သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျားဖြန့်ဂိုဏ်းတွေလက်က လွတ်လာသူ (၇,၀၀၀) နီးပါး ရောက်လာနိုင်ကြောင်း ထိုင်းအစိုးရခန့်မှန်း


ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai
ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai

မြန်မာနိုင်ငံဘက်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းတာကြောင့် ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာတဲ့ နိုင်ငံခြားသား (၇,၀၀၀) လောက်အထိ ရှိနိုင်တဲ့အကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai မနေ့က သတိပေးတာကို The Nation သတင်းစာမှာ ရေးပါတယ်။

နိုင်ငံခြားသားထောင်နဲ့ချီကို နေရပ်ပြန်ပို့ရနိုင်ပြီး ဒီကိစ္စကို သက်ဆိုင်ရာအစိုးရတွေနဲ့ အမြန်ဆုံး ဆက်သွယ် ဆောင်ရွက်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို တိုက်တွန်းထားပါတယ်။

မြဝတီခရိုင်အတွင်းက ငွေလိမ်ဂိုဏ်းတွေကို ကရင်နယ်ခြားစောင့်တပ် (BGF) ကဝင်ရောက်စီးနင်းပြီး တရားမဝင်လုပ်ငန်းတွေလုပ်နေကြသူတွေနဲ့ အတင်းအကျပ်ခိုင်းစေခံနေရသူ နိုင်ငံခြားသားတွေကို ထိန်းသိမ်းထားစဥ်။ (ဖေဖေါ်ဝါရီ ၂၃၊ ၂၀၂၅)
မြဝတီခရိုင်အတွင်းက ငွေလိမ်ဂိုဏ်းတွေကို ကရင်နယ်ခြားစောင့်တပ် (BGF) ကဝင်ရောက်စီးနင်းပြီး တရားမဝင်လုပ်ငန်းတွေလုပ်နေကြသူတွေနဲ့ အတင်းအကျပ်ခိုင်းစေခံနေရသူ နိုင်ငံခြားသားတွေကို ထိန်းသိမ်းထားစဥ်။ (ဖေဖေါ်ဝါရီ ၂၃၊ ၂၀၂၅)

နယ်ခြားကိုထိန်းချုပ်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF က ရွှေကုက္ကိုနဲ့ KK Park နယ်မြေတွေက နိုင်ငံခြားသား (၆,၅၀၀) ကို ဖမ်းဆီးထားပြီး ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ကလည်း (၄၀၀) လောက်ကို ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းတွေ ထွက်နေတာကြောင့် ထိုင်းကာကွယ်ရေးဝန်ကြီးက အခုလို ပြောသွားတာပါ။

ဒီရက်ပိုင်းအတွင်းမှာပဲ ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေမှာအလုပ်လုပ်တဲ့ တရုတ်နိုင်ငံသား (၆၂၀) ကျော်ကို ဖမ်းဆီးပြီးဖြစ်စေ၊ ကယ်တင်ပြီးဖြစ်စေ ထိုင်းနိုင်ငံကတဆင့် တရုတ်နိုင်ငံကို ပြန်ပို့ပြီးဖြစ်ပါတယ်။ ကျားဖြန့် ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေနှိမ်နင်းရေး ထိုင်း၊ မြန်မာ၊ တရုတ် သုံးနိုင်ငံ အစည်းအဝေး မကြာခင် ကျင်းပမယ့် အကြောင်းလည်း ထိုင်း ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG