သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲကြားက ဒေသခံတွေ အကာကွယ်ပေးဖို့ Fortify Rights တောင်းဆို


ရခိုင်ဒုက္ခသည်များ ( Rakhine Ethnics Congress )
ရခိုင်ဒုက္ခသည်များ ( Rakhine Ethnics Congress )

ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြား ပိတ်မိနေတဲ့ အရပ်သား ပြည်သူတွေကို အကာအကွယ် ပေးဖို့နဲ့ စစ်ဒဏ် ခံစားနေရတဲ့ ပြည်သူတွေဆီကို လူသားချင်း စာနာ ထောက်ထားမှု အကူအညီတွေ အမြန်ဆုံး ရောက်ဖို့ မြန်မာ အစိုးရနဲ့ AA ရခိုင် လက်နက်ကိုင် အဖွဲ့အနေနဲ့ ဆောင်ရွက်သင့်တယ်လို့ အရှေ့တောင်အာရှ အခြေစိုက် Fortify Rights လူ့အခွင့်အရေး အဖွဲ့ကြီးက ဒီကနေ့ ဇွန်လ ၄ ရက်နေ့ ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

တိုက်ပွဲတွေကြားမှာ ဒေသခံ ရွာသားတွေ ထိခိုက် သေကြေမှုတွေ ရှိနေတာကြောင့် အကာအကွယ် ပေးဖို့လည်း တောင်းဆို လိုက်ပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ လိုအပ်သူတွေဆီ အကူအညီတွေ မလွဲမသွေ ရောက်ရှိဖို့ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးရမှာ ဖြစ်သလို ပြစ်မှု ကျူးလွန်နေသူတွေ ကို အရေးယူနိုင်အောင် နိုင်ငံတကာ အသိုက်အဝန်းက ဝိုင်းဝန်း အားထုတ် ဖို့လည်း လိုနေတယ်လို့ အဲဒီ အဖွဲ့ရဲ့ အမှုဆောင် အရာရှိချုပ် Mathew Smith က ပြောပါတယ်။

ရခိုင်ပြည်နယ်အထဲမှာ ခန့်မှန်းချေ ရိုဟင်ဂျာ ဒုက္ခသည် ၅၉၈၀၀၀ လောက် ရှိနေပြီး တော်တော်များများကတော့ ကန့်သတ်ခံ ရွာတွေနဲ့ ထိန်းသိမ်းရေး စခန်း တွေမှာ နေနေကြရတဲ့အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်အထဲ ဆေးဝါး ပစ္စည်းတွေ အပါအဝင် အကူအညီတွေ ပေးပို့တဲ့ လမ်းကြောင်းတွေကို ကန့်သတ်ထားတာတွေမှာ မြန်မာ စစ်တပ်ရော အရပ်သား အာဏာပိုင်တွေပါ တာဝန်ရှိတယ်လို့လည်း ပြောပါတယ်။

မြန်မာ အစိုးရဟာ အရေးကြီးတဲ့ မြို့နယ် ၅ ခုအတွင်း အကူအညီပေးရေး လမ်းကြောင်းတွေကို ဇန်နဝါရီလ ၁ ရက်နေ့က စပြီး ကန့်သတ်ခဲ့လို့ ကျန်းမာရေး၊ ပညာရေးနဲ့ သောက်သုံးရေ ရရှိရေးကိစ္စတွေမှာ အခက်အခဲ ဖြစ်နေတယ်လို့ လူသားချင်းဆိုင်ရာ အကူအညီ ပေးရေး နိုင်ငံတကာအဖွဲ့ ၁၆ ဖွဲ့က ဧပြီလ ၁ ရက်နေ့က ပူးတွဲ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ လက်နက်ကိုင် ပဋိပက္ခကြားက အရပ်သားတွေကို ကာကွယ်ဖို့ မြန်မာ အစိုးရမှာ တာဝန်ရှိတယ်လို့လည်း Fortify Rights အဖွဲ့ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲကြားက ဒေသခံတွေ အကာကွယ်ပေးဖို့ Fortify Rights တောင်းဆို
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG