သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခတွေကြောင့် မြန်မာနဲ့ နိုင်ငံတချို့ ဖွံ့ဖြိုးမှုနောက်ကျ (UNDP)


ရန်ကုန်မြို့ပေါ်က ဈေးတခုမြင်ကွင်း (ဇန်နဝါရီ ၂၇၊ ၂၀၂၂)
ရန်ကုန်မြို့ပေါ်က ဈေးတခုမြင်ကွင်း (ဇန်နဝါရီ ၂၇၊ ၂၀၂၂)

ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကိုဗစ်ကပ်ရောဂါ မတိုင်ခင် အခြေအနေမျိုး ပြန်ရောက်စ ပြုလာပေမဲ့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတချို့မှာတော့ ဖွံ့ဖြိုးမှုတွေ နောက်ကျကျန်ခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။

မြန်မာ၊ အာဖဂနစ္စတန်နဲ့ ဆူဒန် တို့လိုနိုင်ငံတွေမှာ ကိုဗစ်ကပ်ရောဂါ၊ စီးပွားရေး၊ ဘဏ္ဍာရေးပြဿနာတွေအပြင် စစ်ပွဲပဋိပက္ခတွေကြောင့် ပြန်လည်တိုးတက်ဖို့ ရုန်းကန်နေရဆဲဖြစ်တယ်လို့ လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သုံးသပ်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာက ထောက်ပြခဲ့တာပါ။ အဲဒီနိုင်ငံတွေမှာ လူသားဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို လုံးဝအစီအစဉ်ချဆောင်ရွက်ခြင်း မရှိဘူးလို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ အကြီးအကဲ Achim Steiner ကပြောပါတယ်။

ကိုဗစ်အလွန် လူသားဖွံ့ဖြိုးတိုးတက်ရေးမှာ ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ချမ်းသာတဲ့နိုင်ငံတွေကြား တိုးတက်မှုကွာဟနေတယ်လို့ အစီရင်ခံစာမှာပြောပါတယ်။ သမိုင်းမှာ ဘယ်တုန်းကမှနဲ့ မတူအောင်‌ ငွေကြေး ချမ်းသာတဲ့နိုင်ငံတွေ ကမ္ဘာမှာရှိနေချိန် လွန်ခဲ့တဲ့ ၁၀ နှစ်ထက် ငတ်မွတ်နေသူတွေ၊ ဆင်းရဲသူတွေ ပိုများလာတယ်လို့ အကြီးအကဲ Steiner ကပြောပါတယ်။ ကမ္ဘာတဝန်း စစ်ပွဲတွေလည်း ပိုများလာသလို ဒုက္ခသည်တွေလည်း ပိုများပြီး ကမ္ဘာကြီးဟာ ပိုပြီး မလုံခြုံ၊ ပိုပြီးအန္တရာယ်များလာတယ်လို့ သူကပြောပါတယ်။

လူသားဖွံ့ဖြိုးမှု အညွှန်းကိန်း HDI ဟာ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်မှာ ၂ နှစ်ဆက်တိုက် ကျဆင်းခဲ့ပေမဲ့ ပြန်လည်တိုးတက်အောင်ကြိုးစားနိုင်တဲ့ အခွင့်အလမ်းတွေရှိပါတယ်လို့လည်း UNDP ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Forum

XS
SM
MD
LG