တိုင်းဒဏ်သင့် ဒေသတွေ အတွင်းက လူတွေကို ကယ်ထုတ်နိုင်ရေး အတွက် ကယ်ဆယ်ရေး လုပ်သားတွေ ဆက်လက် ရှာဖွေနေကြပြီး အထူးသဖြင့်တော့ မုန်တိုင်းဒဏ် အဆိုးဆုံး ခံရတဲ့ ဖလော်ရီဒါ အနောက်တောင်ပိုင်း ကမ်းနား တလျှောက်မှာ ဆောင်ရွက်နေကြပါတယ်။ တဦးတယောက်မှ မကျန်စေရေး အတွက် ကယ်ဆယ်ရေး လုပ်သားတွေက တအိမ်ပြီး တအိမ် ရှာဖွေသွားမှာ ဖြစ်ကြောင်း ပြည်ထောင်စု အရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီ အကြီးအကဲ Deanne Criswell က CNN ရဲ့ State of the Union အစီအစဉ်မှာ ပြောဆိုခဲ့ပါတယ်။

မုန်တိုင်းဒဏ် အဆိုးဆုံးခံရတဲ့ ဖလော်ရီဒါ ပြည်နယ်မှာ လူပေါင်း ၈ သိန်းကျော် လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ ကြုံနေရဆဲ ဖြစ်ပါတယ်။ ဖလော်ရီဒါ ပြည်နယ် အနောက်တောင်ပိုင်း ကမ်းရိုးတန်းနဲ့ မက္ကဆီကို ပင်လယ်ကွေ့ တလျှောက်မှာ ဗုဒ္ဓဟူးနေ့က ဟာရီကိန်း မုန်းတိုင်း Ian ဝင်ရောက် တိုက်ခတ်တာ ဖြစ်ပါတယ်။ သေဆုံးမှု အများစုကတော့ Lee County အတွင်းမှာ ဖြစ်ပြီး မုန်တိုင်း လမ်းကြောင်းကို စတင် ခန့်မှန်းချိန်က အဲဒီ ဒေသ မပါဝင်ခဲ့ပါဘူး။

ဟာရီကိန်း မုန်တိုင်း Fiona ဒဏ်ကြောင့် ထိခိုက်ပျက်စီးရတဲ့ Puerto Rico ကို တနလာင်္နေ့မှာ သမ္မတ Joe Biden သွားရောက်ဖို့ စီစဉ်ထားပြီး ဒီနောက်မှာတော့ ဖလော်ရီဒါ ပြည်နယ်ကို ဗုဒ္ဓဟူးနေ့မှာ သွားရောက်မှာ ဖြစ်ပါတယ်။ ကမ်းရိုးတန်း ပြည်နယ် မြောက် ကယ်ရိုလိုင်းနားမှာတော့ ဟာရီကိန်း မုန်တိုင်း Ian နဲ့ ဆက်စပ် သေဆုံးရသူ ၄ ဦးရှိကြောင်း အုပ်ချုပ်ရေးမှူးရုံးက အတည်ပြုထားပါတယ်။

XS
SM
MD
LG