သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးရေးမုန်တီးမှု အခြေပြု ဖလော်ရီဒါပစ်ခတ်မှု ၃ ဦးသေဆုံး


Florida Shooting
Florida Shooting

နာဇီတံဆိပ်ကပ်ထားတဲ့သေနတ်ကိုင်ထားတဲ့ မျက်နှာဖုံးတပ်လူဖြူတဦးက ဖလော်ရီဒါပြည်နယ် စတိုးဆိုင်တဆိုင်မှာ လူမည်းသုံးဦးကို ပစ်သတ်လိုက်ပါတယ်။ ဒါဟာ လူမျိုးရေးမုန်းတီးမှုနဲ့သတ်ဖြတ်တယ်ဆိုတာ ရှင်းနေတာပဲ" လို့ ရဲအရာရှိတွေက ပြောပါတယ်။

လူမည်းအမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတဦးသေဆုံးခဲ့ရတဲ့ ဒီပစ်ခတ်မှုဟာ အာဖရိကနွယ်ဖွား အမေရိကန်တွေရဲ့ ရပ်ကွက်က ဈေးပေါတဲ့ စတိုးဆိုင်တခုမှာဖြစ်သွားခဲ့တာပါ။ ကျူးလွန်ခဲ့တဲ့ သေနတ်သမားဟာ သူ့ရဲ့သေနတ်မှာ နာဇီအမှတ်တံဆိပ်ကို ဆေးခြယ်ထားတဲ့အပြင် လူမျိုးရေးမုန်းတီးမှုကိုကြွေးကြော်ပြီး သူ့ကိုယ်သူပစ်သတ်သွားပါတယ်။ လူမည်းတွေကို မုန်းတီးသူဖြစ်တယ်လို့ ဂျပ်ဆင်ဗေးလ် မြို့ ရဲအရာရှိ T.K Waters က ဆိုပါတယ်။

စနေနေ့ကဖြစ်ခဲ့တဲ့ ဒီပစ်ခတ်မှုဟာ ဒေါက်တာမာတင်လူသာကင်းရဲ့ ကမ္ဘာကျော် "I hava a Dream" "ကျနော့်မှာ မျှော်မှန်းချက် အိပ်မက်တခုရှိတယ်" ဆိုတဲ့မိန့်ခွန်း ဟောပြောခဲ့တဲ့ ဝါရှင်တန်မြို့တော်ဆီချီတက်ပွဲ နှစ် (၆၀) ပြည့် အထိမ်းအမှတ်နေ့မို့ ထောင်နဲ့ချီတဲ့လူတွေ ဝါရှင်တန်မြို့တော်ကို လာရောက်လည်ပတ်နေကြတဲ့နေ့လည်း ဖြစ်ပါတယ်။

ဒီအထိမ်းအမှတ် ဘုတ်အဖွဲ့ဝင်တဦးဖြစ်သူ Rudolf McKissick က ဒေါက်တာ လူသာကင်းရဲ့ မျှော်မှန်းချက်အိပ်မက်ဟာ အခုထိ တကယ်ဖြစ်မလာသေးဘူး၊ တယူသန်အစွန်းရောက်သူတွေနဲ့ အစားထိုးခံလိုက်ရပြီလို့ ပြောကြားလိုက်ပါတယ်။

အသက် ၂၀ အရွယ် လူဖြူသေနတ်သမားဟာ သူတယောက်တည်းလှုပ်ရှားခဲ့တာဖြစ်ပြိး သူ့နောက်ကွယ်မှာ ဘယ်အစုအဖွဲ့တခုရဲ့အထောက်အထားမှ မရှိဘူးလို့ ရဲအရာရှိက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG