{{Zawgyi/Unicode}}
စစ္အာဏာသိမ္းမႈေအာက္မွာ ျမန္မာအမ်ိဳးသမီးေတြဟာ ဖိႏွိပ္မႈမ်ိဳးစုံႀကဳံေနရၿပီး အြန္လိုင္းဆိုရွယ္မီဒီယာေတြေပၚမွာ စနစ္တက်နဲ႔တိုက္ခိုက္မႈ၊ ၿခိမ္းေျခာက္မႈ၊ ကိုယ္ေရးအခ်က္အလက္ေတြ ထုတ္ေဖာ္ခံရမႈနဲ႔ လိင္ပိုင္းဆိုင္ရာေစာ္ကားေျပာဆိုမႈေတြ ခံေနရတယ္လို႔ နယူးေယာက္က ကုလသမဂၢ႐ုံးခ်ဳပ္မွာက်င္းပတဲ့ အမ်ိဳးသမီးဆိုင္ရာေဆြးေႏြးပြဲတခုမွာ ေျပာလိုက္ပါတယ္။
CSW လို႔ေခၚတဲ့ အမ်ိဳးသမီးမ်ားအေျချပေကာ္မရွင္ရဲ႕ ၆၇ ႀကိမ္ေျမာက္ညီလာခံကို တနလၤာေန႔က စတင္က်င္းပေနရာမွာ ျမန္မာအမ်ိဳးသမီးအေရးနဲ႔ပတ္သက္ၿပီး ညီလာခံျပင္ပမွာ သီးသန႔္ေခါင္းစဥ္တခုနဲ႔ COVID-19 ကပ္ေရာဂါနဲ႔ စစ္တပ္အာဏာသိမ္းမႈေၾကာင့္ ျမန္မာအမ်ိဳးသမီးေတြနဲ႔ မိန္းကေလးငယ္ေတြရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြကို တင္ျပေဆြးေႏြးခဲ့ၾကပါတယ္။
အဲဒီမွာ ျမန္မာႏိုင္ငံက လူ႔အခြင့္အေရးကာကြယ္ေစာင့္ေရွာက္သူေတြ၊ အမ်ိဳးသမီး အရပ္ဘက္ လူမႈအဖြဲ႕အစည္းေတြတက္ေရာက္ၾကသလို ျပည္တြင္းက အမ်ိဳးသမီးတခ်ိဳ႕ရဲ႕အသံေတြကိုလည္း ႐ုပ္သံထိုးျပသခဲ့ပါတယ္။
ဒီႏွစ္ CSW ညီလာခံရဲ႕ ဦးစားေပးေဆာင္ပုဒ္ျဖစ္တဲ့ နည္းပညာကိုအသုံးခ်ၿပီး က်ားမတန္းတူညီမွ်ေရးနဲ႔ အမ်ိဳးသမီးစြမ္းေဆာင္ရည္ ျမႇင့္တင္ေရးအတြက္ ေဆြးေႏြးၾကရာမွာ ဒစ္ဂ်စ္တယ္လ္ေခတ္ နည္းပညာဟာ အမ်ိဳးသမီးအတြက္ အသြားႏွစ္ဖက္ပါတဲ့ဓားသြားလို တဖက္မွာအႏၲရာယ္ေတြေပးေနေၾကာင္းကို ဥပမာေတြနဲ႔တကြ ျမန္မာ အမ်ိဳးသမီးကိုယ္စားလွယ္ေတြက ေထာက္ျပသြားပါတယ္။
အမ်ိဳးသမီအေရးနဲ႔ လူ႔အခြင့္အေရး လႈံ႕ေဆာ္စည္း႐ုံးတာေတြကို ဒစ္ဂ်စ္တဲလ္ နည္းပညာနဲ႔ က်ယ္ျပန႔္တြင္က်ယ္ေအာင္လုပ္ႏိုင္ေနေပမယ့္ တၿပိဳင္တည္းမွာ လူမႈကြန္ရက္ေတြေပၚမွာ လူ႔အခြင့္အေရး ကာကြယ္သူေတြ၊ အမ်ိဳးသမီးေတြဟာ အသက္အႏၲရာယ္ႀကဳံတဲ့အထိ တိုက္ခိုက္ၿခိမ္းေျခာက္ခံေနရတာေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။
တဖက္မွာလည္း စစ္တပ္က အင္တာနက္ကြန္ရက္ေတြ ျဖတ္ေတာက္တာ၊ စစ္ပြဲ နဲ႔ ပဋိပကၡအတြင္းက ျမန္မာအမ်ိဳးသမီးေတြ နည္းပညာအကူအညီနဲ႔ အင္တာနက္ကြန္ရက္ မရျဖစ္ေနတာေတြအတြက္ ႏိုင္ငံတကာအသိုင္းအဝန္းက အကူအညီေတြေပးဖို႔လည္း ေတာင္းဆိုခဲ့ၾကပါတယ္။
ဒီေဆြးေႏြးပြဲကို အာဆီယံေဒသတြင္းက အင္ဒိုနီးရွားနဲ႔မေလးရွားက ကုလသမဂၢ ဌာန ကိုယ္စားလွယ္႐ုံးတာဝန္ရွိသူေတြလည္း တက္ေရာက္ခဲ့ၿပီး ျမန္မာ့ႏိုင္ငံအေရးနဲ႔ အမ်ိဳးသမီးေတြရဲ႕အေျခအေနက ေဒသတြင္းမွာ အေရးႀကီးကိစၥရပ္အျဖစ္ မွတ္ခ်က္ျပဳေဆြးေႏြးၾကသလို ပိုမိုေကာင္းမြန္တဲ့နည္းလမ္းနဲ႔ ေျဖရွင္းႏိုင္ဖို႔လည္း ေမးခြန္းေတြ ထုတ္ခဲ့ၾကပါတယ္။
လတ္တေလာရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းအမ်ားအျပားေၾကာင့္ ျမန္မာႏိုင္ငံအေပၚ ကမာၻလုံးဆိုင္ရာ အာ႐ုံစိုက္မႈက တျဖည္းျဖည္း ေလ်ာ့နည္းမသြားေစဖို႔ ျမန္မာအမ်ိဳးသမီးေတြကေတာင္းဆိုၾကၿပီး နည္းပညာ၊ သင္တန္းပံ့ပိုးမႈအျပင္ ပဋိပကၡအတြင္း ေျမျပင္က အမ်ိဳးသမီးေတြအတြက္ လက္ေတြ႕ထိေရာက္တဲ့ ေငြေၾကးဆိုင္ရာ အကူအညီေပးဖို႔လည္း ေတာင္းဆိုၾကပါတယ္။
ဒီေဆြးေႏြးပြဲမွာ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက အပိတ္မိန႔္ခြန္းေျပာၾကားခဲ့ၿပီး ျမန္မာ့ဒီမိုကေရစီလႈပ္ရွားမႈနဲ႔ အာဏာရွင္ဆန႔္က်င္ေရး ေတာ္လွန္ေရးအတြင္းက အမ်ိဳးသမီးေတြရဲ႕က႑ကို ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၿပီး ျမန္မာ့ အေရးအတြက္ ႏိုင္ငံတကာအသိုင္းအဝန္းကိုလည္း ပံ့ပိုးမႈေတြ တိုးလုပ္ေဆာင္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။
ဒီ ျမန္မာ့အမ်ိဳးသမီးအေရး ေဆြးေႏြးပြဲကို က်ား-မ တန္းတူညီမွ်ေရး ကြန္ရက္ Gender Equality Network (GEN) နဲ႔ ေနာ္ေဝ၊ စပိန္၊ ဆြီဒင္နဲ႔ ကုလသမဂၢအဖြဲ႕ေတြရဲ႕ ကမကထျပဳလုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။
CSW ရဲ႕ ပင္မအစည္းအေဝးကို မတ္ ၁၇ ေန႔ရက္အထိ ဆက္လက္က်င္းပမွာ ျဖစ္ၿပီး ျမန္မာအမ်ိဳးသမီးအဖြဲ႕ေတြနဲ႔ ေနာ္ေဝႏိုင္ငံတို႔က ပူးတြဲၿပီးလည္း သတင္းစာရွင္းလင္းပြဲ က်င္းပဖို႔ ရွိပါတယ္။
တၿပိဳင္တည္းမွာပဲ အမ်ိဳးသမီးေတြရဲ႕ အခြင့္အေရးဆိုင္ရာ ကမာၻတဝန္းတိုးတက္မႈက မ်က္စိေရွ႕မွာတင္ကြယ္ေပ်ာက္ေနၿပီး က်ား-မ တန္းတူညီမွ်မႈက ပိုေဝးကြာေနကာ လက္ရွိအတိုင္းဆိုရင္ ႏွစ္ ၃၀၀ ေလာက္ ကြာဟေနတယ္လို႔ ကုလသမဂၢ အႀကီးအကဲ အန္တိုနီယိုဂူတာရက္စ္က မတ္လ ၈ ရက္ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႔ မတိုင္မီ တနလၤာေန႔မွာ ပဲ အေထြေထြညီလာခံမိန႔္ခြန္းမွာ ထည့္သြင္း ေျပာသြားခဲ့ပါတယ္။
============
{{Unicode}}
မြန်မာအမျိုးသမီးများအပေါ် အွန်လိုင်းခြိမ်းခြောက်တိုက်ခိုက်ခံရမှု ကြီးမားလာ
စစ်အာဏာသိမ်းမှုအောက်မှာ မြန်မာအမျိုးသမီးတွေဟာ ဖိနှိပ်မှုမျိုးစုံကြုံနေရပြီး အွန်လိုင်းဆိုရှယ်မီဒီယာတွေပေါ်မှာ စနစ်တကျနဲ့တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှု၊ ကိုယ်ရေးအချက်အလက်တွေ ထုတ်ဖော်ခံရမှုနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုမှုတွေ ခံနေရတယ်လို့ နယူးယောက်က ကုလသမဂ္ဂရုံးချုပ်မှာကျင်းပတဲ့ အမျိုးသမီးဆိုင်ရာဆွေးနွေးပွဲတခုမှာ ပြောလိုက်ပါတယ်။
CSW လို့ခေါ်တဲ့ အမျိုးသမီးများအခြေပြကော်မရှင်ရဲ့ ၆၇ ကြိမ်မြောက်ညီလာခံကို တနင်္လာနေ့က စတင်ကျင်းပနေရာမှာ မြန်မာအမျိုးသမီးအရေးနဲ့ပတ်သက်ပြီး ညီလာခံပြင်ပမှာ သီးသန့်ခေါင်းစဉ်တခုနဲ့ COVID-19 ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာအမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။
အဲဒီမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေ၊ အမျိုးသမီး အရပ်ဘက် လူမှုအဖွဲ့အစည်းတွေတက်ရောက်ကြသလို ပြည်တွင်းက အမျိုးသမီးတချို့ရဲ့အသံတွေကိုလည်း ရုပ်သံထိုးပြသခဲ့ပါတယ်။
ဒီနှစ် CSW ညီလာခံရဲ့ ဦးစားပေးဆောင်ပုဒ်ဖြစ်တဲ့ နည်းပညာကိုအသုံးချပြီး ကျားမတန်းတူညီမျှရေးနဲ့ အမျိုးသမီးစွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ဆွေးနွေးကြရာမှာ ဒစ်ဂျစ်တယ်လ်ခေတ် နည်းပညာဟာ အမျိုးသမီးအတွက် အသွားနှစ်ဖက်ပါတဲ့ဓားသွားလို တဖက်မှာအန္တရာယ်တွေပေးနေကြောင်းကို ဥပမာတွေနဲ့တကွ မြန်မာ အမျိုးသမီးကိုယ်စားလှယ်တွေက ထောက်ပြသွားပါတယ်။
အမျိုးသမီအရေးနဲ့ လူ့အခွင့်အရေး လှုံ့ဆော်စည်းရုံးတာတွေကို ဒစ်ဂျစ်တဲလ် နည်းပညာနဲ့ ကျယ်ပြန့်တွင်ကျယ်အောင်လုပ်နိုင်နေပေမယ့် တပြိုင်တည်းမှာ လူမှုကွန်ရက်တွေပေါ်မှာ လူ့အခွင့်အရေး ကာကွယ်သူတွေ၊ အမျိုးသမီးတွေဟာ အသက်အန္တရာယ်ကြုံတဲ့အထိ တိုက်ခိုက်ခြိမ်းခြောက်ခံနေရတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
တဖက်မှာလည်း စစ်တပ်က အင်တာနက်ကွန်ရက်တွေ ဖြတ်တောက်တာ၊ စစ်ပွဲ နဲ့ ပဋိပက္ခအတွင်းက မြန်မာအမျိုးသမီးတွေ နည်းပညာအကူအညီနဲ့ အင်တာနက်ကွန်ရက် မရဖြစ်နေတာတွေအတွက် နိုင်ငံတကာအသိုင်းအဝန်းက အကူအညီတွေပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲကို အာဆီယံဒေသတွင်းက အင်ဒိုနီးရှားနဲ့မလေးရှားက ကုလသမဂ္ဂ ဌာန ကိုယ်စားလှယ်ရုံးတာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ပြီး မြန်မာ့နိုင်ငံအရေးနဲ့ အမျိုးသမီးတွေရဲ့အခြေအနေက ဒေသတွင်းမှာ အရေးကြီးကိစ္စရပ်အဖြစ် မှတ်ချက်ပြုဆွေးနွေးကြသလို ပိုမိုကောင်းမွန်တဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့လည်း မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။
လတ်တလောရင်ဆိုင်နေရတဲ့ အကျပ်အတည်းအများအပြားကြောင့် မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုက တဖြည်းဖြည်း လျော့နည်းမသွားစေဖို့ မြန်မာအမျိုးသမီးတွေကတောင်းဆိုကြပြီး နည်းပညာ၊ သင်တန်းပံ့ပိုးမှုအပြင် ပဋိပက္ခအတွင်း မြေပြင်က အမျိုးသမီးတွေအတွက် လက်တွေ့ထိရောက်တဲ့ ငွေကြေးဆိုင်ရာ အကူအညီပေးဖို့လည်း တောင်းဆိုကြပါတယ်။
ဒီဆွေးနွေးပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အပိတ်မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုနဲ့ အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးအတွင်းက အမျိုးသမီးတွေရဲ့ကဏ္ဍကို ချီးကျူးဂုဏ်ပြုခဲ့ပြီး မြန်မာ့ အရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းကိုလည်း ပံ့ပိုးမှုတွေ တိုးလုပ်ဆောင်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဒီ မြန်မာ့အမျိုးသမီးအရေး ဆွေးနွေးပွဲကို ကျား-မ တန်းတူညီမျှရေး ကွန်ရက် Gender Equality Network (GEN) နဲ့ နော်ဝေ၊ စပိန်၊ ဆွီဒင်နဲ့ ကုလသမဂ္ဂအဖွဲ့တွေရဲ့ ကမကထပြုလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
CSW ရဲ့ ပင်မအစည်းအဝေးကို မတ် ၁၇ နေ့ရက်အထိ ဆက်လက်ကျင်းပမှာ ဖြစ်ပြီး မြန်မာအမျိုးသမီးအဖွဲ့တွေနဲ့ နော်ဝေနိုင်ငံတို့က ပူးတွဲပြီးလည်း သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ ရှိပါတယ်။
တပြိုင်တည်းမှာပဲ အမျိုးသမီးတွေရဲ့ အခွင့်အရေးဆိုင်ရာ ကမ္ဘာတဝန်းတိုးတက်မှုက မျက်စိရှေ့မှာတင်ကွယ်ပျောက်နေပြီး ကျား-မ တန်းတူညီမျှမှုက ပိုဝေးကွာနေကာ လက်ရှိအတိုင်းဆိုရင် နှစ် ၃၀၀ လောက် ကွာဟနေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယိုဂူတာရက်စ်က မတ်လ ၈ ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မတိုင်မီ တနင်္လာနေ့မှာ ပဲ အထွေထွေညီလာခံမိန့်ခွန်းမှာ ထည့်သွင်း ပြောသွားခဲ့ပါတယ်။