သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ထောက်လှမ်းရေး အကြီးအကဲ Dan Coats ကို အတည်ပြု


အမျိုးသား ထောက်လှန်းရေးအဖွဲ့ အကြီးအကဲသစ် Dan Coats.

အမျိုးသား ထောက်လှန်းရေးအဖွဲ့ အကြီးအကဲအဖြစ် သမ္မတ Donald Trump အမည်စာရင်း တင်သွင်းထားတဲ့ အထက်လွှတ်တော် အမတ်ဟောင်း Dan Coats ကို အထက်လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပေးလိုက်ပါပြီ။

ထောက်ခံမဲ ၈၂ မဲ ကန့်ကွက်မဲ ၁၂ မဲနဲ့ အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ နယူးရောက်နဲ့ ဝါရှင်တန်တွေက ၂၀၀၁ စက်တင်ဘာ ၁၁ ရက် al-Qaida တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုအပြီး ဖွဲ့စည်းလိုက်တဲ့ ဒီအမေရိကန် ထောက်လှန်းရေး အဖွဲ့အတွက် မစ္စတာ Coats ဟာ ပဉ္စမမြောက် အကြီးအကဲ ဖြစ်ပါတယ်။

မစ္စတာ Coats ဟာ Indiana ပြည်နယ်မှာ အထက်လွှတ်တော်အမတ်အဖြစ် ၁၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ တဦး ဖြစ်ပြီး အရင်သမ္မတ Barack Obama အစိုးရအဖွဲ့ အပြီး တာဝန်ကနေ နှုတ်ထွက်သွားတဲ့ James Clapper နေရာမှာ အစားထိုးခန့်အပ်တာ ခံရတာဖြစ်ပါတယ်။

အမျိုးသားထောက်လှန်းရေး အကြီးအကဲ တဦး အနေနဲ့ မစ္စတာ Coats ဟာ အမေရိကန် ထောက်လှန်းရေး ဌာန ၁၆ ခုကို အုပ်ချုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီ ထောက်လှန်းရေးဌာနတွေဟာ အောင်မြင်မှု မရှိဘူးလို့ သမ္မတ Trump က ဝေဖန်ခဲ့တာပါ။

အရင်က သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူ တဦးဖြစ်ပြီး လက်ရှိမှာ အထက်လွှတ်တော် လက်နက်ကိုင်အဖွဲ့များ ဆိုင်ရာ ကော်မတီဥက္ကဌ လည်းဖြစ်တဲ့ အထက်လွှတ်တော်အမတ် John McCain ကတော့ မစ္စတာ Coats ဟာ ထက်မြက်တဲ့ ထောက်လှန်းရေး အကြီးအကဲတဦး ဖြစ်လာမယ့် အပြင်၊ အမေရိကန် ထောက်လှန်းရေး လောကအတွက် သိက္ခာ ပြန်ဆည်ပေးနိုင်မယ့် သူလို့ တွက်ဆ ထားတာပါ။

ကန်ထောက်လှမ်းရေး အကြီးအကဲ Dan Coats ကို အတည်ပြု
please wait

No media source currently available

0:00 0:00:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG