သုံးရလွယ်ကူစေသည့် Link များ

G-20 ထိပ်သီးညီလာခံ အကြို တရုတ်နိုင်ငံ Hangzhou မြို့ လုံခြုံရေး တင်းကြပ်


G-20 ထိပ်သီးညီလာခံ ကျင်းပမည့် တရုတ်နိုင်ငံ Hangzhou မြို့။ (စက်တင်ဘာ ၁၊ ၂၀၁၆)

ဒီလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ကျင်းပမယ့် စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀ ရဲ့ G20 ထိပ်သီးဆွေးနွေးပွဲကို တရုတ်နိုင်ငံက Hangzhou မြို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဆန်းသစ်တီထွင်မှုတွေကို အားပေးတဲ့ စီးပွားရေး ပုံစံသစ်တခု တည်ဆောက်ပြီး ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေကြား ၀ံ့ကြွားပြနိုင်ဖို့ ရည်ရွယ်ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အကျပ်အတည်းကာလ ဖြစ်တဲ့ ၂၀၀၈ ခုနှစ်မှာ G20 ထိပ်သီးဆွေးနွေးပွဲကို စတင်ခဲ့တာပါ။ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုတွေနဲ့ ဘဏ္ဍာရေး ဆိုင်ရာမူဝါဒတွေ ညှိနှိုင်း ချမှတ်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် ဒီထိပ်သီးစည်းဝေးပွဲကို စတင်ခဲ့တာဖြစ်ပြီး ဖွံ့ဖြိုးစနိုင်ငံတွေကို ပိုမို ပါဝင်ပြောဆိုခွင့်လည်း ပေးထားပါတယ်။

ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် Hangzhou မြို့မှာ လုံခြုံရေးတင်းကျပ်ထားပါတယ်။ ရင်းနှီးမြှုပ်နှံ မှုတွေနဲ့ ပတ်သက်လာရင် တရုတ်နိုင်ငံမှာ အမြဲတမ်းလိုလိုကြုံရတဲ့ အတားအဆီးတွေ၊ စမ်းသစ်တီထွင်မှုတွေနဲ့ပတ်သက်တဲ့ မေးခွန်းထုတ်စရာ အခြေအနေတွေဟာ တရုတ်အစိုးရအတွက် အရေးတကြီး လုပ်ဆောင်သင့်တဲ့ ကိစ္စရပ်တွေကို တွန်းအားပေးဆောင်ရွက်ဖို့ ကြိုးပမ်းရာမှာ အခက်အခဲတွေ ဖြစ် လာနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

အခုထိပ်သီးဆွေးနွေးပွဲမှာ ဥတုရာသီပြောင်းလဲမှု ဆိုင်ရာ ကိစ္စက အဓိက ဆွေးနွေးမယ့်အကြောင်းအရာတွေ ထဲမှာ ပါဝင်ပါလိမ့်မယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း နှေးကွေးတာနဲ့ ကြုံလာရတဲ့တိုင်အောင် တရုတ်နိုင်ငံဟာ ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေလည်း ပိုမို အားကောင်းလာနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG