သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်းမြို့တိုက်ခိုက်ခံရမှုနောက်ကွယ်မှာ NUG ပါဝင်ဟု စစ်ကောင်စီစွပ်စွဲ


မုန်းမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များထံ လက်နက်ချအညံ့ခံခဲ့သော စစ်ကောင်စီတပ်သားများ (ဓာတ်ပုံ- NUG ကာကွယ်ရေးဝန်ကြီးဌာန)
မုန်းမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များထံ လက်နက်ချအညံ့ခံခဲ့သော စစ်ကောင်စီတပ်သားများ (ဓာတ်ပုံ- NUG ကာကွယ်ရေးဝန်ကြီးဌာန)

ပဲခူးတိုင်း မုန်းမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်းအားလုံးကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ KNU ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မုန်းမြို့ကို တိုက်ခိုက်ရာမှာ နောက်ကွယ်က NUG၊ တဖန် NUG ရဲ့ နောက်ကွယ်မှာ နိုင်ငံ အဖွဲ့အစည်းတွေရှိနေပြီး ဖိအားပေးတာကြောင့် အင်အားအလုံးအရင်းနဲ့တိုက်ခိုက်တာဖြစ်တယ်လို့ ပြောသွားပါတယ်။ ဘယ်နိုင်ငံလဲဆိုတာကိုရှင်းရှင်းလင်းလင်းမပြောပါဘူး။

ဒါ့အပြင် အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၂၂ ခုနှစ်ကမ္ဘာအဝှမ်းအကြမ်းဖက်မှုအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံတွင်းအကြမ်းဖက်မှုတွေရဲ့ ၅၇ ရာခိုင်နှုန်းကို PDF တွေကျူးလွန်တယ်ဆိုတာကို ဖော်ပြထားတယ်ဆိုပြီးတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကိုးကားပြောဆိုသွားပါတယ်။ ဗွီအိုအေ လေ့လာကြည့်သလောက် ၂၀၂၃ ခုနှစ် ဧပြီလအတွင်းက Development Service Group က အမေရိကန်နိုင်ငံခြားရေးဌာနကို တင်သွင်းတဲ့ အစီရင်ခံစာဖြစ်ပြီး ကမ္ဘာအဝှမ်း အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေရဲ့ လှုပ်ရှားမှုအပေါ်အခြေခံပြီး ပြုစုတဲ့ အစီရင်ခံစာဖြစ်တာတွေ့ရပါတယ်။

၂၀၂၂ ခုနှစ် မြန်မာနိုင်ငံအတွင်း ဖြစ်ရပ်ပေါင်း ၃၉၁ ခုအတွင်း နှစ်ထောင်ကျော်ထိခိုက်သေဆုံးခဲ့တယ်လို့ ဖော်ပြထားတာပါ။ အဲဒီမှာ ဖြစ်ရပ်စုစုပေါင်း ၅၀ ရာခိုင်နှုန်းကို PDF ပြည်သူ့ကာကွယ်ရေးတပ်၊ ၇ ရာခိုင်နှုန်းမှာ CDF ချင်းကာကွယ်ရေးတပ်နဲ့ နောက်ထပ် ၇ ရာခိုင်နှုန်းမှာ KNDF ကရင်နီကာကွယ်ရေးတပ်က တာဝန်ရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီဖြစ်ရပ်တွေအထဲ ၃၈ ရာခိုင်နှုန်းက ပစ်ခတ်မှု၊ ၂၁ ရာခိုင်နှုန်းက မြေမြှုပ်မိုင်းနဲ့ ၁၀ ရာခိုင်နှုန်းက ဗုံးနဲ့တိုက်ခိုက်မှုတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဖြစ်ရပ်တွေရဲ့ ၅၈ ရာခိုင်နှုန်းဟာ မြန်မာစစ်တပ်ကို ပစ်မှတ်ထားတာဖြစ်ပြီး သာမန်ပြည်သူတွေကို ပစ်မှတ်ထားမှုဟာ ၉ ရာခိုင်နှုန်းရှိတယ်လို့လည်း ဖော်ပြထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG