သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး - ပါလက်စတိုင်းစစ်သွေးကြွ တိုက်ပွဲ အပစ်ရပ် သဘောတူကြပြီ


Palestinians Israel
Palestinians Israel

ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွ Jihad တို့ အကြား ဖြစ်ပွားနေကြတဲ့ တိုက်ပွဲတွေကို အီဂျစ်နိုင်ငံက ကြားဝင်စေ့စပ်ပေးမှုကြောင့် အပစ်အခတ် ရပ်စဲဖို့ သဘောတူညီမှုရရှိလိုက်ပြီ ဖြစ်ပါတယ်။

အစ္စရေး - ပါလက်စတိုင်းစစ်သွေးကြွ တိုက်ပွဲ အပစ်ရပ် သဘောတူကြပြီ

{{Zawgyi/Unicode}}
ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွ Jihad တို့ အကြား ဖြစ်ပွားနေကြတဲ့ တိုက်ပွဲတွေကို အီဂျစ်နိုင်ငံက ကြားဝင်စေ့စပ်ပေးမှုကြောင့် အပစ်အခတ် ရပ်စဲဖို့ သဘောတူညီမှုရရှိလိုက်ပြီ ဖြစ်ပါတယ်။ ဒီအပစ်ရပ်စဲရေးဟာ ဒေသစံတော်ချိန် ည ၁၁ နာရီ ၃၀ မီနစ်မှာ စတင်မယ်လို့ အမည်မဖော်လိုတဲ့ အီဂျစ် ထောက်လှမ်းရေးအရာရှိတဦးက AP သတင်း ဌာနကို ပြောပါတယ်။

ဒီအပစ်အခတ် ရပ်စဲရေးဟာ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့ ၁၁ ရက်ကြာ ဆိုးရွာတဲ့ တိုက်ခတ်မှုတွေကို ဆုံးခန်းတိုင်စေမှာ ဖြစ်ပါတယ်။

ဒီတိုက်ပွဲအတွင်း အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၆ ဦး အပါအဝင် ၃၁ ဦး သေဆုံးခဲ့ရတယ်လို့ ဂါဇာဒေသ ကျမ်းမာရေးဝန်ကြီးဌာနက ပြောပေမယ့် ဒီအထဲက ၉ ယောက်ရဲ့ သေဆုံးရမှုအတွက် အစ္စရေးဖက်က ငြင်းဆန်ခဲ့ပါတယ်။

သုံးသပ်သူတချို့က ဒီတိုက်ပွဲမှာ အစ္စလမ္မစ် Hamaz တို့ ပါဝင်လာရင် အရှိန်ပိုမြင့်လာနိုင်တယ်လို့ ဆိုပေမယ့် အခုအပစ်အခတ် ရပ်စဲရေးကို Hamaz တို့ ကိုယ်တိုင် ထောက်ခံတယ်လို့ ယူဆရကြောင်းလည်း သုံးသပ်သူတချို့က ဆိုပါတယ်။

တချိန်ထဲမှာပဲ တရုတ်၊ ပြင်သစ် ၊ အိုင်ယာလန်၊ နော်ဝေးနဲ့ ယူအေအီး နိုင်ငံတို့က ဒီကိစ္စအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတရပ် ခေါ်ယူဖို့ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

........................................

အစ်စရေး - ပါလကျစတိုငျးစဈသှေးကွှ တိုကျပှဲ အပဈရပျ သဘောတူကွပွီ

{{Zawgyi/Unicode}}





XS
SM
MD
LG