သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားက ကုလတပ်ဖွဲ့မှာ ဂျာမနီ ပူးပေါင်း ပါဝင်လာ


တောင်ကိုရီးယားနိုင်ငံ Pyeongtaek အမေရိကန်စစ်ဌာနချုပ်မှာကျင်းပတဲ့ အခမ်းအနားမှာ ဂျာမနီကာကွယ်ရေးဝန်ကြီး Boris Pistorius က အလံလွှဲပြောင်းနေစဉ် (ဩဂုတ် ၂၊ ၂၀၂၄)
တောင်ကိုရီးယားနိုင်ငံ Pyeongtaek အမေရိကန်စစ်ဌာနချုပ်မှာကျင်းပတဲ့ အခမ်းအနားမှာ ဂျာမနီကာကွယ်ရေးဝန်ကြီး Boris Pistorius က အလံလွှဲပြောင်းနေစဉ် (ဩဂုတ် ၂၊ ၂၀၂၄)

အမေရိကန်ဦးဆောင်တဲ့ (UNC) ကုလသမဂ္ဂကွပ်ကဲမှုတပ်ဖွဲ့ထဲ ဂျာမနီနိုင်ငံက သောကြာနေ့မှာ တရားဝင်ပူးပေါင်း ပါဝင်လိုက်ပါတယ်။ UNC အဖွဲ့ဝင်နိုင်ငံတွေက တောင်ကိုရီယားအပေါ် မြောက်ကိုးရီးယားရဲ့ ကျုးကျော်ရန်စမှုတွေကို ခုခံကာကွယ်ဖို့ ကတိကဝတ်ပြုထားတာပါ။

မြောက်ကိုးရီးယားရဲ့ ကျုးကျော်ရန်စမှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အသိအမှတ်ပြုခဲ့ပြီးတဲ့နောက် ၁၉၅၀ခုနှစ်က ကုလသမဂ္ဂ ကွပ်ကဲမှုတပ်ဖွဲ့ (UNC)ကို စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခု ဂျာမနီနိုင်ငံက အဖွဲ့ဝင် ၁၈ နိုင်ငံမြောက်ဖြစ်ပါတယ်။

အခုလို တရားဝင်အဖွဲ့ဝင်ဖြစ်ဖို့ ဆုံးဖြတ်ချက်က အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ဂျာမနီနိုင်ငံရဲ့ ကတိကဝတ်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသရာရောက်တဲ့အကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီး Boris Pistorius က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ Pyeongtaek အမေရိကန်စစ်ဌာနချုပ်မှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ပြောဆိုပါတယ်။

ဂျာမနီဟာလည်း UNC အဖွဲ့ဝင်နိုင်ငံတနိုင်ငံအနေနဲ့ တောင်နဲ့ မြောက်ကိုရီးယားနယ်စပ်ကို အကာအကွယ်ပေးဖို့ တာဝန်ရှိကြောင်းလည်း သူကပြောပါတယ်။

ဂျာမနီအနေနဲ့ မတူကွဲပြားတဲ့ အမြင်နဲ့ စွမ်းဆောင်ရည်တွေကို အဖွဲ့အတွက် ဆောင်ကျဉ်းပေးနိုင်မှာဖြစ်ကြောင်းလည်း UNC အဖွဲ့နဲ့ တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ တပ်မှုး အမေရိကန်ကြည်းတပ်ဗိုလ်ချုပ်ကြီး Paul LaCamera က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယားက ကုလတပ်ဖွဲ့မှာ ဂျာမနီ ပူးပေါင်း ပါဝင်လာ
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG