သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ေရႊေစ်း နည္းနည္း ျပန္က်


[ Zawgyi ]

ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္အသင္းမွာ အကယ္ဒမီအေခါက္ေ႐ႊ တက်ပ္သားကို က်ပ္သိန္း ၂၀ နဲ႔ ေစ်းစဖြင့္ခဲ့ၿပီး ေ႐ႊလုပ္ငန္းရွင္ တခ်ိဳ႕ကိုလည္း လက္ထဲရွိတဲ့ ေ႐ႊေတြေန႔တိုင္း ထုတ္ေရာင္းေပးဖို႔ ၫႊန္ၾကားထားတဲ့အတြက္ ေ႐ႊေစ်းက ဒီကေန႔ အနည္းငယ္ ေစ်းျပန္က်ပါတယ္။ ရန္ကုန္တိုင္း ေ႐ႊအသင္းအေနနဲ႔ ဒီကေန႔ ေ႐ႊပိႆာခ်ိန္ ၃၀ ေလာက္ ထုတ္ေရာင္းႏိုင္ခဲ့ေၾကာင္း အသင္းတာဝန္ရွိသူက ဗြီအိုေအကို ေျပာပါတယ္။ ရန္ကုန္က ေပးပို႔တဲ့ ဒီသတင္းကို တင္ျပမွာပါ။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက တက်ပ္သားကို ၂၂ သိန္းေက်ာ္ခဲ့တဲ့ ျမန္မာ့ေ႐ႊေစ်းႏႈန္းဟာ ဒီေန႔ စက္တင္ဘာလ ၃၀ ရက္မွာေတာ့ က်ပ္သိန္း ၂၀ ေအာက္ကို ျပန္က်လာပါတယ္။ ေ႐ႊေစ်းတဟုန္ထို းတက္တဲ့အတြက္ ရန္ကုန္တိုင္း ေ႐ႊအသင္းက စက္တင္ဘာ ၂၉ ရက္မွာ အစည္းအေဝးတခု လုပ္ခဲ့ရပါတယ္။ ဒီအစည္းအေဝးမွာ ေ႐ႊလုပ္ငန္းရွင္ ၄ ေယာက္ဦးေဆာင္ၿပီး ေ႐ႊေတြ ထုတ္ေရာင္းေပးသြားဖို႔ ဆုံးျဖတ္ခဲ့တာပါ။

ဇြဲထက္ေ႐ႊဆိုင္၊ အကယ္ဒမီေ႐ႊဆိုင္၊ ေအာင္သမာဓိေ႐ႊဆိုင္နဲ႔ ေ႐ႊကုန္သည္ဦးဧရာစိုးတို႔က တေယာက္ကို ေ႐ႊ ၅ ပိႆာႏႈန္းနဲ႔ ေ႐ႊပိႆာခ်ိန္ ၂၀ ကို ေန႔တိုင္း ထုတ္ေရာင္းေပးဖို႔ သေဘာတူခဲ့ၾကတာပါ။ ဒါေၾကာင့္ ဒီလုပ္ငန္းရွင္ေတြက ထုတ္ေရာင္းတဲ့ေ႐ႊနဲ႔ တျခားေ႐ႊဆိုင္ေတြက ထုတ္ေရာင္းတဲ့ေ႐ႊ အားလုံးေပါင္းလိုက္မယ္ဆိုရင္ ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း႐ုံးမွာ ဒီေန႔ ေ႐ႊပိႆာခ်ိန္ ၃၀ ေက်ာ္ ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း အသင္းဥကၠ႒ ဦးမ်ိဳးျမင့္က ဗြီအိုေအကို ေျပာပါတယ္။ ဒီေန႔လာဝယ္သူေတြကေတာ့ ပန္းတိိမ္လုပ္ငန္းအတြက္ လာဝယ္ၾကသူေတြမ်ားတယ္လို႔ သူကေျပာပါတယ္။

“ဒီေန႔ က်ေနာ္တို အကယ္ဒမီက ၅ထုပ္ ( ၅ ပိႆာ) ေရာင္းသြားတယ္၊ ဇြဲထက္က ၇ ထုပ္ေရာင္းတယ္၊ ေအာင္သမာဓိက ၆ ထုပ္ေရာင္းတယ္၊ ေနာက္ ဧရာကိုစိုးႏိုင္က ၅ ထုပ္ေရာင္းတယ္၊ အားလုံး ၂၀ ေက်ာ္ေရာင္းသြားတယ္။ အထည္ပ်က္ေ႐ႊေတြ လာေရာင္းတာေတြလည္း ရွိတယ္ေလ ဒီမွာ ၁ ပိုင္းလာေရာင္း၊ ၂ ပိုင္းလာေရာင္းေပါ့ ( ပိႆာခ်ိန္ ) ၃-၄၀ ေတာ့ ရွိမွာေပါ့။ (လာဝယ္တာက) ဆိုင္သမားေတြ၊ ပန္းတိမ္သမားေတြ အဲဒါမ်ိဳးမ်ားတယ္။ ေ႐ႊက ဒီမွာဝယ္လို႔ရတယ္ဆိုတာ သိသြားေတာ့၊ ေစာေစာကေတာ့ လူေတြက စိုးရိမ္စိတ္မ်ားတယ္။”

ရန္ကုန္တိုင္း ေ႐ႊအသင္းရဲ႕ ေနလည္ပိုင္း ေစ်းႏႈန္းထုတ္ျပန္ခ်က္မွာေတာ့ အေခါက္ေ႐ႊေစ်း အနည္းငယ္က်သြားၿပီး တက်ပ္သားကို ျမန္မာေငြ ၁,၉၉၅,၀၀၀ မွာရွိေနတာပါ။ ဒါေပမဲ့ ညေနပိုင္း ေစ်းကြက္ပိတ္ခ်ိန္မွာ ျပန္တက္လာၿပီး က်ပ္ ၂,၀၂၀,၀၀၀ ျပန္ေရာက္လာပါတယ္။ အမည္မေဖာ္လိုတဲ့ ေ႐ႊကုန္သည္တဦးကေတာ့ အေခါက္ေ႐ႊေစ်းဟာ ဝယ္လိုအားရွိေနတာေၾကာင့္ တက်ပ္သားကို က်ပ္သိန္း ၂၀ ဝန္းက်င္မွာပဲ ကာလတခုအထိ ရွိေနဦးမယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕တြင္းမွာေတာ့ တခ်ိဳ႕ေ႐ႊဆိုင္ေတြဟာ ေစ်းႏႈန္းေတြ စတက္လာတဲ့ ဩဂုတ္လကတည္းကစလို႔ ဆိုင္ေတြယာယီပိတ္ၿပီး အထည္ေ႐ႊ ေရာင္းခ်တာကို ရပ္နားထားၾကတာပါ။ လက္ရွိေစ်းကြက္မွာေတာ့ အေခါက္ေ႐ႊတမ်ိဳး အေရာင္း၊ အဝယ္ရွိေနတာ ျဖစ္ပါတယ္။

[ Unicode ]

ရန်ကုန်ရွှေဈေး နည်းနည်း ပြန်ကျ

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းမှာ အကယ်ဒမီအခေါက်ရွှေ တကျပ်သားကို ကျပ်သိန်း ၂၀ နဲ့ ဈေးစဖွင့်ခဲ့ပြီး ရွှေလုပ်ငန်းရှင် တချို့ကိုလည်း လက်ထဲရှိတဲ့ ရွှေတွေနေ့တိုင်း ထုတ်ရောင်းပေးဖို့ ညွှန်ကြားထားတဲ့အတွက် ရွှေဈေးက ဒီကနေ့ အနည်းငယ် ဈေးပြန်ကျပါတယ်။ ရန်ကုန်တိုင်း ရွှေအသင်းအနေနဲ့ ဒီကနေ့ ရွှေပိဿာချိန် ၃၀ လောက် ထုတ်ရောင်းနိုင်ခဲ့ကြောင်း အသင်းတာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကို တင်ပြမှာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တကျပ်သားကို ၂၂ သိန်းကျော်ခဲ့တဲ့ မြန်မာ့ရွှေဈေးနှုန်းဟာ ဒီနေ့ စက်တင်ဘာလ ၃၀ ရက်မှာတော့ ကျပ်သိန်း ၂၀ အောက်ကို ပြန်ကျလာပါတယ်။ ရွှေဈေးတဟုန်ထို းတက်တဲ့အတွက် ရန်ကုန်တိုင်း ရွှေအသင်းက စက်တင်ဘာ ၂၉ ရက်မှာ အစည်းအဝေးတခု လုပ်ခဲ့ရပါတယ်။ ဒီအစည်းအဝေးမှာ ရွှေလုပ်ငန်းရှင် ၄ ယောက်ဦးဆောင်ပြီး ရွှေတွေ ထုတ်ရောင်းပေးသွားဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဇွဲထက်ရွှေဆိုင်၊ အကယ်ဒမီရွှေဆိုင်၊ အောင်သမာဓိရွှေဆိုင်နဲ့ ရွှေကုန်သည်ဦးဧရာစိုးတို့က တယောက်ကို ရွှေ ၅ ပိဿာနှုန်းနဲ့ ရွှေပိဿာချိန် ၂၀ ကို နေ့တိုင်း ထုတ်ရောင်းပေးဖို့ သဘောတူခဲ့ကြတာပါ။ ဒါကြောင့် ဒီလုပ်ငန်းရှင်တွေက ထုတ်ရောင်းတဲ့ရွှေနဲ့ တခြားရွှေဆိုင်တွေက ထုတ်ရောင်းတဲ့ရွှေ အားလုံးပေါင်းလိုက်မယ်ဆိုရင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံးမှာ ဒီနေ့ ရွှေပိဿာချိန် ၃၀ ကျော် ရောင်းချနိုင်ခဲ့ကြောင်း အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဗွီအိုအေကို ပြောပါတယ်။ ဒီနေ့လာဝယ်သူတွေကတော့ ပန်းတိမ်လုပ်ငန်းအတွက် လာဝယ်ကြသူတွေများတယ်လို့ သူကပြောပါတယ်။

“ဒီနေ့ ကျနော်တို အကယ်ဒမီက ၅ထုပ် ( ၅ ပိဿာ) ရောင်းသွားတယ်၊ ဇွဲထက်က ၇ ထုပ်ရောင်းတယ်၊ အောင်သမာဓိက ၆ ထုပ်ရောင်းတယ်၊ နောက် ဧရာကိုစိုးနိုင်က ၅ ထုပ်ရောင်းတယ်၊ အားလုံး ၂၀ ကျော်ရောင်းသွားတယ်။ အထည်ပျက်ရွှေတွေ လာရောင်းတာတွေလည်း ရှိတယ်လေ ဒီမှာ ၁ ပိုင်းလာရောင်း၊ ၂ ပိုင်းလာရောင်းပေါ့ ( ပိဿာချိန် ) ၃-၄၀ တော့ ရှိမှာပေါ့။ (လာဝယ်တာက) ဆိုင်သမားတွေ၊ ပန်းတိမ်သမားတွေ အဲဒါမျိုးများတယ်။ ရွှေက ဒီမှာဝယ်လို့ရတယ်ဆိုတာ သိသွားတော့၊ စောစောကတော့ လူတွေက စိုးရိမ်စိတ်များတယ်။”

ရန်ကုန်တိုင်း ရွှေအသင်းရဲ့ နေလည်ပိုင်း ဈေးနှုန်းထုတ်ပြန်ချက်မှာတော့ အခေါက်ရွှေဈေး အနည်းငယ်ကျသွားပြီး တကျပ်သားကို မြန်မာငွေ ၁,၉၉၅,၀၀၀ မှာရှိနေတာပါ။ ဒါပေမဲ့ ညနေပိုင်း ဈေးကွက်ပိတ်ချိန်မှာ ပြန်တက်လာပြီး ကျပ် ၂,၀၂၀,၀၀၀ ပြန်ရောက်လာပါတယ်။ အမည်မဖော်လိုတဲ့ ရွှေကုန်သည်တဦးကတော့ အခေါက်ရွှေဈေးဟာ ဝယ်လိုအားရှိနေတာကြောင့် တကျပ်သားကို ကျပ်သိန်း ၂၀ ဝန်းကျင်မှာပဲ ကာလတခုအထိ ရှိနေဦးမယ်လို့ ဗွီအိုအေကို ပြောပါတယ်။

ရန်ကုန်မြို့တွင်းမှာတော့ တချို့ရွှေဆိုင်တွေဟာ ဈေးနှုန်းတွေ စတက်လာတဲ့ ဩဂုတ်လကတည်းကစလို့ ဆိုင်တွေယာယီပိတ်ပြီး အထည်ရွှေ ရောင်းချတာကို ရပ်နားထားကြတာပါ။ လက်ရှိဈေးကွက်မှာတော့ အခေါက်ရွှေတမျိုး အရောင်း၊ အဝယ်ရှိနေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG