သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့ခန္ဓာတွေထဲ ဓါတုပစ္စည်းထောင်ဂဏန်းရောက်နေတာ လေ့လာတွေ့ရှိ

စားသောက်ကုန် ထုပ်ပိုးပြင်ဆင်ရေးလုပ်ငန်းသုံး ဓာတုပစ္စည်း ၃,၆၀၀ ကျော်ကို လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာတွေ့ရှိရပြီးတချို့က ကျန်းမာရေး အန္တရာယ်ရှိတယ်လို့ အင်္ဂါနေ့မှာ ထွက်လာတဲ့လေ့လာချက်တခုက ဆိုပါတယ်။

အဲဒီပစ္စည်းတွေထဲက ဓာတုပစ္စည်း ၁၀၀ ဝန်းကျင်ဟာ လူတွေရဲ့ ကျန်းမာရေးအတွက် အကြီးအကျယ် ရတက်မအေးစရာဖြစ်တယ်လို့ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့အခြေစိုက် Food Packaging Forum Foundation က ဦးစီးလေ့လာသူ ဘီအားဂစ် ဂျုကီး (Birgit Geueke) က ပြောပါတယ်။ အဲဒီအန္တရာယ် ဓာတုပစ္စည်းတချို့ကို ပိတ်ပင်ထားပြီးဖြစ်ပေမဲ့ ကျန်တဲ့ဓာတုပစ္စည်းတွေရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုကိုတော့ မသိကြသေးပါဘူး။ ထုပ်ပိုးပစ္စည်းတွေဖြစ်ကြတဲ့ ပလပ်စတစ်၊ စက္ကူ၊ ဖန်၊သတ္တုနဲ့ တခြားပစ္စည်းတွေက ဓာတုပစ္စည်းတွေဟာ အစားအသောက်ထဲကို ရောက်သွားနိုင်ပါတယ်။

အဲဒီလို ဓာတုပစ္စည်း ၁၄,၀၀၀ ကို သုတေသီတွေ က စာရင်းပြုစုထားပြီး ဖြစ်ပါတယ်။ အဲဒီ ဓာတုပစ္စည်းတွေဟာထုတ်လုပ်ရေးဖြစ်စဥ် ကလည်းလာနိုင်သလို မီးဖိုချောင်တွေကလည်း လာနိုင်ပါတယ်။ ဒေါက်တာဘီအားဂစ်နဲ့ အဖွဲ့ဟာ ဒီလေ့လာချက်ကိုစခဲ့ရာမှာ ဓာတုပစ္စည်း ရာဂဏန်းတွေ့ဖို့ မျှော်လင့်ထားခဲ့ကြပေမဲ့ ထောင်ဂဏန်းတွေ့ရှိလိုက်ရတဲ့အတွက်အံ့အားသင့်ခဲ့ရကြောင်းလည်း ပြောပါတယ်။ အစားအသောက်တွေကို ထုပ်ပိုးပစ္စည်းတွေနဲ့ အပူမပေးမိဖို့ သတိပေးပါတယ်။

လူ့ခန္ဓာတွေထဲ ဓါတုပစ္စည်းထောင်ဂဏန်းရောက်နေတာ လေ့လာတွေ့ရှိ
 
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG