သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတလွှား ပျော်ရွှင်မှုကျဆင်းကြောင်း စစ်တမ်းသစ်တွေ့ရှိ 


ကမ္ဘာတလွှား ပျော်ရွှင်မှုကျဆင်းကြောင်း စစ်တမ်းသစ်တွေ့ရှိ 
ကမ္ဘာတလွှား ပျော်ရွှင်မှုကျဆင်းကြောင်း စစ်တမ်းသစ်တွေ့ရှိ 

ကမ္ဘာတလွှား ၂၀၂၁ ခုနှစ်မှာ ပိုပြီး ဝမ်းနည်းစရာ၊ စိတ်ဖိစီးစရာတွေနဲ့ ကြုံခဲ့ရကြောင်း မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ သဘောထား စစ်တမ်းသစ်က ဖော်ပြလိုက်ပါတယ်။ ကမ္ဘာတလွှားက အရွယ်ရောက်သူ ၁၀ ယောက်မှာ ၄ ယောက်ဟာ စိုးရိမ်ပူပမ်မှု၊ ဒါမှမဟုတ် စိတ်ဖိစီးမှုနဲ့ ကြုံခဲ့ကြရကြောင်း Gallup စစ်တမ်းက တွေ့ရှိခဲ့တာပါ။ 


ကမ္ဘာတလွှား ပျော်ရွှင်မှုကျဆင်းကြောင်း စစ်တမ်းသစ်တွေ့ရှိ

{{Zawgyi/Unicode}}
ကမ္ဘာတလွှား ၂၀၂၁ ခုနှစ်မှာ ပိုပြီး ဝမ်းနည်းစရာ၊ စိတ်ဖိစီးစရာတွေနဲ့ ကြုံခဲ့ရကြောင်း မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ သဘောထား စစ်တမ်းသစ်က ဖော်ပြလိုက်ပါတယ်။ ကမ္ဘာတလွှားက အရွယ်ရောက်သူ ၁၀ ယောက်မှာ ၄ ယောက်ဟာ စိုးရိမ်ပူပမ်မှု၊ ဒါမှမဟုတ် စိတ်ဖိစီးမှုနဲ့ ကြုံခဲ့ကြရကြောင်း Gallup စစ်တမ်းက တွေ့ရှိခဲ့တာပါ။

ကပ်ရောဂါနဲ့အတူ အထီးကျန်မှုတွေ၊ မရေရာမှုတွေဟာ အဓိက အကြောင်းရင်း ဖြစ်ပေမဲ့ တခြားအကြောင်းတွေလည်း ရှိနေပါတယ်။ စိတ်ကျန်းမာရေး ကျဆင်းရတဲ့ အကြောင်းရင်းတွေထဲမှာ ကျွမ်းကျင်မှုနည်းပါးတဲ့ လုပ်သားတွေ စီးပွားရေး မရေမရာ အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အချက်လည်း ပါဝင်တယ်လို့ စစ်တမ်းပြုစုသူတွေက ပြောပါတယ်။

ပညာရေး အဆင့်အတန်းနိမ့်ပါးတဲ့ လူငယ်တွေ အနာဂတ်အတွက် မရေမရာ ဖြစ်နေရတာ၊ ကျွမ်းကျင်လုပ်သားနဲ့ ကျွမ်းကျင်မှု မရှိတဲ့သူတွေကြား ကွာဟချက်တွေဟာလည်း အခြေခံအကြောင်းရင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတွေနဲ့ ဒေသပေါင်း ၁၂၂ ခုက အရွယ်ရောက်သူတွေရဲ့ သဘောထားကို မေးမြန်းပြုစုထားတဲ့ ကမ္ဘာတလွှား စိတ်ခံစားမှုဆိုင်ရာ အစီရင်ခံစာသစ်မှာ အာဖဂနစ္စတန်နိုင်ငံဟာ ပျော်ရွှင်မှုအနည်းဆုံး နိုင်ငံအဖြစ်နဲ့ ထည့်သွင်းထားပါတယ်။

၂၀၂၁ ခုနှစ်အတွက် စစ်တမ်းသစ်မှာ အကောင်းဖက် အနေနဲ့ကတော့ မကြာခဏ ပြုံးတတ်၊ ရယ်မောတတ်တဲ့သူ ၂ ရာခိုင်နှုန်း တိုးလာတာတွေ့ရပြီး၊ သင်ယူလိုတဲ့ စိတ်ဝင်စားစရာ တခုခုကို တွေ့ရှိတဲ့သူ အရေအတွက်က ၁ ရာခိုင်နှုန်း တိုးလာတာ တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

........................................................



{{Zawgyi/Unicode}}





XS
SM
MD
LG