သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို ဒေါ်လာ ဘီလီယံ ၅၀ ချေးဖို့ G7 ဆုံးဖြတ် 

 အမေရိကန်သမ္မတ Joe Biden (ယာ) နဲ့ ယူကရိန်းသမ္မတ Volodymyr Zelensky (ဝဲ) တို့ G7 စက်မှုထိပ်သီးညီလာခံမှာ လုံခြုံရေးဆိုင်ရာသဘောတူညီချက်လက်မှတ်ရေးထိုးစဥ်။ (ဇွန် ၁၃၊ ၂၀၂၄)
အမေရိကန်သမ္မတ Joe Biden (ယာ) နဲ့ ယူကရိန်းသမ္မတ Volodymyr Zelensky (ဝဲ) တို့ G7 စက်မှုထိပ်သီးညီလာခံမှာ လုံခြုံရေးဆိုင်ရာသဘောတူညီချက်လက်မှတ်ရေးထိုးစဥ်။ (ဇွန် ၁၃၊ ၂၀၂၄)

အမေရိကန်နဲ့ တခြား G7 စက်မှုထိပ်သီး ၇ နိုင်ငံက ယူကရိန်းကို ဒေါ်လာ ဘီလီယံ ၅၀ ချေးငွေချပေးမှာဖြစ်ကြောင်း ကြာသပတေးနေ့ G7 ထိပ်သီးညီလာခံမှာ ကြေညာခဲ့ပြီး ဒီချေးငွေအတွက် အနောက်နိုင်ငံတွေက ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကရတဲ့အတိုးငွေနဲ့ ယူကရိန်းက ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။

အီတလီနိုင်ငံ Puglia က အပမ်းဖြေစခန်း - Borgo Egnazia မှာ ကျင်းပတဲ့ G7 စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ညီလာခံ ပထမနေ့မှာ G7 ခေါင်းဆောင်တွေနဲ့ သမ္မတဂျိုးဘိုင်ဒန်တွေ့ဆုံအပြီးမှာ အခုလို ကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။ အနောက်မဟာမိတ်နိုင်ငံတွေအနေနဲ့ ယူကရိန်းကို ငွေကြေးထောက်ပံ့ပေးဖို့နဲ့ ယူကရိန်းက ချေးငွေပြန်ဆပ်ရာမှာ ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှု ဒေါ်လာ ဘီလီယံ ၂၈၀ က ရတဲ့ အတိုးငွေကို သုံးဖို့ သူ့အစီစဉ်ကို G7 ခေါင်းဆောင်တွေ သဘောတူရေး သမ္မတဘိုင်ဒန်က တွန်းအားပေးနေတာ ဖြစ်ပါတယ်။

ရုရှားဆီကထိန်းချုပ်ထားတဲ့ ပိုင်ဆိုင်မှုတွေကရမယ့်အတိုးဟာ တနှစ်ကို ၃ ဘီလီယံလောက် ရှိမယ်လို့ ခန့်မှန်းထားတာပါ။ ဒါကြောင့် ဒေါ်လာ ဘီလီယံ ၅၀ ချေးငွေအတွက် ယူကရိန်းက ၁၀ နှစ် လောက်ပြန်ဆပ်ဖို့၊ ဒါမှမဟုတ် ရုရှားက စစ်လျှော်ကြေးပြန်ပေးချိန်အထိ ပြန်ဆပ်ဖို့ ဖြစ်ပါတယ်။ ယူကရိန်းက နှစ်စဉ်အတိုးပေးဖို့ ဝင်ငွေရနေမယ့်အစီအစဉ်ကို အီးယူ ဥရောပသမဂ္ဂက မေလထဲမှာ သဘောတူခဲ့တာပါ။ တခြား G 7 နိုင်ငံတွေ ဘက်ကလည်း ယူကရိန်းအတွက် ဘယ်လောက် ချေးငွေချထားပေးမယ် ဆိုတာကို ကြေညာဖို့ ရှိပါတယ်။

အမေရိကန်က ဒေါ်လာ ဘီလီယံ ၅၀ စလုံး ချထားဖို့ ဆန္ဒရှိကြောင်း ဘိုင်ဒန်အစိုးရအဖွဲ့ အကြီးတန်းအရာရှိတဦးက ပြောပေမယ့် ယူကရိန်းကို အမေရိကန် တနိုင်ငံတည်းက မဟုတ်ပဲ တခြား G7 အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ဒီနှစ်ထဲမှာပဲ ချေးငွေချပေးလိုကြောင်းပြောပါတယ်။

အီးယူဥပဒေအရေ ရုရှားအပေါ် ဒဏ်ခတ်အရေးယူပြီး ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ထားတာကို အဖွဲ့ဝင် ၂၇ နိုင်ငံပါ အီးယူအဖွဲ့က ၆ လတကြိမ် တညီတညွတ်တည်း သဘောတူညီချက် သက်တမ်းတိုးဖို့ လိုအပ်ပါတယ်။

ယူကရိန်းကို ဒေါ်လာ ဘီလီယံ ၅၀ ချေးဖို့ G7 ဆုံးဖြတ်
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG