သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရဲအၾကမ္းဖက္မႈ ကန္႔ကြက္သူေတြ ပါရီရဲနဲ႔ ထိပ္တိုက္ေတြ႔


ပါရီၿမိဳ႕ ဆႏၵျပပြဲအတြင္း မ်က္ရည္ဗုံးပစ္ခတ္ ႏွိမ္နင္းေနတဲ့ ျပင္သစ္ရဲတပ္ဖြဲ႔ဝင္မ်ား။ (ဒီဇင္ဘာ ၅၊ ၂၀၂၀)

(Zawgyi / Unicode)

ျပင္သစ္ရဲတပ္ဖြဲ႔ရဲ႕ အၾကမ္းဖက္မႈေတြကို ကန္႔ကြက္႐ႈတ္ခ်သလို သမၼတ Emmanuel Macron ရဲ႕ လံုၿခံဳေရးမူဝါဒဆိုင္ရာ အစီအစဥ္ေတြဟာ ျပည္သူ႔လြတ္လပ္ခြင့္ကို အကန္႔အသတ္ ျဖစ္ေစႏုိင္တယ္ဆိုၿပီး စေနေန႔က ပါရီၿမိဳ႕ေတာ္မွာ လူေပါင္းေထာင္နဲ႔ခ်ီ ဆႏၵျပခဲ့ၾကပါတယ္။

လူငယ္တစုက ေစ်းဆိုင္ျပတင္းေပါက္ကို ႐ုိက္ခြဲခဲ့သလို ဆႏၵျပပြဲ တေနရာမွာေတာ့ ရဲတပ္ဖြဲ႔က မ်က္ရည္ယိုဗံုးသံုးၿပီး လူစုခြဲခဲ့ပါတယ္။

ရဲတပ္ဖြဲ႔ရဲ႕ လုပ္ငန္းတာဝန္ထမ္းေဆာင္မႈပံုေတြ ႐ုိက္ယူျဖန္႔ေဝမႈကို တားျမစ္မယ့္ လံုၿခံဳေရးဆိုင္ရာ ဥပေဒမူၾကမ္း တစိတ္တေဒသကို ျပန္လည္ေရးဆြဲမယ္လို႔ ၿပီးခဲ့တဲ့ သီတင္းပတ္ အေစာပိုင္းမွာ သမၼတ Macron ရဲ႕ အာဏာရပါတီက ေျပာဆိုခဲ့တာပါ။

ျပင္သစ္ၿမိဳ႕ေတာ္မွာ စေနေန႔က အဓိက႐ုဏ္းႏွိမ္နင္းေရး ရဲတပ္ဖြဲ႔ရဲ႕ ေစာင့္ၾကည့္မႈေတြၾကားမွာ ဆႏၵျပသူေတြက ျပင္သစ္ဟာ ရဲတပ္ဖြဲ႔ အခြင့္အေရးကို အာမခံထားတဲ့ေျမ ျဖစ္တယ္၊ လံုၿခံဳေရးဆိုင္ရာ ဥပေဒကို ႐ုပ္သိမ္းေပးဆိုတဲ့ စာတန္းေတြ ကိုင္ေဆာင္ ခ်ီတက္ခဲ့ၾကပါတယ္။

ဆႏၵျပသူေတြကို ရဲက ဝုိင္းထားတာဟာဆိုရင္ မစဥ္းစား မဆင္ျခင္တဲ့ လုပ္ရပ္ျဖစ္တယ္၊ ဆႏၵျပသူေတြကို ရမ္းကားတဲ့လူေတြလို႔ သတ္မွတ္တယ္ဆိုရင္ေတာ့ အစိုးရဟာ ဆႏၵျပသူအားလံုးကို လူမိုက္ လူရမ္းကားေတြအျဖစ္ အကုန္ေရာၿပီး သတ္မွတ္တာျဖစ္တယ္လို႔ အထက္တန္းေက်ာင္းက ဆရာ Emmanuel Thibault က ေျပာသြားပါတယ္။

ၿပီးခဲ့တဲ့ ႏုိဝင္ဘာလကုန္ပိုင္းတုန္းက လူမည္းအမ်ိဳးသား ဂီတထုတ္လုပ္ေရးမွဴး Michel Zecler ကို ရဲတပ္ဖြဲ႔ဝင္ေတြ ႐ုိက္ႏွက္တဲ့ဗီြဒီယို အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ လူထုၾကားမွာ စိတ္ဆိုး ေဒါသထြက္ခဲ့ၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ရဲအကြမ်းဖက်မှု ကန့်ကွက်သူတွေ ပါရီရဲနဲ့ ထိပ်တိုက်တွေ့

ပြင်သစ်ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုတွေကို ကန့်ကွက်ရှုတ်ချသလို သမ္မတ Emmanuel Macron ရဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အစီအစဉ်တွေဟာ ပြည်သူ့လွတ်လပ်ခွင့်ကို အကန့်အသတ် ဖြစ်စေနိုင်တယ်ဆိုပြီး စနေနေ့က ပါရီမြို့တော်မှာ လူပေါင်းထောင်နဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။

လူငယ်တစုက ဈေးဆိုင်ပြတင်းပေါက်ကို ရိုက်ခွဲခဲ့သလို ဆန္ဒပြပွဲ တနေရာမှာတော့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတာဝန်ထမ်းဆောင်မှုပုံတွေ ရိုက်ယူဖြန့်ဝေမှုကို တားမြစ်မယ့် လုံခြုံရေးဆိုင်ရာ ဥပဒေမူကြမ်း တစိတ်တဒေသကို ပြန်လည်ရေးဆွဲမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းမှာ သမ္မတ Macron ရဲ့ အာဏာရပါတီက ပြောဆိုခဲ့တာပါ။

ပြင်သစ်မြို့တော်မှာ စနေနေ့က အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်မှုတွေကြားမှာ ဆန္ဒပြသူတွေက ပြင်သစ်ဟာ ရဲတပ်ဖွဲ့ အခွင့်အရေးကို အာမခံထားတဲ့မြေ ဖြစ်တယ်၊ လုံခြုံရေးဆိုင်ရာ ဥပဒေကို ရုပ်သိမ်းပေးဆိုတဲ့ စာတန်းတွေ ကိုင်ဆောင် ချီတက်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေကို ရဲက ဝိုင်းထားတာဟာဆိုရင် မစဉ်းစား မဆင်ခြင်တဲ့ လုပ်ရပ်ဖြစ်တယ်၊ ဆန္ဒပြသူတွေကို ရမ်းကားတဲ့လူတွေလို့ သတ်မှတ်တယ်ဆိုရင်တော့ အစိုးရဟာ ဆန္ဒပြသူအားလုံးကို လူမိုက် လူရမ်းကားတွေအဖြစ် အကုန်ရောပြီး သတ်မှတ်တာဖြစ်တယ်လို့ အထက်တန်းကျောင်းက ဆရာ Emmanuel Thibault က ပြောသွားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းတုန်းက လူမည်းအမျိုးသား ဂီတထုတ်လုပ်ရေးမှူး Michel Zecler ကို ရဲတပ်ဖွဲ့ဝင်တွေ ရိုက်နှက်တဲ့ဗွီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးနောက် လူထုကြားမှာ စိတ်ဆိုး ဒေါသထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG