သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပတ်ဘလီကန်ပါတီ ညီလာခံ ဒီကနေ့ စတင်မည်


ရီပတ်ဘစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ စတင်ကျင်းပမယ့် Wisconsin ပြည်နယ် Milwaukee မြို့က အဆောက်အဉီ (ဇူလိုင် ၁၄၊ ၂၀၂၄)
ရီပတ်ဘစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ စတင်ကျင်းပမယ့် Wisconsin ပြည်နယ် Milwaukee မြို့က အဆောက်အဉီ (ဇူလိုင် ၁၄၊ ၂၀၂၄)

သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို ဒီသီတင်းပတ် နှောင်းပိုင်း ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် တရားဝင် ကြေညာဖို့ စီစဉ်ထားတဲ့ ရီပတ်ဘစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဒီနေ့ Wisconsin ပြည်နယ် Milwaukee မြို့မှာ စတင် ကျင်းပပါမယ်။ ဖက်ဒရယ်အစိုးရ လုံခြုံရေး အရာရှိတွေကတော့ ပြီးခဲ့တဲ့ စနေနေ့ မဲဆွယ်ပွဲမှာ ဒေါ်နယ်ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားခဲ့သူနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ရှိနေဆဲဖြစ်ပြီး စုံစမ်း စစ်ဆေးနေပါတယ်။

ရီပတ်ဘလစ်ကန်ပါတီ ညီလာခံနဲ့ ပတ်သက်လို့ အစကတည်းက လုံခြုံရေး တင်းတင်းကြပ်ကြပ် ချမှတ်ဆောင်ရွက်ထားပြီး အစီအစဉ် တစုံတရာ‌ ပြောင်းလဲမှု မရှိတဲ့အကြောင်း အခမ်းအနား အစီအစဉ်တွေအတိုင်း ဆက်လက် ကျင်းပနိုင်ဖို့ အဆင့်သင့်ဖြစ်နေပြီလို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။

ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့ သူပြောကြားမယ့် မိန့်ခွန်းဟာ သမ္မတဂျိုးဘိုင်ဒန်ရဲ့ မူဝါဒတွေကို အဓိက အာရုံစိုက်တဲ့ တကယ့်ကို အရေးကြီးတဲ့ အကြောင်းအရာတွေကို ပြင်းပြင်းထန်ထန် ပြောဆိုဖို့ အစက ပြင်ဆင်ထားတဲ့အကြောင်း Washington Examiner သတင်းစာကို ပြောပါတယ်။ ဒါပေမဲ့လည်း အခုတော့ နိုင်ငံအတွင်းမှာ အမျိုးသားညီညွတ်ရေးအတွက် ထည့်သွင်း ဆော်ဩသွားမယ့်အကြောင်း ပြောဆိုပါတယ်။ ဒီအချိန်ဟာ နိုင်ငံတခုလုံး၊ ကမ္ဘာတခုလုံးကိုတောင် စုစည်းဖို့ အခွင့်အရေးတခု ဖြစ်တဲ့အကြောင်း၊ မိန့်ခွန်းဟာ အရင် နှစ်ရက်က သူပြောမယ့် မိန့်ခွန်းနဲ့ အများကြီး ပြောင်းလဲသွားပြီလို့လည်း ထရမ့်က သတင်းစာကို ပြောပါတယ်။

သမ္မတဂျိုးဘိုင်ဒန်ကတော့ ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားတဲ့ အကြမ်းဖက်မှုဟာ နိုင်ငံမှာ အားလုံးရဲ့ ရပ်တည်ချက်၊ အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်ချက်တွေနဲ့ ကွဲလွဲပြီး ညီညွတ်ကြဖို့ မနေ့က တိုက်တွန်း ပြောဆိုထားပါတယ်။

ရီပတ်ဘလီကန်ပါတီ ညီလာခံ ဒီကနေ့ စတင်မည်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG