သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီမှာ လူအုပ်တွင်း ကားနဲ့ဝင်တိုက်တဲ့အတွက် ၂ ဦးသေဆုံး


Mannheim မြို့တွင် ကားဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့်နေရာကို စစ်ဆေးနေသည့် ဂျာမန် ရဲတပ်ဖွဲ့ဝင်များ။ (မေ ၃၊​ ၂၀၂၅) (AFP)
Mannheim မြို့တွင် ကားဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့်နေရာကို စစ်ဆေးနေသည့် ဂျာမန် ရဲတပ်ဖွဲ့ဝင်များ။ (မေ ၃၊​ ၂၀၂၅) (AFP)

ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းက Mannheim မြို့မှာ လူအုပ်ထဲကို ကားက ဝင်တိုက်တဲ့အတွက် လူ ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရသွားသလို အစ္စရေးနိုင်ငံ Haifa မှာလည်း ဓားနဲ့ တိုက်ခိုက်တဲ့အတွက် လူတယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရသွားခဲ့ပါတယ်။

ဂျာမနီမှာတော့ ဒီဖြစ်ရပ်ကို တိုက်ခိုက်မှုလို့ ရဲက မသတ်မှတ်သေးပါဘူး။ ဒါပေမဲ့ မကြာမီ လတွေအတွင်း အကြမ်းဖက် တိုက်ခိုက်တဲ့အခါ ကားကို လက်နက်အဖြစ် ဂျာမနီမှာ သုံးလာကြတာပါ။

ဂျာမနီကို လာခဲ့ပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားသူ အသက် ၂၄ နှစ်အရွယ် အာဖဂန် အမျိုးသား တယောက်ကို ဒီအမှုနဲ့ဆက်စပ်လို့ ဖမ်းဆီးလိုက်ပါတယ်။ သူ့မှာ အစွန်းရောက် အစ္စလာမ်စိတ်ဓာတ်နဲ့ လုပ်ချင်ပုံရတယ်လို့ ရဲက ပြောပါတယ်။

အစ္စရေးမှာတော့ ဒီတိုက်ခိုက်မှုကို အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် ရဲက ပြောဆိုပြီး တိုက်ခိုက်သူလည်း သေဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။ တိုက်ခိုက်သူဟာ အာရပ်စကားပြော ဒရုဇ် လူနည်းစု လူမျိုးဖြစ်ပြီး ပြီးခဲ့တဲ့အပတ်ကမှ နိုင်ငံခြားကနေ အစ္စရေးကို ပြန်လာခဲ့တာဖြစ်တယ်လို့ ရဲက ပြောပါတယ်။

ယေဘုယျအားဖြင့်တော့ ဒရုဇ် လူနည်းစုဟာ အစ္စရေးနိုင်ငံတော်အပေါ် သစ္စာရှိသူများအဖြစ် နားလည်ထားပြီး ဒီလို ရန်ပြုတာလည်း အလွန့်ကို ရှားပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့ကစပြီး အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့တို့ အပစ်ရပ်ပြီး ဒါဟာ အစ္စရေးမှာ ပထမဆုံး လူအသေအပျောက်ရှိတဲ့ တိုက်ခိုက်မှုဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG