သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူျဖဴ လူမည္း တန္းတူအခြင့္အေရး ဦးေဆာင္တိုက္ပဲြ၀င္ခဲ့သူ John Lewis ေအာက္ေမ့ဘြယ္ အခမ္းအနား အေမရိကန္လႊတ္ေတာ္မွာ က်င္းပ


(Zawgyi/Unicode)
ေအေမရိကန္ ကြန္ဂရက္လႊတ္ေတာ္မွာ ႏွစ္ေပါင္းမ်ားစြာ တာဝန္ထမ္းခဲ့တဲ့ ထင္ရွားတဲ့ ဒီမိုကရက္ အမတ္တဦးလည္းျဖစ္၊ ျပည္သူ႔အခြင့္အေရး ေခါင္းေဆာင္တဦးလည္း ျဖစ္တဲ့ ေအာက္လႊတ္ေတာ္အမတ္ John Lewis ရဲ႕ ႐ုပ္အေလာင္းကို တနလၤာေန႔က ၿမိဳ႕ေတာ္ ဝါရွင္တန္ကို သယ္ေဆာင္လာခဲ့ၿပီး ကြန္ဂရက္လႊတ္ေတာ္မွာ တနလၤာနဲ႔ အဂၤါ ႏွစ္ရက္ဆက္တိုက္ ေအာက္ေမ့ဘြယ္ အခမ္းအနား က်င္းပေနပါတယ္။

ဒီမိုကရက္တစ္ပါတီ သမၼတေလာင္းအျဖစ္ လာမယ့္ေ႐ြးေကာက္ပြဲမွာ ယွဥ္ၿပိဳင္မယ့္ ဒုသမၼတေဟာင္း Joe Biden နဲ႔ လက္ရွိ ဒု သမၼတ Mike Pence တို႔လည္း ေအာက္ေမ့ဘြယ္အခမ္းအနားကို တက္ေရာက္ၾကပါတယ္။ အထက္လႊတ္ေတာ္ လူမ်ားစုေခါင္းေဆာင္ ရီပတ္ဘလစ္ကန္အထက္လႊတ္ေတာ္အမတ္ Mitch McConnell နဲ႔ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi တို႔ကလည္း John Lewis နဲ႔ပတ္သက္တဲ့ ဂုဏ္ျပဳအမွတ္တရ စကားေတြ ေျပာခဲ့ၾကပါတယ္။

ေအာက္လႊတ္ေတာ္အမတ္ John Lewis ဟာ ပန္ခရိယ ကင္ဆာ ေဝဒနာကို တႏွစ္ေလာက္ ခံစားခဲ့ရၿပီး ဒီလ ၁၇ ရက္ေန႔ကပဲ အသက္ ၈၀ အ႐ြယ္မွာ ကြယ္လြန္ ခဲ့တာျဖစ္ပါတယ္။ သူ႔ကို ဂုဏ္ျပဳတဲ့အေနနဲ႔ သီတင္းတပတ္ေက်ာ္ၾကာ ေအာက္ေမ့ဘြယ္အခမ္းအနားေတြ ဆက္တိုက္ က်င္းပေနတာျဖစ္ၿပီး တနဂၤေႏြေန႔တုန္းကေတာ့ သူ႔ရဲ႕ဇာတိ Alabama ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ Montgomery မွာ က်င္းပခဲ့ပါတယ္။

“ေသြးစြန္းေသာ တနဂၤေႏြ” လို႔ အေမရိကန္သမိုင္းမွာ သိၾကတဲ့ လြန္ခဲ့တဲ့ ၁၉ ၆၅ ခုႏွစ္ ေမာင္ဂိုမာရီၿမိဳ႕မွာ ျဖစ္ခဲ့တဲ့ အသားအေရာင္ခြဲျခားမႈ အဆုံးသတ္ေရး ခ်ီတက္ဆႏၵျပပြဲအတြင္း John Lewis နဲ႔အတူ တျခား ျပည္သူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူေတြအမ်ားအျပား ႐ိုက္ႏွက္ ႏွိမ္နင္းခံခဲ့ရတဲ့ Selma ၿမိဳ႕က သမိုင္းဝင္ Edmund Pettus တံတားေပၚကေန သူ႔ရဲ႕႐ုပ္အေလာင္းကို ျဖတ္သန္း သယ္ေဆာင္ခဲ့ၾကသလို၊ အမ်ားျပည္သူေတြ သူ႔ကို ေနာက္ဆံုးအၾကိမ္ လာေရာက္ ႏႈတ္ဆက္ ဂါရဝျပဳခြင့္ ရခဲ့ၾကပါတယ္။

ဗုဒၶဟူးေန႔က်ရင္ေတာ့ သူ႔ရဲ႕မဲဆႏၵနယ္ေျမျဖစ္တဲ့ Georgia ျပည္နယ္ Atlanta ၿမိဳ႕ကို ႐ုပ္အေလာင္း သယ္ေဆာင္ၿပီး ေအာက္ေမ့ဘြယ္ အခမ္းအနား က်င္းပဦးမွာပါ။ လႊတ္ေတာ္အမတ္ Lewis ဟာ ၁၉၈၇ ခုႏွစ္ကစလို႔ေဂ်ာ္ဂ်ီယာျပည္နယ္ ကိုယ္စားျပဳ ေအာက္လႊတ္ေတာ္အမတ္အျဖစ္ ကြယ္လြန္ခ်ိန္ ၿပီးခဲ့တဲ့သီတင္းပတ္အထိ တာဝန္ထမ္းခဲ့သူျဖစ္ပါတယ္။

...................

လူဖြူ လူမည်း တန်းတူအခွင့်အရေး ဦးဆောင်တိုက်ပွဲဝင်ခဲ့သူ John Lewis အောက်မေ့ဘွယ် အခမ်းအနား အမေရိကန်လွှတ်တော်မှာ ကျင်းပ

(Unicode)
အေမေရိကန် ကွန်ဂရက်လွှတ်တော်မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့တဲ့ ထင်ရှားတဲ့ ဒီမိုကရက် အမတ်တဦးလည်းဖြစ်၊ ပြည်သူ့အခွင့်အရေး ခေါင်းဆောင်တဦးလည်း ဖြစ်တဲ့ အောက်လွှတ်တော်အမတ် John Lewis ရဲ့ ရုပ်အလောင်းကို တနင်္လာနေ့က မြို့တော် ဝါရှင်တန်ကို သယ်ဆောင်လာခဲ့ပြီး ကွန်ဂရက်လွှတ်တော်မှာ တနင်္လာနဲ့ အင်္ဂါ နှစ်ရက်ဆက်တိုက် အောက်မေ့ဘွယ် အခမ်းအနား ကျင်းပနေပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ဒုသမ္မတဟောင်း Joe Biden နဲ့ လက်ရှိ ဒု သမ္မတ Mike Pence တို့လည်း အောက်မေ့ဘွယ်အခမ်းအနားကို တက်ရောက်ကြပါတယ်။ အထက်လွှတ်တော် လူများစုခေါင်းဆောင် ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ် Mitch McConnell နဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi တို့ကလည်း John Lewis နဲ့ပတ်သက်တဲ့ ဂုဏ်ပြုအမှတ်တရ စကားတွေ ပြောခဲ့ကြပါတယ်။

အောက်လွှတ်တော်အမတ် John Lewis ဟာ ပန်ခရိယ ကင်ဆာ ဝေဒနာကို တနှစ်လောက် ခံစားခဲ့ရပြီး ဒီလ ၁၇ ရက်နေ့ကပဲ အသက် ၈၀ အရွယ်မှာ ကွယ်လွန် ခဲ့တာဖြစ်ပါတယ်။ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သီတင်းတပတ်ကျော်ကြာ အောက်မေ့ဘွယ်အခမ်းအနားတွေ ဆက်တိုက် ကျင်းပနေတာဖြစ်ပြီး တနင်္ဂနွေနေ့တုန်းကတော့ သူ့ရဲ့ဇာတိ Alabama ပြည်နယ်ရဲ့ မြို့တော် Montgomery မှာ ကျင်းပခဲ့ပါတယ်။

“သွေးစွန်းသော တနင်္ဂနွေ” လို့ အမေရိကန်သမိုင်းမှာ သိကြတဲ့ လွန်ခဲ့တဲ့ ၁၉ ၆၅ ခုနှစ် မောင်ဂိုမာရီမြို့မှာ ဖြစ်ခဲ့တဲ့ အသားအရောင်ခွဲခြားမှု အဆုံးသတ်ရေး ချီတက်ဆန္ဒပြပွဲအတွင်း John Lewis နဲ့အတူ တခြား ပြည်သူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေအများအပြား ရိုက်နှက် နှိမ်နင်းခံခဲ့ရတဲ့ Selma မြို့က သမိုင်းဝင် Edmund Pettus တံတားပေါ်ကနေ သူ့ရဲ့ရုပ်အလောင်းကို ဖြတ်သန်း သယ်ဆောင်ခဲ့ကြသလို၊ အများပြည်သူတွေ သူ့ကို နောက်ဆုံးအကြိမ် လာရောက် နှုတ်ဆက် ဂါရဝပြုခွင့် ရခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့ကျရင်တော့ သူ့ရဲ့မဲဆန္ဒနယ်မြေဖြစ်တဲ့ Georgia ပြည်နယ် Atlanta မြို့ကို ရုပ်အလောင်း သယ်ဆောင်ပြီး အောက်မေ့ဘွယ် အခမ်းအနား ကျင်းပဦးမှာပါ။ လွှတ်တော်အမတ် Lewis ဟာ ၁၉၈၇ ခုနှစ်ကစလို့ဂျော်ဂျီယာပြည်နယ် ကိုယ်စားပြု အောက်လွှတ်တော်အမတ်အဖြစ် ကွယ်လွန်ချိန် ပြီးခဲ့တဲ့သီတင်းပတ်အထိ တာဝန်ထမ်းခဲ့သူဖြစ်ပါတယ်။

XS
SM
MD
LG