သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ကောင်စီကို ICC မှာအရေးယူဖို့ Fortify Rights တိုက်တွန်း


ခင်ဦးမြို့နယ် မြို့သစ်ရွာ နေအိမ်တွေမီးရှို့ခံရ (ဧပြီ ၂၇၊ ၂၀၂၃)
ခင်ဦးမြို့နယ် မြို့သစ်ရွာ နေအိမ်တွေမီးရှို့ခံရ (ဧပြီ ၂၇၊ ၂၀၂၃)

မြန်မာနိုင်ငံကိုညွှန်းဆိုပြီး နိုင်ငံတကာ တရားမျှတမှုကိစ္စတွေဆောင်ရွက်ရာမှာ လိုတစ်မျိုး မလိုတမျိုး ကျင့်သုံးနေတဲ့ ပြဿနာကို ကိုင်တွယ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC ရဲ့ အဖွဲ့ဝင်နိုင်ငံတွေကို လူ့အခွင့်အရေးအဖွဲ့တဖွဲ့ က တနင်္လာနေ့က တိုက်တွန်းကြောင်း Anadolu Agency သတင်းက ဖော်ပြလိုက်ပါတယ်။

အိုင်စီစီကိုဖွဲ့စည်းခဲ့တဲ့ ရောမပဋိညာဥ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံ ၁၂၄ နိုင်ငံရဲ့ ကိုယ်စားလှယ်တွေဟာ နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ တနင်္လာနေ့ကနေ ဒီဇင်ဘာ ၁၄ ရက်နေ့အထိ နှစ်ပတ်လည်အစည်းအဝေးကို တက်ရောက်နေကြပါတယ်။ ဒီနှစ်ဟာ ရောမပဋိညာဥ်စာချုပ်ရဲ့ ၂၅ နှစ်မြောက်နှစ်လည်း ဖြစ်ပါတယ်။ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှုတွေအပါအဝင် ရက်စက်ကြမ်းကြုတ်လှတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်နဲ့ သူ့ကို ထောက်ခံသူတွေဟာ အရေးယူမခံရဘဲ လွတ်လွတ်နေတာ ကြာရှည်လှပြီလို့ Fortify Rights အဖွဲ့က စီအီးအို မက်သယူး စမစ် (Matthew Smith) က ကြေညာချက် မှာ ပြောထားပါတယ်။

မြန်မာက ICC အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ ခေါင်းဆောင်တွေကို ကိုယ်စားပြုတဲ့ ယာယီအမျိုးသား ညီညွတ်ရေးအစိုးရ NUG က ၂၀၀၂ ဇူလိုင် ၁ ရက်နေ့ကစပြီး နောက်ပိုင်းကာလ မြန်မာ့မြေပေါ် မှာ ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ ရောမပဋိညာဥ်ကိုလက်ခံကြောင်း ၂၀၂၁ ဇူလိုင် ၁၇ ရက်နေ့စွဲနဲ့ ICC တရားရုံး ကို အကြောင်းကြား မှတ်တမ်းတင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG