သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ ဂမ္ဘီယာအမႈ ICJ လက္ခံစီရင္ခြင့္မရွိသလို ဂမ္ဘီယာကလည္း စြဲဆိုခြင့္မရွိ ( ျမန္မာကိုယ္စားလွယ္)  


ျမန္မာနဲ႔ ဂမ္ဘီယာအမႈ ICJ လက္ခံစီရင္ခြင့္မရွိသလို ဂမ္ဘီယာကလည္း စြဲဆိုခြင့္မရွိ ( ျမန္မာကိုယ္စားလွယ္)

နယ္သာလန္ႏိုင္ငံ သဟိဘ္ၿမိဳ႕ ICJ တရားရုံးမွာ ဂမ္ဘီယာနဲ႔ ျမန္မာအမႈ ၾကားနာပြဲအတြင္း ICJ အေနနဲ႔ ဒီအမႈကို လက္ခံ စီရင္ပိုင္ခြင့္မရွိသလို ဂမ္ဘီယာအေနနဲ႔လည္း တင္ျပစြဲဆုိပိုင္ခြင့္မရွိဘူးလို႔ ျမန္မာဖက္က ေခ်ပသြားပါတယ္။ ဗြီအိုေအ ဌာနမွဴး ဦးသန္းလြင္ထြန္း ကို တာဝန္က် အယ္ဒီတာ ေဒၚခင္မ်ဳိးသက္ က ေမးျမန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

ျမန္မာနဲ႔ ဂမ္ဘီယာအမႈ ICJ လက္ခံစီရင္ခြင့္မရွိသလို ဂမ္ဘီယာကလည္း စြဲဆိုခြင့္မရွိ ( ျမန္မာကိုယ္စားလွယ္)
{{Zawgyi/Unicode}}
ေဖေဖာ္ဝါရီ ၂၅ရက္ေန႔ ေသာၾကာေန႔က နယ္သာလန္ႏိုင္ငံ သဟိဘ္ၿမိဳ႕ ICJ တရားရုံးမွာ ဂမ္ဘီယာ နဲ႔ ျမန္မာအမႈ တတိယေန႔ ၾကားနာပြဲအတြင္း ICJ အေနနဲ႔ ဒီအမႈကို လက္ခံ စီရင္ပိုင္ခြင့္မရွိသလို ဂမ္ဘီယာအေနနဲ႔လည္း တင္ျပစြဲဆုိပိုင္ခြင့္မရွိဘူးလို႔ ျမန္မာဖက္က ေခ်ပသြားပါတယ္။ ဗုဒ္ဓဟူးေန႔က ျပဳလုပ္ခဲ့တဲ့ ဒုတိယေန႔ၾကားနာပြဲမွာေတာ့ ျမန္မာဖက္က ဘယ္လိုေခ်ပခဲ့သလဲဆိုတဲ့ အေသးစိတ္ကိုေတာ့ ဗြီအိုေအ ဌာနမွဴး ဦးသန္းလြင္ထြန္း ကို တာဝန္က် အယ္ဒီတာ ေဒၚခင္မ်ဳိးသက္ က ေမးျမန္းထားပါတယ္။

ေဒၚခင္မ်ဳိးသက္ (တာဝန္က် အယ္ဒီတာ ၊ဗြီအိုေအ ျမန္မာပိုင္း ) ။. ။ အဓိက ျမန္မာဖက္က ဘာေတြ ေလွ်ာက္လဲခဲသလဲ ဆိုတာ ပထမဆုံး ေျပာျပေပးပါ။

ဦးသန္းလြင္ထြန္း (ဌာနမွဴး၊ ဗြီအိုေအ ျမန္မာပိုင္း) ။. ။ ဟုတ္ကဲ ေသာၾကာေန႔ကေတာ့ ဗမာဖက္က ဒုတိယအႀကိမ္နဲ႔ အဆုံးသတ္ ေလွ်ာက္လဲခ်က္ပါ။ ပထမဦးဆုံး ၂၁ ရက္ေန႔က ေလွ်ာက္လဲခ်က္ေတြမွာ အခ်က္ ၄ ခ်က္ကို ေျပာခဲ့တယ္။ အဲဒါၿပီးေတာ့ ဂမ္ဘီယာဖက္ကေန ျပန္လည္ေခ်ပတယ္။ အခု ဗမာဖက္က အဆုံးသတ္ေလွ်ာက္လဲခ်က္မွာေတာ့ အဓိကအားျဖင့္ အဖြဲ႔ေခါင္းေဆာင္ ဦးကိုကိုလိႈင္ ရဲ႕ တင္ျပခ်က္အရဆိုရင္ေတာ့ ၂ ခ်က္ပဲ။ ICJ တရားရုံးအေနနဲ႔ ျမန္မာႏိုင္ငံကေနၿပီးေတာ့ ခြ်င္းခ်က္ထားတဲ့ ပုဒ္မ ပုဒ္ခြဲ၈ အရ ဒါက လက္ခံႏိုင္ခြင့္မရွိဘူးဆိုတဲ့အခ်က္ရယ္။ နံပတ္ ၂ အခ်က္က ဂမ္ဘီယာအေနနဲ႔လည္း ျမန္မာႏိုင္ငံကို စြဲခ်က္တင္ခြင့္မရွိဘူးဆိုတဲ့အခ်က္။ ဒီ ၂ခ်က္ကိုပဲ ျမန္မာႏိုင္ငံက ျငင္းၿပီးေတာ့ ICJ အေနနဲ႔ ဆုံးျဖတ္ေပးပါဆိုၿပီးေတာ့ သီးသန္႔ေလွ်ာက္လႊဲခဲ့တာပါ။ အဲဒါကိုပဲ ဂမ္ဘီယာ ဖက္က တနလၤာေန႔မွာ ျပန္ၿပီးေတာ့ အဆုံးသတ္ေလွ်ာက္လဲဖို႔ရွိပါတယ္။

ICJ တရား႐ံုးမွာ ျမန္မာႏုိင္ငံဘက္က ခုခံေခ်ပေပးခဲ့တဲ့ ႏိုင္ငံတကာတရားရံုးေရွ႕ေနမ်ား။ (ဝဲမွယာ) Mr. Stefan Talmon, Mr. Christopher Staker
ICJ တရား႐ံုးမွာ ျမန္မာႏုိင္ငံဘက္က ခုခံေခ်ပေပးခဲ့တဲ့ ႏိုင္ငံတကာတရားရံုးေရွ႕ေနမ်ား။ (ဝဲမွယာ) Mr. Stefan Talmon, Mr. Christopher Staker

ေဒၚခင္မ်ဳိးသက္ (တာဝန္က် အယ္ဒီတာ ၊ဗြီအိုေအ ျမန္မာပိုင္း ) ။. ။ ICJ ကေနၿပီးေတာ့ လက္ခံစီရင္ပိုင္ခြင့္မရွိဘူးဆိုၿပီးေတာ့ ျမန္မာဖက္က ေျပာတာ ဘယ္အခ်က္ေတြကို မူတည္ၿ့ပီးေတာ့ ေျပာတာပါလဲ။

ဦးသန္းလြင္ထြန္း (ဌာနမွဴး၊ ဗြီအိုေအ ျမန္မာပိုင္း) ။. ။ အဓိကအခ်က္ကေတာ့ ၁၉ ၄၈ ခုႏွစ္ Genocide Convention လို႔ေခၚတဲ့ လူမ်ဳိးတုံးသတ္ျဖတ္မႈ တားဆီးေရး ပဋိညာဥ္စာခ်ဳပ္ေပါ့ ။ အဲဒီအထဲမွာပါတဲ့ အဓီက အၿငင္းအခုံကေတာ့ အပုိဒ္ခြဲ ၈ လို႔ေခၚပါတယ္။ အဲဒီမွာ ဘာေျပာထားလဲဆိုေတာ့ ျပသာနာေပၚလာခဲ့ရင္ စာခ်ဳပ္ကို လက္မွတ္ထုိးထားတဲ့ ႏိုင္ငံေတြအေနနဲ႔ ဒီစာခ်ဳပ္ပါအခ်က္ေတြကို ခ်ုိးေဖာက္ေနတဲ့ႏိုင္ငံေတြရွိေနတယ္ဆိုလို႔ရွိရင္ ကုလသမဂၢလက္ေအာက္ခံ သက္ဆိုင္ရာ အဖြဲ႔အစည္းတခုခုကို တင္ျပအေရးယူပိုင္ခြင့္ရွိတယ္လို႔ေရးထားတယ္။ အဲဒီေရးထားတဲ့အခ်က္ကို ဗမာက ျခြင္းခ်က္အေနနဲ႔ထားၿပီး လက္မွတ္ထုိးထားၿပီးျဖစ္တယ္။ အဲလိုျခြင္းခ်က္ထားတဲ့အတြက္ဆုိၿပီး ျမန္မာက ICJ အေနနဲ႔ ဂမ္ဘီယာက တင္ျပထားတာကို လက္ခံလို႔မရဘူးဆိုတာကို ျငင္းခ်က္ပါ။ အေစာပိုင္းတုံးကေတာ့ အပိုဒ္ခြဲ ၉ ဆိုတာရွိတယ္။ သူကအေသးစိတ္ေပါ့ေနာ္။ အဖြဲ႔ဝင္ႏိုင္ငံေတြအေနနဲ႔ လူမ်ဳိးတုံး ပဋိညာဥ္စာခ်ဳပ္ေတြ ခ်ဳိးေဖာက္မႈနဲ႔ ပတ္သက္ၿပီးေတာ့ မေၾကနပ္ခ်က္ တခုခုရွိလိုရွိရင္ ICJ အဖြဲ႔ကို ဦးတိုက္ေလွ်ာက္ထားႏိုင္တယ္ ဆိုၿပီးေရးထားတယ္။ ဒီအခ်က္ကို ဂမ္ဘီယာ က ျပန္ကိုင္ၿပီးေတာ့ ဗမာအစိုးရဟာ အဲဒီတုံးက အပုိဒ္ခြဲ ၈ ကို ျခြင္းခ်က္ထားၿပီးေတာ့ အပုိဒ္ခြဲ ၉ ကို လက္မွတ္ထုိးထားတယ္။ အဲဒီေတာ့ အပိုဒ္ခြဲ ၉ အရဆိုရင္ ဂမ္ဘီယာ ဟာ ဗမာကိစၥကို စီရင္ပိုင္ခြင့္ရွိတယ္လို႔ေျပာထားတယ္။ ဗမာက အခုေနာက္ဆုံးျငင္းခ်က္မွာေတာ့ အပုိဒ္ခြဲ ၈ ဆိုတဲ့သေဘာထဲမွာပါတဲ့ ကုလသမဂၢလက္ေအာက္ခံ သက္ဆိုင္ရာ ႏိုင္ငံတကာ အဖြဲ႔အစည္းဆိုတာထဲမွာ ICJဆိုတာ မပါဘူးလာေပါ့ေနာ္ ။ ICJ ဆိုတာေနတာပဲဆိုၿပီးဗမာက ျပန္ျငင္းတယ္။ အလားတူပဲ ဒီလိုအပုိဒ္ခြဲ ၈ ဟာ ဒီလို စကားလုံး အသုံးအႏႈန္းနဲ႔ ၿခဳံငုံၿပီးတာ့ ေျပာျပထားတာ။ သူနဲ႔ ဆက္စပ္တဲ့ အပိုဒ္ခြဲ ၉ ထဲမွာၾကမွ အေသးစိတ္ေပါ့ေနာ္။ ICJ ဆိုၿပီးေတာ့ ထဲထားတာ။ ဒီၿခဳံငုံသုံးသပ္ၿပီးေတာ့ ေျပာျပထားတဲ့ အပိုဒ္ခြဲ ၈ ကို ဗမာက ျခြင္းခ်က္ထားတဲ့အတြက္ေၾကာင့္ ICJ မွာ ဒီကိစၥတရားစြဲဆိုပိုင္ခြင့္မရွိဘူး ဆိုၿပီး ျပန္ျငင္းတာ။ အလားတူပဲ ဗမာအေနနဲ႔ ဒီကိစၥကို၁၉ ၄၈ ကတည္းက ေသျခာစဥ္းစားသုံးသပ္ခဲ့ၿပီး ျခြင္းခ်က္ထားခဲ့တာ။ ဒီလိုျခြင္းခ်က္ထားတဲ့ကိစၥတခုကို ICJ က လ်စ္လွ်ဴခဲ့တယ္ဆိုရင္ေတာ့ ဒီျခြင္းခ်က္ဆိုတာရဲ႕ အဓိပၸါယ္ကို ဘာျဖစ္မလဲ။ ဒီလိုျခြင္းခ်က္ထားတဲ့ ႏိုင္ငံေတြကိုမေလးစားရာ ေရာက္တယ္ဆိုၿပီး သူကေျပာတယ္။ တျခားအခ်က္ေတြကိုလည္း ထဲ့ေျပာတာရွိပါတယ္။ အဓိကအားျဖစ္ အႏွစ္ခ်ဳပ္ကေတာ့ ဒီ ICJ မွာ အပိုဒ္ခြဲ ၈ ကို ျခြင္းခ်က္ထားတဲ့အတြက္ေၾကာင့္ တရားစီရင္ပိုင္ခြင့္မရွိဘူးလို႔ေျပာတာပါ။

ရိုဟင္ဂ်ာ Genocide အမႈ ျမန္မာႏိုင္ငံအေပၚ စဲြဆိုခြင္႔ ရွိ ေၾကာင္း ICJ မွာ Gambia ေလွ်ာက္လဲ
ရိုဟင္ဂ်ာ Genocide အမႈ ျမန္မာႏိုင္ငံအေပၚ စဲြဆိုခြင္႔ ရွိ ေၾကာင္း ICJ မွာ Gambia ေလွ်ာက္လဲ

ေဒၚခင္မ်ဳိးသက္ (တာဝန္က် အယ္ဒီတာ ၊ဗြီအိုေအ ျမန္မာပိုင္း ) ။. ။ ဂမ္ဘီယာအေနနဲ႔ တင္ျပစြဲဆိုပိုင္ခြင့္မရွိဘူးဆိုတာ ဘာအေထာက္အထားေတြနဲ႔ ေျပာသြားတာလဲ။ ဥပမာ ဆိုရင္ Genocide Convention အေနနဲ႔ ဂမ္ဘီယာ OIC အတြက္ ေဆာင္ရြက္ေနတယ္ဆိုတာေပါ့။ ဒါေတြနဲ႔ ပတ္သက္လို႔ ဗမာဖက္က ေျပာသြားတာကို နည္းနည္းေျပာျပေပးပါအုန္း။

ဦးသန္းလြင္ထြန္း (ဌာနမွဴး၊ ဗြီအိုေအ ျမန္မာပိုင္း) ။. ။ ဟုတ္ကဲ အဲဒါက ပထမေန႔ေတြကတည္းက ဗမာဖက္က ေျပာပါတယ္။ စာခ်ဳပ္လက္မွတ္ထုိးထားတဲ့ အဖြဲ႔ဝင္တခုအေနနဲ႔ ဂမ္ဘီယာက OIC အဖြဲ႔ ကို ကုိယ္စားျပဳလုပ္တယ္ဆိုတာကေတာ့ ထင္ရွားပါတယ္ေပါ့ေနာ္။ ဒါေပမယ့္လည္း ဒုတိယေန႔တုံးက ဂမ္ဘီယာ က သူဖက္က အေထာက္အထားေတြ မ်ုိးစုံနဲ႔ ရွင္းပါတယ္။ အထူးသျဖင့္ ဂမ္ဘီယာ က အခ်ဳပ္အျခာႏိုင္ငံျဖစ္တယ္ေပါ့။ OIC လက္ေအာက္ခံမျဖစ္ဘူး။ သူကိုယ္တိုင္ ဦးေဆာင္ၿပီးေတာ့မွ OIC ကို တင္ျပ အကူအညီယူၿပီးေတာ့ ဒီကိစၥလုပ္ရပါတယ္ဆိုတဲ့ သေဘာေျပာတယ္။ အခုဒီေန႔ ေနာက္ဆုံး ျပန္ၿပီေတာ့ ျငင္းတဲ့ အခါၾကေတာ့ ဗမာဖက္က အျမင္ကေတာ့ OIC က သူရဲ႕ႏိုင္ငံျခားေရးဝန္ႀကီးအစည္းအေဝးေတြ၊ အလားတူပဲ OIC ေကာ္မီတီကိုဖြဲ႔တယ္။ ေကာ္မတီမွာ ဂမ္ဘီယာႏိုင္ငံကို ေခါင္းေဆာင္တင္တယ္။ ၿပီးေတာ့မွ ဗမာကိစၥအေရးကို ဆက္လက္ လုပ္ေဆာင္ဖို႔ဆိုၿပီး ဆုံျဖတ္ခ်က္ခ်တယ္။ ဂမ္ဘီယာႏိုင္ငံရဲ႕ အစိုးရအစည္းအေဝးမွာ ဒီကိစၥကိုအတည္ျပဳၿပီးေတာ့မွ ဂမ္ဘီယာက လုပ္တယ္ေျပာတယ္။ ဒီသေဘာကို ၾကည့္မယ္ဆိုရင္ ဂမ္ဘီယာက သူေျပာတာေတြနဲ႔ ေျပာင္းျပန္ျဖစ္ေနတယ္။ OIC ကပဲ ေခါင္းေဆာင္ၿပီးေတာ့ ဂမ္ဘီယာကို ကို္ယ္စားလွယ္နဲ႔လုပ္တာ ထင္ရွားပါတယ္ဆိုတဲ့အခ်က္ကို သူကျပတယ္။ ေနာက္တခ်က္က Injured State လိုေခၚတဲ့ တိုက္ရိုက္နစ္နာတဲ့ႏိုင္ငံမဟုတ္ဘူးေပါ့။ သက္ဆိုင္မႈမရွိဘူးေပါ့။ အေစာပိုင္း ဂမ္ဘီယာက သူေျပာသြားတာက တိုက္ရိုက္နစ္နာတာမရွိေပမယ့္လည္း တာဝန္နဲ႔ ဝတၱရားေပါ့ေနာ္။ Standing of responsibility ။ ဒီ Standing လို႔ေျပာတဲ့အခါမွာ သူရဲ႕တာဝန္ရွိလို႔လုပ္တာေပါ့။ စာခ်ဳပ္အဖြဲ႔ဝင္ႏိုင္ငံတခုအေနနဲ႔ သူနဲ႔မဆိုင္ဘူးလို႔ေျပာလို႔မရဘူးေပါ့။ ႏိုင္ငံတကာမွာ လူ႔အခြင္အေရး ခ်ုိးေဖာက္မႈေတြျဖစ္ေနတာကို သူနဲ႔ တိုက္ရိုက္မပတ္သက္ဘူး။ ေဝးေနတာကို ရပ္တည္ခ်က္ တာဝန္အတုိင္းလုပ္ရတာပါဆိုၿပီးေတာ့ ေျပာတယ္။ ဗမာဖက္က ဒီေန႔ ျပန္ၿပီးေတာ့ ေျပာတာက အထူးသျဖင့္ေတာ့ Nationality of the Identity of The Claim ေပါ့ေနာ္။ ဒီလုိလုပ္ပိုင္ခြင့္ရွိတဲ့ ႏိုင္ငံေတြရဲ႕ အခြင့္အေရး သတ္မွတ္ခ်က္ေတြ ျပဌာန္းထားတာ႔ရွိတယ္။ အဲဒီသတ္မွတ္ထားတဲ့အခ်က္နဲ႔ပဲ ICJ အေနနဲ႔ ဆုိျဖတ္ပါဆိုၿပီး တျခားဥပေဒအကိုးအကားေတြနဲ႔ ေျပာတာရွိတယ္။

ေဒၚခင္မ်ဳိးသက္ (တာဝန္က် အယ္ဒီတာ ၊ဗြီအိုေအ ျမန္မာပိုင္း ) ။. ။ ဂမ္ဘီယာနဲ႔ ဗမာအၾကားမွာ အျငင္းပြားမႈရွိခဲ့တယ္ဆိုၿပီး ဗုဒ္ဓဟူးေန႔က ဂမ္ဘီယာက ေျပာသြားတာရွိတယ္။ ဒါနဲ႔ပတ္သက္ၿပီး ျမန္မာဖက္က ဘာေတြျပန္ရွင္းပါသလဲ။

ဦးသန္းလြင္ထြန္း (ဌာနမွဴး၊ ဗြီအိုေအ ျမန္မာပိုင္း) ။. ။ ဂမ္ဘီယာဖက္က အဓိက ျပန္ေျပာတာကေတာ့ သူက ကုလသမဂၢမွာလည္း အေထြေထြညီလာခံမွာ သူေျပာတယ္။ အလားတူပဲ OIC က Statement ေတြထုတ္တဲ့အခါမွာလည္း ဗမာႏိုင္ငံျခားေရးဝန္ႀကီးဌာနကေန ျပန္ၿပီးေတာ့ ကန္႔ကြက္တဲ့ ေၾကညာခ်က္ေတြထုတ္ထားတာရွိတယ္။ အဲဒါအျပင္ကို ေနာက္ထပ္က ဘာလဲဆိုေတာ့ ဂမ္ဘီယာကေနၿပီးေတာ့ ျမန္မာႏိုင္ငံ ကုလသမဂၢသံရုံးကို စာမ်က္ႏွာ ၂ မ်က္ႏွာရွိတဲ့ စာတေဆာင္ပို႔ေပးတယ္။ ဗမာက မျပန္ဘူး။ မျပန္တဲ့အျပင္ကို သူက ရက္ေပါင္း ၃ဝ ေလာက္အထိ ဘာမွမတုံျပန္ဘူးေပါ့ေနာ္။ ဒီလိုမတုံျပန္တာဟာ တကယ္တန္းၾကေတာ့ ဆိတ္ဆိတ္ေနၿပီးေတာ့ အၿငင္းပြားမႈကို ညႊန္းဆိုေနတဲ့ဟာေပါ့ေနာ္။ ဒါေတြဟာ ျမန္မာနဲ႔ ဂမ္ဘီယာအၾကားအျငင္းပြားမႈဆိုတာကို ေျပာထားတာရိွိတယ္။ ဒီေန႔ ျမန္မာဖက္က ဥပေဒပညာရွင္ေတြကေတာ့ အျငင္းမႈဆိုတာကို ျပန္ၿပီးေတာ့ အဓိပၸါယ္ဖြင့္တယ္ေလ။ တေယာက္နဲ႔ တေယာက္အျငင္းပြားၾကတယ္ဆိုရင္ တဖက္ရဲ႕ သေဘာထားကို သိၾကရတယ္။ သိၾကရၿပီးေတာ့မွ ဒီအခ်က္လက္ေတြကို ညွိႏိႈင္းၿပီးေတာ့မွ မေျပလည္ႏိုင္တဲ့အတြက္ေၾကာင့္ သက္ဆိုင္ရာ တရားရုံးကို ဦးတိုက္ေလွ်ာက္ထားရတာကို။ ဒါေပမယ့္ သူက ျပန္ၿပီးေတာ့ စြပ္စြဲတာက ဂမ္ဘီယာအေနနဲ႔ လုပ္လာတဲ့အေျခအေနေတြကို ၾကည့္မယ္ဆိုလို႔ရွိရင္ "dispute for purpose of court" တရား႐ုံးတင္ဘို႔ရည္႐ြယ္ခ်က္သက္သက္နဲ႔ လုပ္ေဆာင္ခဲ့တဲ့အကြက္ေတြလို႔ျမန္မာဘက္ကဥပေဒပညာရွင္ေတြက စြပ္စြဲတယ္။ အဲဒါအျပင္ကို ဂမ္ဘီယာကပို႔တဲစာထဲမွာ တကယ္တန္း သက္ေသ ဥပေဒအေၾကာင္းအရ အေရးယူမယ္ဆိုတဲ့ စာသားမပါဘူး။ ၿပီးေတာ့ ရက္ေပါင္း ၃ဝ ဆိုတဲ့ကိစၥက တကယ္တန္း လုံေလာက္တဲ့အခ်ိန္လည္းမဟုတ္ပဲနဲ႔ အခ်ိန္ယူရမယ္ဆိုတာ အားလုံးနားလည္ႏိုင္ပါတယ္ေပါ့ေနာ္။ အဲဒီေတာ့ ဒီလိုကိစၥမ်ဳိးမွာ တကယ္ကို အၿငင္းပြားမႈ တစုံတရာမရွိပဲနဲ႕ တရားရုံးေတာ္ကို ဦးတိုက္ေလွ်ာက္ထားတဲ့အတြက္မို႔ သူမွာ တရားရုံးအေနနဲ႔ လက္ခံႏိုင္စရာအေၾကာင္းမရွိဘူးလို႔ တင္ျပသြားပါတယ္။

ေဒၚခင္မ်ဳိးသက္ (တာဝန္က် အယ္ဒီတာ ၊ဗြီအိုေအ ျမန္မာပိုင္း ) ။. ။ ျမန္မာဖက္က ဒုတိယအႀကိမ္ေလွ်ာက္လဲတာၿပီးသြားၿပီေပါ့ေနာ္။ လာမယ့္ တနလၤာေန႔ၾကရင္ ဂမ္ဘီယာဖက္က အဆုံးသတ္ ေလွ်ာက္လဲမွာ။ ဒီေနာက္မွာ ICJ ရဲ႕ အဆုံးအျဖတ္နဲ႔ ပတ္သက္ၿပီးေတာ့ ဦးသန္လြင္ထြန္း ရ႔ဲ အျမင္ကိုလည္းသိပါရေစ။

ဦးသန္းလြင္ထြန္း (ဌာနမွဴး၊ ဗြီအိုေအ ျမန္မာပိုင္း) ။. ။ ဒီတေခါက္ၾကားနာပြဲက ၂ဖက္ဒီကိစၥကို ICJ အေနနဲ႔ လက္ခံၿပီးေတာ့ ကိုင္တြယ္ဆုံးျဖတ္သင့္မသင့္နဲ႔ ဒီထဲမွာ ဟုိအေစာပိုင္းက ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ ၾကားျဖတ္အေရးယူမႈေတြလုပ္ေပးဖို႔ပဲ ေတာင္းဆိုခဲ့တဲ့ ၾကားနာမႈပါ။ အဲတုံးက ဗမာဖက္က ျငင္းဆိုခဲ့တဲ့ အခ်က္ေတြ တင္ျပခဲ့ေပမယ့္ ICJ က လက္မခံဘူး။ ICJ ကေန ဗမာဖက္က လက္နာရမယ့္အခ်က္ေတြ တင္ျပခဲ့တယ္။ အခုတေခါက္ျငင္းဆိုတင္ျပတဲ့ကိစၥေတြမွာလည္း ဂမ္ဘီယာ က ဘာကို ကိုးကားလာလည္းဆိုေတာ့ ပထမတႀကိမ္တုံးကလည္း ICJ က ဆုံးျဖတ္ၿပီးသားလုိ႔ေျပာတယ္။ ေျပာေတာ့ ဗမာက ဟိုတခ်ိန္က ဆုံးျဖတ္တာနဲ႔ ဒီတေခါက္ ၾကားနာတာ မတူတဲ့အတြက္ေၾကာင့္ ဟုိတေခါက္ဆုံးျဖတ္တာေတြကို ၿပီးသြားၿပီဆိုတာကို ေျပာလို႔မရဘူးလို႔ေျပာတယ္။ ဒါအျပင္ ဗမာဖက္က ျပင္းျပင္းထန္ထန္ေျပာတဲ့အခ်က္က အခုဟာက တရားရုံးက လက္ခံသင့္ မခံသင့္ဆိုတာကိုပဲ ျငင္းေနၾကတယ္။ ဒီအခ်ိန္မွာဂမ္ဘီယာက ဗမာျပည္မွာ ျဖစ္တဲ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈ Genocide က်ဴးလြန္မႈဆိုတဲ့ဟာေတြကို သက္ေသျပရမယ့္အခ်ိန္မဟုတ္ပဲနဲ႔ အတင္းအၾကပ္ နာမည္ေတြနဲ႔ ထဲ့သြင္းေျပာၾကားလာတာကို သူေတြ႔ရတယ္။ အဲေတာ့ ဒါေတြက တရားရုံးကို မလိုအပ္တဲ့အခ်ိန္မွာ မလိုအပ္တဲ့အရာေတြကို အတင္းထုိးသြင္းၿပီးေတာ့ အၾကပ္ကိုင္သလိုျဖစ္ေနပါတယ္ေပါ့လို႔ ဗမာဖက္က ေျပာထားတာရွိတယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ ေစာင့္ၾကည့္ရမွာေပါ့ေလ။ အဓိကအားျဖင့္ေတာ့ ႏုတ္အားျဖင့္ ၾကားနာမႈအျပင္ကို စာရြက္စာတမ္းေတြနဲ႔တင္သြင္းထားတာကို ICJ အေနနဲ႔ လက္ခံမယ္ လက္မခံဘူးဆိုတာကို ဆုံးျဖတ္ပါလိမ့္မယ္။ လက္မခံဘူးလို႔ဆုံးျဖတ္လိုက္ရင္ေတာ့ ဒီိကိစၥၿပီးသြားၿပီ။ လက္ခံမယ္ဆိုၿပီး ဒီကိ္စၥၾကားနာမယ္ဆိုရင္ေတာ့ ဒါက လူမ်ဳိးတုံးသတ္ျဖတ္မႈနဲ႔ စြပ္စြဲတယ္ဆိုတဲ့အဆင့္ေရာက္သြားၿပီ။ စြပ္စြဲတယ္ဆိုလို႔ရွိရင္ တဖက္ကလည္း ဂမ္ဘီယာကလည္း သူရဲ႕ သက္ေသေတြတင္ျပရမယ္။ ျမန္မာဖက္ကလည္း မမွန္ေၾကာင္းေခ်ပမႈေတြလုပ္ရမယ္။ မ်ားေသာအားျဖင့္ေတာ့ ဒီကိစၥေတြဟာ ႏွစ္နဲ႔ခ်ီၿပီးၾကာတဲ့ကိစၥေတြပါ။

ေဒၚခင္မ်ဳိးသက္ (တာဝန္က် အယ္ဒီတာ ၊ဗြီအိုေအ ျမန္မာပိုင္း ) ။. ။ လာမယ့္တနလၤာေန႔မွာလည္း တရားရုံးကအေျခအေနနဲ႔ပတ္သက္ၿပီး ဦးသန္းလြင္ထြန္း ကို တရားရုံးက အေျခအေနနဲ႔ ပတ္သက္ၿပီးေမးျမန္းပါရေစ။

......................................

မြန်မာနဲ့ ဂမ်ဘီယာအမှု ICJ လက်ခံစီရင်ခွင့်မရှိသလို ဂမ်ဘီယာကလည်း စွဲဆိုခွင့်မရှိ ( မြန်မာကိုယ်စားလှယ်)


{{Unicode}}
ဖေဖော်ဝါရီ ၂၅ရက်နေ့ သောကြာနေ့က နယ်သာလန်နိုင်ငံ သဟိဘ်မြို့ ICJ တရားရုံးမှာ ဂမ်ဘီယာ နဲ့ မြန်မာအမှု တတိယနေ့ ကြားနာပွဲအတွင်း ICJ အနေနဲ့ ဒီအမှုကို လက်ခံ စီရင်ပိုင်ခွင့်မရှိသလို ဂမ်ဘီယာအနေနဲ့လည်း တင်ပြစွဲဆိုပိုင်ခွင့်မရှိဘူးလို့ မြန်မာဖက်က ချေပသွားပါတယ်။ ဗုဒ်ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ ဒုတိယနေ့ကြားနာပွဲမှာတော့ မြန်မာဖက်က ဘယ်လိုချေပခဲ့သလဲဆိုတဲ့ အသေးစိတ်ကိုတော့ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်း ကို တာဝန်ကျ အယ်ဒီတာ ဒေါ်ခင်မျိုးသက် က မေးမြန်းထားပါတယ်။

ဒေါ်ခင်မျိုးသက် (တာဝန်ကျ အယ်ဒီတာ ၊ဗွီအိုအေ မြန်မာပိုင်း ) ။. ။ အဓိက မြန်မာဖက်က ဘာတွေ လျှောက်လဲခဲသလဲ ဆိုတာ ပထမဆုံး ပြောပြပေးပါ။

ဦးသန်းလွင်ထွန်း (ဌာနမှူး၊ ဗွီအိုအေ မြန်မာပိုင်း) ။. ။ ဟုတ်ကဲ သောကြာနေ့ကတော့ ဗမာဖက်က ဒုတိယအကြိမ်နဲ့ အဆုံးသတ် လျှောက်လဲချက်ပါ။ ပထမဦးဆုံး ၂၁ ရက်နေ့က လျှောက်လဲချက်တွေမှာ အချက် ၄ ချက်ကို ပြောခဲ့တယ်။ အဲဒါပြီးတော့ ဂမ်ဘီယာဖက်ကနေ ပြန်လည်ချေပတယ်။ အခု ဗမာဖက်က အဆုံးသတ်လျှောက်လဲချက်မှာတော့ အဓိကအားဖြင့် အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင် ရဲ့ တင်ပြချက်အရဆိုရင်တော့ ၂ ချက်ပဲ။ ICJ တရားရုံးအနေနဲ့ မြန်မာနိုင်ငံကနေပြီးတော့ ချွင်းချက်ထားတဲ့ ပုဒ်မ ပုဒ်ခွဲ၈ အရ ဒါက လက်ခံနိုင်ခွင့်မရှိဘူးဆိုတဲ့အချက်ရယ်။ နံပတ် ၂ အချက်က ဂမ်ဘီယာအနေနဲ့လည်း မြန်မာနိုင်ငံကို စွဲချက်တင်ခွင့်မရှိဘူးဆိုတဲ့အချက်။ ဒီ ၂ချက်ကိုပဲ မြန်မာနိုင်ငံက ငြင်းပြီးတော့ ICJ အနေနဲ့ ဆုံးဖြတ်ပေးပါဆိုပြီးတော့ သီးသန့်လျှောက်လွှဲခဲ့တာပါ။ အဲဒါကိုပဲ ဂမ်ဘီယာ ဖက်က တနင်္လာနေ့မှာ ပြန်ပြီးတော့ အဆုံးသတ်လျှောက်လဲဖို့ရှိပါတယ်။

ဒေါ်ခင်မျိုးသက် (တာဝန်ကျ အယ်ဒီတာ ၊ဗွီအိုအေ မြန်မာပိုင်း ) ။. ။ ICJ ကနေပြီးတော့ လက်ခံစီရင်ပိုင်ခွင့်မရှိဘူးဆိုပြီးတော့ မြန်မာဖက်က ပြောတာ ဘယ်အချက်တွေကို မူတည်ြ့ပီးတော့ ပြောတာပါလဲ။

ဦးသန်းလွင်ထွန်း (ဌာနမှူး၊ ဗွီအိုအေ မြန်မာပိုင်း) ။. ။ အဓိကအချက်ကတော့ ၁၉ ၄၈ ခုနှစ် Genocide Convention လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး ပဋိညာဉ်စာချုပ်ပေါ့ ။ အဲဒီအထဲမှာပါတဲ့ အဓီက အငြင်းအခုံကတော့ အပိုဒ်ခွဲ ၈ လို့ခေါ်ပါတယ်။ အဲဒီမှာ ဘာပြောထားလဲဆိုတော့ ပြသာနာပေါ်လာခဲ့ရင် စာချုပ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေအနေနဲ့ ဒီစာချုပ်ပါအချက်တွေကို ချိုးဖောက်နေတဲ့နိုင်ငံတွေရှိနေတယ်ဆိုလို့ရှိရင် ကုလသမဂ္ဂလက်အောက်ခံ သက်ဆိုင်ရာ အဖွဲ့အစည်းတခုခုကို တင်ပြအရေးယူပိုင်ခွင့်ရှိတယ်လို့ရေးထားတယ်။ အဲဒီရေးထားတဲ့အချက်ကို ဗမာက ခြွင်းချက်အနေနဲ့ထားပြီး လက်မှတ်ထိုးထားပြီးဖြစ်တယ်။ အဲလိုခြွင်းချက်ထားတဲ့အတွက်ဆိုပြီး မြန်မာက ICJ အနေနဲ့ ဂမ်ဘီယာက တင်ပြထားတာကို လက်ခံလို့မရဘူးဆိုတာကို ငြင်းချက်ပါ။ အစောပိုင်းတုံးကတော့ အပိုဒ်ခွဲ ၉ ဆိုတာရှိတယ်။ သူကအသေးစိတ်ပေါ့နော်။ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လူမျိုးတုံး ပဋိညာဉ်စာချုပ်တွေ ချိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့ မကြေနပ်ချက် တခုခုရှိလိုရှိရင် ICJ အဖွဲ့ကို ဦးတိုက်လျှောက်ထားနိုင်တယ် ဆိုပြီးရေးထားတယ်။ ဒီအချက်ကို ဂမ်ဘီယာ က ပြန်ကိုင်ပြီးတော့ ဗမာအစိုးရဟာ အဲဒီတုံးက အပိုဒ်ခွဲ ၈ ကို ခြွင်းချက်ထားပြီးတော့ အပိုဒ်ခွဲ ၉ ကို လက်မှတ်ထိုးထားတယ်။ အဲဒီတော့ အပိုဒ်ခွဲ ၉ အရဆိုရင် ဂမ်ဘီယာ ဟာ ဗမာကိစ္စကို စီရင်ပိုင်ခွင့်ရှိတယ်လို့ပြောထားတယ်။ ဗမာက အခုနောက်ဆုံးငြင်းချက်မှာတော့ အပိုဒ်ခွဲ ၈ ဆိုတဲ့သဘောထဲမှာပါတဲ့ ကုလသမဂ္ဂလက်အောက်ခံ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းဆိုတာထဲမှာ ICJဆိုတာ မပါဘူးလာပေါ့နော် ။ ICJ ဆိုတာနေတာပဲဆိုပြီးဗမာက ပြန်ငြင်းတယ်။ အလားတူပဲ ဒီလိုအပိုဒ်ခွဲ ၈ ဟာ ဒီလို စကားလုံး အသုံးအနှုန်းနဲ့ ခြုံငုံပြီးတာ့ ပြောပြထားတာ။ သူနဲ့ ဆက်စပ်တဲ့ အပိုဒ်ခွဲ ၉ ထဲမှာကြမှ အသေးစိတ်ပေါ့နော်။ ICJ ဆိုပြီးတော့ ထဲထားတာ။ ဒီခြုံငုံသုံးသပ်ပြီးတော့ ပြောပြထားတဲ့ အပိုဒ်ခွဲ ၈ ကို ဗမာက ခြွင်းချက်ထားတဲ့အတွက်ကြောင့် ICJ မှာ ဒီကိစ္စတရားစွဲဆိုပိုင်ခွင့်မရှိဘူး ဆိုပြီး ပြန်ငြင်းတာ။ အလားတူပဲ ဗမာအနေနဲ့ ဒီကိစ္စကို၁၉ ၄၈ ကတည်းက သေခြာစဉ်းစားသုံးသပ်ခဲ့ပြီး ခြွင်းချက်ထားခဲ့တာ။ ဒီလိုခြွင်းချက်ထားတဲ့ကိစ္စတခုကို ICJ က လျစ်လျှူခဲ့တယ်ဆိုရင်တော့ ဒီခြွင်းချက်ဆိုတာရဲ့ အဓိပ္ပါယ်ကို ဘာဖြစ်မလဲ။ ဒီလိုခြွင်းချက်ထားတဲ့ နိုင်ငံတွေကိုမလေးစားရာ ရောက်တယ်ဆိုပြီး သူကပြောတယ်။ တခြားအချက်တွေကိုလည်း ထဲ့ပြောတာရှိပါတယ်။ အဓိကအားဖြစ် အနှစ်ချုပ်ကတော့ ဒီ ICJ မှာ အပိုဒ်ခွဲ ၈ ကို ခြွင်းချက်ထားတဲ့အတွက်ကြောင့် တရားစီရင်ပိုင်ခွင့်မရှိဘူးလို့ပြောတာပါ။

ဒေါ်ခင်မျိုးသက် (တာဝန်ကျ အယ်ဒီတာ ၊ဗွီအိုအေ မြန်မာပိုင်း ) ။. ။ ဂမ်ဘီယာအနေနဲ့ တင်ပြစွဲဆိုပိုင်ခွင့်မရှိဘူးဆိုတာ ဘာအထောက်အထားတွေနဲ့ ပြောသွားတာလဲ။ ဥပမာ ဆိုရင် Genocide Convention အနေနဲ့ ဂမ်ဘီယာ OIC အတွက် ဆောင်ရွက်နေတယ်ဆိုတာပေါ့။ ဒါတွေနဲ့ ပတ်သက်လို့ ဗမာဖက်က ပြောသွားတာကို နည်းနည်းပြောပြပေးပါအုန်း။

ဦးသန်းလွင်ထွန်း (ဌာနမှူး၊ ဗွီအိုအေ မြန်မာပိုင်း) ။. ။ ဟုတ်ကဲ အဲဒါက ပထမနေ့တွေကတည်းက ဗမာဖက်က ပြောပါတယ်။ စာချုပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်တခုအနေနဲ့ ဂမ်ဘီယာက OIC အဖွဲ့ ကို ကိုယ်စားပြုလုပ်တယ်ဆိုတာကတော့ ထင်ရှားပါတယ်ပေါ့နော်။ ဒါပေမယ့်လည်း ဒုတိယနေ့တုံးက ဂမ်ဘီယာ က သူဖက်က အထောက်အထားတွေ မျိုးစုံနဲ့ ရှင်းပါတယ်။ အထူးသဖြင့် ဂမ်ဘီယာ က အချုပ်အခြာနိုင်ငံဖြစ်တယ်ပေါ့။ OIC လက်အောက်ခံမဖြစ်ဘူး။ သူကိုယ်တိုင် ဦးဆောင်ပြီးတော့မှ OIC ကို တင်ပြ အကူအညီယူပြီးတော့ ဒီကိစ္စလုပ်ရပါတယ်ဆိုတဲ့ သဘောပြောတယ်။ အခုဒီနေ့ နောက်ဆုံး ပြန်ပြီတော့ ငြင်းတဲ့ အခါကြတော့ ဗမာဖက်က အမြင်ကတော့ OIC က သူရဲ့နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွေ၊ အလားတူပဲ OIC ကော်မီတီကိုဖွဲ့တယ်။ ကော်မတီမှာ ဂမ်ဘီယာနိုင်ငံကို ခေါင်းဆောင်တင်တယ်။ ပြီးတော့မှ ဗမာကိစ္စအရေးကို ဆက်လက် လုပ်ဆောင်ဖို့ဆိုပြီး ဆုံဖြတ်ချက်ချတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ အစိုးရအစည်းအဝေးမှာ ဒီကိစ္စကိုအတည်ပြုပြီးတော့မှ ဂမ်ဘီယာက လုပ်တယ်ပြောတယ်။ ဒီသဘောကို ကြည့်မယ်ဆိုရင် ဂမ်ဘီယာက သူပြောတာတွေနဲ့ ပြောင်းပြန်ဖြစ်နေတယ်။ OIC ကပဲ ခေါင်းဆောင်ပြီးတော့ ဂမ်ဘီယာကို ကိုယ်စားလှယ်နဲ့လုပ်တာ ထင်ရှားပါတယ်ဆိုတဲ့အချက်ကို သူကပြတယ်။ နောက်တချက်က Injured State လိုခေါ်တဲ့ တိုက်ရိုက်နစ်နာတဲ့နိုင်ငံမဟုတ်ဘူးပေါ့။ သက်ဆိုင်မှုမရှိဘူးပေါ့။ အစောပိုင်း ဂမ်ဘီယာက သူပြောသွားတာက တိုက်ရိုက်နစ်နာတာမရှိပေမယ့်လည်း တာဝန်နဲ့ ဝတ္တရားပေါ့နော်။ Standing of responsibility ။ ဒီ Standing လို့ပြောတဲ့အခါမှာ သူရဲ့တာဝန်ရှိလို့လုပ်တာပေါ့။ စာချုပ်အဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ သူနဲ့မဆိုင်ဘူးလို့ပြောလို့မရဘူးပေါ့။ နိုင်ငံတကာမှာ လူ့အခွင်အရေး ချိုးဖောက်မှုတွေဖြစ်နေတာကို သူနဲ့ တိုက်ရိုက်မပတ်သက်ဘူး။ ဝေးနေတာကို ရပ်တည်ချက် တာဝန်အတိုင်းလုပ်ရတာပါဆိုပြီးတော့ ပြောတယ်။ ဗမာဖက်က ဒီနေ့ ပြန်ပြီးတော့ ပြောတာက အထူးသဖြင့်တော့ Nationality of the Identity of The Claim ပေါ့နော်။ ဒီလိုလုပ်ပိုင်ခွင့်ရှိတဲ့ နိုင်ငံတွေရဲ့ အခွင့်အရေး သတ်မှတ်ချက်တွေ ပြဌာန်းထားတာ့ရှိတယ်။ အဲဒီသတ်မှတ်ထားတဲ့အချက်နဲ့ပဲ ICJ အနေနဲ့ ဆိုဖြတ်ပါဆိုပြီး တခြားဥပဒေအကိုးအကားတွေနဲ့ ပြောတာရှိတယ်။

ဒေါ်ခင်မျိုးသက် (တာဝန်ကျ အယ်ဒီတာ ၊ဗွီအိုအေ မြန်မာပိုင်း ) ။. ။ ဂမ်ဘီယာနဲ့ ဗမာအကြားမှာ အငြင်းပွားမှုရှိခဲ့တယ်ဆိုပြီး ဗုဒ်ဓဟူးနေ့က ဂမ်ဘီယာက ပြောသွားတာရှိတယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာဖက်က ဘာတွေပြန်ရှင်းပါသလဲ။

ဦးသန်းလွင်ထွန်း (ဌာနမှူး၊ ဗွီအိုအေ မြန်မာပိုင်း) ။. ။ ဂမ်ဘီယာဖက်က အဓိက ပြန်ပြောတာကတော့ သူက ကုလသမဂ္ဂမှာလည်း အထွေထွေညီလာခံမှာ သူပြောတယ်။ အလားတူပဲ OIC က Statement တွေထုတ်တဲ့အခါမှာလည်း ဗမာနိုင်ငံခြားရေးဝန်ကြီးဌာနကနေ ပြန်ပြီးတော့ ကန့်ကွက်တဲ့ ကြေညာချက်တွေထုတ်ထားတာရှိတယ်။ အဲဒါအပြင်ကို နောက်ထပ်က ဘာလဲဆိုတော့ ဂမ်ဘီယာကနေပြီးတော့ မြန်မာနိုင်ငံ ကုလသမဂ္ဂသံရုံးကို စာမျက်နှာ ၂ မျက်နှာရှိတဲ့ စာတဆောင်ပို့ပေးတယ်။ ဗမာက မပြန်ဘူး။ မပြန်တဲ့အပြင်ကို သူက ရက်ပေါင်း ၃ဝ လောက်အထိ ဘာမှမတုံပြန်ဘူးပေါ့နော်။ ဒီလိုမတုံပြန်တာဟာ တကယ်တန်းကြတော့ ဆိတ်ဆိတ်နေပြီးတော့ အငြင်းပွားမှုကို ညွှန်းဆိုနေတဲ့ဟာပေါ့နော်။ ဒါတွေဟာ မြန်မာနဲ့ ဂမ်ဘီယာအကြားအငြင်းပွားမှုဆိုတာကို ပြောထားတာရှိတယ်။ ဒီနေ့ မြန်မာဖက်က ဥပဒေပညာရှင်တွေကတော့ အငြင်းမှုဆိုတာကို ပြန်ပြီးတော့ အဓိပ္ပါယ်ဖွင့်တယ်လေ။ တယောက်နဲ့ တယောက်အငြင်းပွားကြတယ်ဆိုရင် တဖက်ရဲ့ သဘောထားကို သိကြရတယ်။ သိကြရပြီးတော့မှ ဒီအချက်လက်တွေကို ညှိနှိုင်းပြီးတော့မှ မပြေလည်နိုင်တဲ့အတွက်ကြောင့် သက်ဆိုင်ရာ တရားရုံးကို ဦးတိုက်လျှောက်ထားရတာကို။ ဒါပေမယ့် သူက ပြန်ပြီးတော့ စွပ်စွဲတာက ဂမ်ဘီယာအနေနဲ့ လုပ်လာတဲ့အခြေအနေတွေကို ကြည့်မယ်ဆိုလို့ရှိရင် "dispute for purpose of court" တရားရုံးတင်ဘို့ရည်ရွယ်ချက်သက်သက်နဲ့ လုပ်ဆောင်ခဲ့တဲ့အကွက်တွေလို့မြန်မာဘက်ကဥပဒေပညာရှင်တွေက စွပ်စွဲတယ်။ အဲဒါအပြင်ကို ဂမ်ဘီယာကပို့တဲစာထဲမှာ တကယ်တန်း သက်သေ ဥပဒေအကြောင်းအရ အရေးယူမယ်ဆိုတဲ့ စာသားမပါဘူး။ ပြီးတော့ ရက်ပေါင်း ၃ဝ ဆိုတဲ့ကိစ္စက တကယ်တန်း လုံလောက်တဲ့အချိန်လည်းမဟုတ်ပဲနဲ့ အချိန်ယူရမယ်ဆိုတာ အားလုံးနားလည်နိုင်ပါတယ်ပေါ့နော်။ အဲဒီတော့ ဒီလိုကိစ္စမျိုးမှာ တကယ်ကို အငြင်းပွားမှု တစုံတရာမရှိပဲနဲ့ တရားရုံးတော်ကို ဦးတိုက်လျှောက်ထားတဲ့အတွက်မို့ သူမှာ တရားရုံးအနေနဲ့ လက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ တင်ပြသွားပါတယ်။

ဒေါ်ခင်မျိုးသက် (တာဝန်ကျ အယ်ဒီတာ ၊ဗွီအိုအေ မြန်မာပိုင်း ) ။. ။ မြန်မာဖက်က ဒုတိယအကြိမ်လျှောက်လဲတာပြီးသွားပြီပေါ့နော်။ လာမယ့် တနင်္လာနေ့ကြရင် ဂမ်ဘီယာဖက်က အဆုံးသတ် လျှောက်လဲမှာ။ ဒီနောက်မှာ ICJ ရဲ့ အဆုံးအဖြတ်နဲ့ ပတ်သက်ပြီးတော့ ဦးသန်လွင်ထွန်း ရဲ့ အမြင်ကိုလည်းသိပါရစေ။

ဦးသန်းလွင်ထွန်း (ဌာနမှူး၊ ဗွီအိုအေ မြန်မာပိုင်း) ။. ။ ဒီတခေါက်ကြားနာပွဲက ၂ဖက်ဒီကိစ္စကို ICJ အနေနဲ့ လက်ခံပြီးတော့ ကိုင်တွယ်ဆုံးဖြတ်သင့်မသင့်နဲ့ ဒီထဲမှာ ဟိုအစောပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြားဖြတ်အရေးယူမှုတွေလုပ်ပေးဖို့ပဲ တောင်းဆိုခဲ့တဲ့ ကြားနာမှုပါ။ အဲတုံးက ဗမာဖက်က ငြင်းဆိုခဲ့တဲ့ အချက်တွေ တင်ပြခဲ့ပေမယ့် ICJ က လက်မခံဘူး။ ICJ ကနေ ဗမာဖက်က လက်နာရမယ့်အချက်တွေ တင်ပြခဲ့တယ်။ အခုတခေါက်ငြင်းဆိုတင်ပြတဲ့ကိစ္စတွေမှာလည်း ဂမ်ဘီယာ က ဘာကို ကိုးကားလာလည်းဆိုတော့ ပထမတကြိမ်တုံးကလည်း ICJ က ဆုံးဖြတ်ပြီးသားလို့ပြောတယ်။ ပြောတော့ ဗမာက ဟိုတချိန်က ဆုံးဖြတ်တာနဲ့ ဒီတခေါက် ကြားနာတာ မတူတဲ့အတွက်ကြောင့် ဟိုတခေါက်ဆုံးဖြတ်တာတွေကို ပြီးသွားပြီဆိုတာကို ပြောလို့မရဘူးလို့ပြောတယ်။ ဒါအပြင် ဗမာဖက်က ပြင်းပြင်းထန်ထန်ပြောတဲ့အချက်က အခုဟာက တရားရုံးက လက်ခံသင့် မခံသင့်ဆိုတာကိုပဲ ငြင်းနေကြတယ်။ ဒီအချိန်မှာဂမ်ဘီယာက ဗမာပြည်မှာ ဖြစ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု Genocide ကျူးလွန်မှုဆိုတဲ့ဟာတွေကို သက်သေပြရမယ့်အချိန်မဟုတ်ပဲနဲ့ အတင်းအကြပ် နာမည်တွေနဲ့ ထဲ့သွင်းပြောကြားလာတာကို သူတွေ့ရတယ်။ အဲတော့ ဒါတွေက တရားရုံးကို မလိုအပ်တဲ့အချိန်မှာ မလိုအပ်တဲ့အရာတွေကို အတင်းထိုးသွင်းပြီးတော့ အကြပ်ကိုင်သလိုဖြစ်နေပါတယ်ပေါ့လို့ ဗမာဖက်က ပြောထားတာရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့လေ။ အဓိကအားဖြင့်တော့ နုတ်အားဖြင့် ကြားနာမှုအပြင်ကို စာရွက်စာတမ်းတွေနဲ့တင်သွင်းထားတာကို ICJ အနေနဲ့ လက်ခံမယ် လက်မခံဘူးဆိုတာကို ဆုံးဖြတ်ပါလိမ့်မယ်။ လက်မခံဘူးလို့ဆုံးဖြတ်လိုက်ရင်တော့ ဒီကိစ္စပြီးသွားပြီ။ လက်ခံမယ်ဆိုပြီး ဒီကိစ္စကြားနာမယ်ဆိုရင်တော့ ဒါက လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲတယ်ဆိုတဲ့အဆင့်ရောက်သွားပြီ။ စွပ်စွဲတယ်ဆိုလို့ရှိရင် တဖက်ကလည်း ဂမ်ဘီယာကလည်း သူရဲ့ သက်သေတွေတင်ပြရမယ်။ မြန်မာဖက်ကလည်း မမှန်ကြောင်းချေပမှုတွေလုပ်ရမယ်။ များသောအားဖြင့်တော့ ဒီကိစ္စတွေဟာ နှစ်နဲ့ချီပြီးကြာတဲ့ကိစ္စတွေပါ။

ဒေါ်ခင်မျိုးသက် (တာဝန်ကျ အယ်ဒီတာ ၊ဗွီအိုအေ မြန်မာပိုင်း ) ။. ။ လာမယ့်တနင်္လာနေ့မှာလည်း တရားရုံးကအခြေအနေနဲ့ပတ်သက်ပြီး ဦးသန်းလွင်ထွန်း ကို တရားရုံးက အခြေအနေနဲ့ ပတ်သက်ပြီးမေးမြန်းပါရစေ။

XS
SM
MD
LG