သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးချုပ်အယုံအကြည်မရှိအဆို ဂျာမဏီလွှတ်တော်အတည်ပြု

ဂျာမနီလွှတ်တော်မှာ စကားပြောနေတဲ့ ဝန်ကြီးချုပ် Olaf Scholz (ဒီဇင်ဘာ ၁၆၊ ၂၀၂၄)
ဂျာမနီလွှတ်တော်မှာ စကားပြောနေတဲ့ ဝန်ကြီးချုပ် Olaf Scholz (ဒီဇင်ဘာ ၁၆၊ ၂၀၂၄)

ဂျာမနီ လွှတ်တော်မှာ အစိုးရအပေါ် အယုံအကြည်ရှိအဆို မဲခွဲရာမှာ ဝန်ကြီးချုပ် Olaf Scholz ရှုံးနိမ့်သွားတဲ့အတွက် ရွေးကောက်ပွဲတွေကို ဖေဖော်ဝါရီလ မှာ ကျင်းပရတော့မှာ ဖြစ်ပါတယ်။ အောက်လွှတ်တော်မှာ အမတ် ၇၃၃ ယောက်ရှိပြီး၊ သူ့ကို ထောက်ခံမဲ ၂၀၇၊ ဆန့်ကျင်မဲ ၃၉၄ မဲ၊ မဲမပေးသူ ၁၁၆ ယောက်နဲ့ Scholz ရှုံးခဲ့တာပါ။

ဂျာမနီ စီးပွါးရေး ပြန်လည် ရှင်သန်အောင် လုပ်ဖို့ သဘောထား ကွဲကြတာကြောင့် ဘဏ္ဍာရေး ဝန်ကြီး နှုတ်ထွက်ခဲ့ရာက အခုလို မဲခွဲရတာပါ။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပဖို့ အဓိက ပါတီကြီးတွေ သဘောတူခဲ့ကြပါတယ်။ ဂျာမနီ ဖွဲ့စည်းပုံအရ အစိုးရ အပေါ် အယုံအကြည်ရှိ အဆို မဲမခွဲဘဲ ပါလီမန်ကို ဖျက်သိမ်းလို့ မရတာကြောင့် အခုလို မဲခွဲရတာ ဖြစ်ပါတယ်။

အခုအခါမှာတော့ သမ္မတ Frank-Walter Steinmeier ဟာ ပါလီမန်ကို ဖျက်သိမ်းဖို့နဲ့ ရွေးကောက်ပွဲခေါ်ဖို့ ၂၁ ရက်အတွင်း ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အဓိကပါတီတွေက သဘောတူကြပြီး ဖြစ်တာတာကြောင့် သူတို့ ပြောတဲ့အတိုင်း ရွေးကောက်ပွဲကျင်းပဖို့ ကြေညာမယ်လို့ မျှော်လင့်ထားကြပါတယ်။ လူထု သဘောထား စစ်တမ်းအရဆိုရင်တော့ ဗဟိုလက်ယာ ပါတီ Union bloc က ရှေ့ကပြေးနေပြီး၊ Olaf Scholz ရဲ့ ဗဟိုလက်ဝဲ ဆိုရှယ်ဒီမိုကရက် ပါတီက နောက်က လိုက်နေပါတယ်။ အစဥ်အလာအရ ဂျာမန်ရွေးကောက်ပွဲ ကနေ ညွန့်ပေါင်းအစိုးရပဲ ထွက်ပေါ်လာတတ်ပါတယ်။

ဝန်ကြီးချုပ်အယုံအကြည်မရှိအဆို ဂျာမဏီလွှတ်တော်အတည်ပြု
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG