သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်နိုင်ငံက အမေရိကန်တပ်ဆုတ်တဲ့ အစီအစဉ် ကန်အငြိမ်းစားဗိုလ်ချုပ်ကြီး ဝေဖန် 


အငြိမ်းစားဗိုလ်ချုပ်ကြီး Frank McKenzie (စက်တင်ဘာ ၂၉၊ ၂၀၂၁)
အငြိမ်းစားဗိုလ်ချုပ်ကြီး Frank McKenzie (စက်တင်ဘာ ၂၉၊ ၂၀၂၁)

အာဖဂ္ဂန်နစ္စတန်နိုင်ငံကနေ အမေရိကန်တပ်ဖွဲ့တွေကို ဆုတ်ခွာဖို့ ဆုံးဖြတ်လိုက်ရတဲ့ ဆုံးဖြတ်ချက်ဟာ ဖြစ်နိုင်ချေရှိတဲ့ ချဉ်းကပ်မှုတွေထဲမှာ အဆိုးဆုံးရွေးချယ်မှုလို့ ထင်မြင်ယူဆမိတဲ့အကြောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး Frank McKenzie က VOA ကို ပြောပါတယ်။ အငြိမ်းစားဗိုလ်ချုပ်ကြီး Frank McKenzie ရေးသားတဲ့ “The Melting Point” ဆိုတဲ့ စာအုပ်ထဲမှာ အာဖဂန်နစ္စတန်နဲ့ ပတ်သတ်တဲ့ သမ္မတ Biden ရဲ့ စစ်ရေးရွေးချယ်မှုနဲ့ ပတ်သတ်ပြီး VOA က မေးမြန်းစဉ်မှာ အခုလို ပြောလိုက်တာပါ။

အာဖဂန်နစ္စတန်မှာ စစ်ရေးရွေးချယ်မှု လေးခုဖြစ်တဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၂၅၀၀ ခန့်ပါဝင်တဲ့ အခြေစိုက်စခန်း ၈ ခု ထိန်းသိမ်းထားရှိရေး၊ တပ်ဖွဲ့ဝင်အရေအတွက်ကို ၁,၈၀၀ အထိလျှော့ချပြီး အခြေစိုက်စခန်းသုံးခုသာ ထားရှိရေး၊ အမေရိကန် တပ်ဖွဲ့ဝင်အားလုံးကို ဖယ်ရှားပြီး သံရုံးကို ထားရှိရေးနဲ့ အမေရိကန် တပ်ဖွဲ့တွေနဲ့ အမေရိကန်သံရုံး အားလုံးကို ဆုတ်ခွာစေရေးစတဲ့ ဖြစ်နိုင်ချေရှိတဲ့ ရွေးချယ်မှု လေးခုမှာ အာဖဂန်နိုင်ငံအတွင်းမှာရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ အန္တရာယ် ကျရောက်နိုင်တဲ့ အာဖဂန်နိုင်ငံသားတွေကို ကယ်တင်ရေးအတွက် အမေရိကန်သံရုံးကို ဆက်လက်ထားရှိမယ့် နံပါတ် ၃ ဖြစ်နိုင်ချေကို သမ္မတ Biden က ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး McKenzie က ပြောပါတယ်။

အငြိမ်းစားဗိုလ်ချုပ်ကြီး Frank McKenzie နဲ့ ဗွီအိုအေတွေ့ဆုံမေးမြန်းနေစဉ်
အငြိမ်းစားဗိုလ်ချုပ်ကြီး Frank McKenzie နဲ့ ဗွီအိုအေတွေ့ဆုံမေးမြန်းနေစဉ်

ဗိုလ်ချုပ်ကြီး McKenzie ဟာ ၂၀၂၀ ခုနှစ်က သမ္မတဟောင်း Donald Trump နဲ့ တာလီဘန်တို့ကြားမှာ လက်မှတ်ရေးထိုးခဲ့တဲ့ Doha သဘောတူညီချက်နဲ့ ပတ်သက်ပြီးတော့လည်း အမေရိကန်ပြည်ထောင်စုရဲ့ အဆိုးရွားဆုံး ညှိနှိုင်းရေးအမှားတွေထဲမှ တခုလို့ သူ့ရဲ့ စာအုပ်ထဲမှာရေးသားထားပါတယ်။ ဗိုလ်ချုပ်ကြီး Frank McKenzie ဟာ အမေရိကန်စစ်တပ် အလယ်ပိုင်းဒေသ ကွပ်ကဲရေးဌာနရဲ့ ၁၄ ယောက်မြောက်ဗိုလ်ချုပ်အဖြစ် ၂၀၂၂ ခုနှစ်မှာ အငြိမ်းစားယူခဲ့ပြီး အမေရိကန် မရိန်းတပ်သားအဖြစ် လေးဆယ့်နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူပါ။ “The Melting Point” စာအုပ်ကိုတော့ ဒီနှစ် မေလတုန်းက ဖြန့်ချီခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG