သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံအမတ်ကြီးဟောင်း Nikki Haley သမ္မတလောင်းပြိုင်ပွဲ အဆုံးသတ်


တောင်ကယ်ရိုလိုင်းနားပြည်နယ် Charleston မြို့မှာ အမေရိကန်သမ္မတလောင်း ရွေးပွဲကနေ နှုတ်ထွက်ကြောင်းကြေညာနေတဲ့ Nikki Haley (မတ် ၆၊ ၂၀၂၄)
တောင်ကယ်ရိုလိုင်းနားပြည်နယ် Charleston မြို့မှာ အမေရိကန်သမ္မတလောင်း ရွေးပွဲကနေ နှုတ်ထွက်ကြောင်းကြေညာနေတဲ့ Nikki Haley (မတ် ၆၊ ၂၀၂၄)

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်းလည်းဖြစ် တောင်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Nikki Haley က ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ရွေးကောက်ပွဲတွေ ရပ်ဆိုင်းလိုက်တဲ့အကြောင်း မတ်လ ၆ ရက် ဗုဒ္ဓဟူးနေ့ မှာ ကြေညာပါတယ်။

ရွေးကောက်ပွဲတွေမှာ တခြား အမေရိကန်ပြည်သူ၊ ပြည်သားတွေရဲ့ အသံတွေကို ကြားခွင့်ရအောင် သူ့အနေနဲ့ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ သူမအနေနဲ့ ရွေးကောက်ပွဲကနေ နှုတ်ထွက်လိုက်ပေမယ့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့မှုအတွက် နောင်တမရကြောင်း ပြောပါတယ်။

Super Tuesday ခေါ် အင်္ဂါနေ့က ပြည်နယ် တဒါဇင်ကျော်မှာ ပါတီတွင်း သမ္မတလောင်း ရွေးကောက်ပွဲတွေမှာ အရေးနိမ့်ခဲ့ပြီးတဲ့နောက် သူ ဆက်ပြိုင်တော့မှာ မဟုတ်တဲ့အကြောင်း Nikki Haley ကြေညာလိုက်တာပါ။ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတဖြစ်ဖို့ ဂျုလိုင်လ ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ပါတီ ညီလာခံမှာ ပြည်နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၁၂၁၅ ယောက်ရဲ့ ထောက်ခံမှု လိုပါတယ်။

သုံးလကျင်းပခဲ့တဲ့ ပါတီတွင်း သမ္မတလောင်း ပဏာမရွေးကောက်ပွဲတွေအတွင်း Donald Trump က Utah ပြည်နယ်အပါအဝင် နေရာ ၁၄ ခုမှာ အနိုင်ရပြီး ကိုယ်စားလှယ် ၉၉၅ ယောက် ရရှိခဲ့ပါတယ်။ Nikki Haley က ကိုယ်စားလှယ် ၈၉ ယောက်သာ ရရှိခဲ့ပါတယ်။

လက်ရှိ သမ္မတ Joe Biden ကို အနိုင်ရဖို့ ဆိုရင် သူ ပါတီကိုယ်စားပြု သမ္မတဖြစ်ဖို့လိုပြီး Donald Trump ပြိုင်ရင် နိုင်မှာ မဟုတ်ဘူးလို့လည်း ပြောဆိုသွားပါတယ်။ ဒါပေမဲ့လည်း မဲဆန္ဒရှင်တွေက ဒါကို လက်မခံဘူးဆိုတာကို ပြောဆိုသွားပါတယ်။

ရွေးကောက်ပွဲကနေ နှုတ်ထွက်သွားပေမယ့် ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်းဖြစ်လာမယ့် Donald Trump ကို ထောက်ခံမယ့်အကြောင်း တရားဝင် ပြောဆိုခဲ့ခြင်းမရှိဘဲ Trump အနေနဲ့ လူထုရဲ့ထောက်ခံမှုရအောင် ကြိုးစားလုပ်ဆောင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

အခုလို Nikki Haley ပြိုင်ပွဲက နုတ်ထွက်လိုက်တဲ့အတွက် သမ္မတဟောင်း Donald Trump တယောက်တည်း ရီပတ်ဘလစ်ကန်ပါတီမှာ ကျန်ခဲ့ပြီး ပါတီကိုယ်စားပြု သမ္မတအဖြစ် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက လက်ရှိ သမ္မတ Joe Biden နဲ့ ၂၀၂၀ ခုနှစ်ကလို ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG