သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပဖလား ရှုံးထွက်အဆင့်ကို ပထမဆုံးတက်သွားတဲ့ ဂျာမနီအသင်း


UEFA Euro 2024 ဂျာမနီအလယ်တန်းတိုက်စစ်မှူး နံပါတ် ၁၀ - ပထမဂိုးသွင်းနေစဥ်။ (ဇွန် ၁၉၊ ၂၀၂၄)
UEFA Euro 2024 ဂျာမနီအလယ်တန်းတိုက်စစ်မှူး နံပါတ် ၁၀ - ပထမဂိုးသွင်းနေစဥ်။ (ဇွန် ၁၉၊ ၂၀၂၄)

၂၀၁၄ ခုနှစ် ဥရောပဖလား EURO 2024 အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ အုပ်စု (က) မှာ အိမ်ရှင်ဂျာမနီအသင်းက ဟန်ဂေရီကို ၂ ဂိုးပြတ်နဲ့အနိုင်ရပြီး ရှုံးထွက်အဆင့်ကို ပထဆုံးတက်ရောက်ခွင့်ရသွားပါတယ်။ အိမ်ရှင် ပရိသတ်ရှေ့မှာ ဂျာမနီအသင်းဟာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဟန်ဂေရီရဲ့ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ကာ Jamal Musiala နဲ့ İlkay Gündoğan တို့ရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ အသီးသီးသွင်းယူခဲ့ကြတဲ့ သွင်းဂိုးတွေနဲ့အနိုင်ရခဲ့တာပါ။

ဂျာမနီဟာ အုပ်စုအဖွင့်ပွဲတုန်းက စကော့တလန်ကို ၅-၁ နဲ့ အနိုင်ရထားပြီးဖြစ်လို့ နှစ်ပွဲနိုင် (၆) မှတ်နဲ့ အုပ်စု နောက်ဆုံးပွဲမတိုင်ခင် နောက်တဆင့် တက်လှမ်းနိုင်ခဲ့တာပါ။ ဂျာမနီဟာ လာမယ့်တနင်္ဂနွေနေ့မှာ ဆွစ်ဇာလန်နဲ့ အုပ်စုလက်ကျန် နောက်ဆုံးပွဲကို ကစားရမှာဖြစ်ပြီး အဲဒီမှာ အနည်းဆုံး သရေကျရုံနဲ့ အုပ်စုဗိုလ်အဖြစ် ရပ်တည်နိုင်မှာလည်းဖြစ်ပါတယ်။ ဟန်ဂေရီ အသင်းကတော့ နှစ်ပွဲကစားပြီးချိန်မှာ နှစ်ပွဲရှုံးရလဒ်နဲ့ အုပ်စု (က) ရဲ့ နောက်ဆုံးမှာ ရှိနေပြီး လက်ကျန်တပွဲကျန်နေပေမယ့် ရမှတ်အရ ပြိုင်ပွဲကနေ ထွက်ခဲ့ပြီ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ အုပ်စု (က) ရဲ့ နောက်ထပ်တပွဲဖြစ်တဲ့ စကော့တလန်နဲ့ ဆွစ်ဇာလန်တို့ ပွဲကတော့ တဘက် ၁ ဂိုးစီနဲ့သရေကျခဲ့ပြီး အုပ်စု (ခ) က ခရိုအေးရှားနဲ့ အယ်လ်ဘေးနီးယားတို့ပွဲမှာလည်း တဘက် ၂ ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။ ဒီနေ့ ကြာသပတေးနေ့မှာတော့ အုပ်စု (ခ) မှာ လက်ရှိ ချန်ပီယံ အီတလီအသင်းနဲ့ ချန်ပီယံဟောင်းစပိန်တို့ ထိပ်တိုက်တွေ့မှာ ဖြစ်သလို အုပ်စု (ဂ) မှာလည်း နာမည်ကြီး အင်္ဂလန်အသင်းဟာ ဒိန်းမတ်နဲ့ ဒုတိယမြောက် အုပ်စုပွဲစဥ် ကစားရဖို့ ရှိနေပါတယ်။

အီတလီ၊ စပိန်နဲ့ အင်္ဂလန်အသင်းတွေဟာ အုပ်စုအဖွင့်ပွဲစဥ်တွေမှာ နိုင်ပွဲ အသီးသီးရခဲ့ကြလို့ ရမှတ် ၃ ရရှိထားတာ ဖြစ်ပါတယ်။ ယူရို ၂၀၂၄ ဥရောပဖလားဘောလုံးပြိုင်ပွဲကို ဇွန်လ ၁၄ ရက်ကနေ ဇူလိုင် ၁၄ ရက်နေ့အထိ ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး ဥပရောပတိုက် ၂၄ နိုင်ငံက အမျိုးသား ဘောလုံးအသင်းတွေ ယှဥ်ပြိုင်နေတာ ဖြစ်ပါတယ်။

ဥရောပဖလား ရှုံးထွက်အဆင့်ကို ပထမဆုံးတက်သွားတဲ့ ဂျာမနီအသင်း
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG