သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပတ်ဘလီကန်ပါတီညီလာခံမှာ တက်ကြွသူတွေ ချီတက်ဆန္ဒပြမည်


Wisconsin ပြည်နယ်၊ Milwaukee မြို့မှာ ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံကာလအတွင်း ဆန္ဒပြနေကြသူများ (ဇူလိုင် ၁၅၊ ၂၀၂၄)
Wisconsin ပြည်နယ်၊ Milwaukee မြို့မှာ ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံကာလအတွင်း ဆန္ဒပြနေကြသူများ (ဇူလိုင် ၁၅၊ ၂၀၂၄)

Wisconsin ပြည်နယ်၊ Milwaukee မြို့မှာ ဒီနေ့ စတင်ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံကာလအတွင်း တက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြပွဲနဲ့ ချီတက်ပွဲတွေ ကျင်းပဖို့ စီစဉ်နေပါတယ်။ သန္ဓေသား ဖျက်ချခွင့်၊ စီးပွားရေး မျှတမှု၊ ရွေ့ပြောင်း ဝင်ရောက်လာသူတွေ အရေးနဲ့ ဂါဇာစစ်ပွဲ အဆုံးသတ်ရေး တောင်းဆိုချက်တွေကို အများက အာရုံစိုက်လာမယ်လို့လည်း မျှော်လင့်ထားကြပါတယ်။

အစောပိုင်းက Milwaukee မြို့အတွင်း ဆန္ဒပြချီတက်မယ့် နေရာတွေနဲ့ လမ်းကြောင်းတွေကို ရဲတပ်ဖွဲ့နဲ့ ညှိနိုင်းရာမှာ အဆင်မပြေမှုတွေ ရှိခဲ့ပေမဲ့ အခုတော့ သဘောတူညီချက် ရသွားပြီလို့ တက်ကြွလှုပ်ရှားသူတွေရဲ့ ညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။

လေးရက်ကြာ ကျင်းပမယ့် ရီပတ်ဘလစ်ကန် ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ကြေညာမယ့် ဒီ ညီလာခံကို သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားတဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး ၄၈ နာရီအတွင်းမှာ စတင်ကျင်းပတာပါ။ တက်ကြွလှုပ်ရှားသူတွေကတော့ ပစ်ခတ်မှု ဖြစ်ပွားတာဟာ သူတို့နဲ့ မဆိုင်ဘဲ စီစဉ်ထားတဲ့အတိုင်း တောင်းဆိုသင့်တာတွေကို တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

ဒီညီလာခံကို တက်ရောက်မယ့်သူ သုံးသောင်းလောက်ရှိမယ်လို့ မျှော်လင့်ရပြီး မနေ့က သတင်းထောက်တွေ၊ တက်ကြွလှုပ်ရှားသူတွေ ကိုယ်စားလှယ်တွေ စတင်ရောက်လာကြပါတယ်။ ဆန္ဒပြတဲ့သူတွေလည်း ငါးထောင်နဲ့ တသောင်းကြားမှာရှိမယ်လို့ ချီတက်ပွဲ စီစဉ်သူတွေက ခန့်မှန်းထားပါတယ်။ Milwaukee မြို့တာဝန်ရှိသူတွေကတော့ လုံခြုံရေးအခြေအနေ စိုးရိမ်စရာမရှိတဲ့အကြောင်းနဲ့ လိုအပ်တဲ့အတိုင်း ကြိုတင်ပြင်ဆင်ထားတဲ့အကြောင်း ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG