သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာမွာ စစ္အာဏာသိမ္းၿပီးေနာက္ လူ ၃ သိန္းဝန္းက်င္ကို ကုလ ကူညီေပးခဲ့


ထိုင္းျမန္မာနယ္စပ္ KNU ထိန္းခ်ဳပ္နယ္ေျမထဲ ခိုလံႈလာတဲ့ဒုကၡသည္ေတြ ထမင္းစားဖို႔တန္းစီေနစဥ္။ (ဒီဇင္ဘာ ၂၅၊ ၂၀၂၁)

[[Zawgyi/Unicode]]

အာဏာသိမ္းၿပီးကတည္းက ဒုကၡႀကဳံေတြ႕ေနၾကတဲ့ လူေပါင္း ၃ သိန္းဝန္းက်င္ကို ကူညီႏိုင္ခဲ့ေပမယ့္ အခက္အခဲေတြကို ႀကီးႀကီးမားမား ရင္ဆိုင္ေနရဆဲ ျဖစ္တယ္လို႔ ကုလသမဂၢ ဒုကၡသည္မ်ား မဟာမင္းႀကီး႐ုံး (UNHCR) ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ကိုယ္စားလွယ္က ဒီေန႔ ကမာၻ႔ဒုကၡသည္ေန႔မွာ ေျပာပါတယ္။

ကမာၻ႔ဒုကၡသည္ေန႔ အထိမ္းအမွတ္အျဖစ္ ျမန္မာႏိုင္ငံနဲ႔ပတ္သက္တဲ့ သူ႔အျမင္ကို UNHCR ရဲ႕ အင္တာနက္ စာမ်က္ႏွာမွာ မစၥ (Hai Kyung Jun) က ေရးထားတာ ျဖစ္ပါတယ္။ မီးဖိုေခ်ာင္သုံးပစၥည္း၊ ေစာင္၊ အခင္း၊ ေနေရာင္ျခည္ ဓာတ္အားသုံး မီးအိမ္ေတြအပါအဝင္ ကယ္ဆယ္ေရးပစၥည္းေတြကို လူေပါင္း ၁၈၂,၀၀၀ ကို ၂၀၂၁ ခုႏွစ္မွာ ပံ့ပိုးခဲ့တယ္လို႔ ဆိုပါတယ္။ လူေပါင္း ၁၁၃,၀၀၀ ကို အမိုးအကာနဲ႔ ေနႏိုင္ေအာင္ စီစဥ္ေပးခဲ့တယ္လို႔ မစၥ ဟိုင္ကယြန္ဂ်န္ က ေျပာပါတယ္။ ၂၀၂၂ ခုႏွစ္ ပထမ ၆ လမွာ ေနာက္ထပ္ လူ ၁ သိန္းကို ထပ္ျဖည့္ကူညီခဲ့တယ္လို႔ ဆိုပါတယ္။

အာဏာသိမ္းၿပီးကတည္းက ျဖစ္ခဲ့တဲ့ပဋိပကၡေတြေၾကာင့္ ထိုင္းႏိုင္ငံနဲ႔ အိႏၵိယႏိုင္ငံတို႔ဘက္ ထြက္ေျပးခိုလႈံေနၾကရသူေတြ မ်ားလာတာထက္ ျပည္တြင္းမွာပဲ အိုးအိမ္ စြန႔္ခြါ ေျပာင္းေ႐ႊ႕ ေနထိုင္ေနၾကရသူေတြ ပိုၿပီးမ်ားျပားေနတယ္လို႔ သူမက ဆိုပါတယ္။ အဲဒီလို ေျပာင္းေ႐ႊ႕ေနထိုင္ၾကတဲ့ ႏႈန္းကလည္း အနာဂတ္မွာ ပိုၿပီး မ်ားလာစရာ ရွိတယ္လို႔ ကုလသမဂၢက ခန႔္မွန္းထားတာပါ။ က်န္းမာေရးဝန္ေဆာင္မႈ၊ စားနပ္ရိကၡာ ေထာက္ပံ့မႈ၊ အသက္ေမြးလုပ္ကိုင္ႏိုင္တဲ့အခြင့္အလမ္း၊ ဘဏ္စနစ္နဲ႔ ဆက္သြယ္ေရးစနစ္ေတြ ပ်က္ယြင္းလာတဲ့အတိုင္း ျမန္မာျပည္သူေတြအဖို႔ ေဘးဒုကၡ ႀကဳံရေျခ ပိုၿပီး မ်ားျပားလာေနတယ္လိုလည္း သူက ေျပာပါတယ္။

ကုလသမဂၢက လူေတြကိုအကူအညီေပးရာမွာ ဘုန္းႀကီးေက်ာင္းေတြ၊ ခရစ္ယန္ ဘုရားေက်ာင္းေတြ၊ စာသင္ေက်ာင္းေတြ၊ ရပ္႐ြာပိုင္ေနရာေတြ နဲ႔ ေဒသခံ အဖြဲ႕ အစည္း အမ်ိဳးမ်ိဳးက အဓိကက်ခဲ့ၿပီး တတ္ႏိုင္သေလာက္ ေဆာင္႐ြက္ၾကတဲ့အတြက္ ခံစားဝမ္းသာ ေက်းဇူးတင္မိေၾကာင္း ျမန္မာႏိုင္ငံဆိုင္ ဌာေနကိုယ္စားလွယ္ က ေျပာထားပါတယ္။ လူတိုင္းဟာ စာနာေထာက္ထားၾကၿပီး သတၱိ၊ ေသြးစည္းညီၫြတ္မႈနဲ႔ အရႈံးမေပးတဲ့ စိတ္ဓာတ္ေတြကို ျပသခဲ့ၾကတယ္လို႔ မစၥ Hai Kyung Jun က ေျပာသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=====================

[[Unicode]]

မြန်မာမှာ စစ်အာဏာသိမ်းပြီးနောက် လူ ၃ သိန်းဝန်းကျင်ကို ကုလ ကူညီပေးခဲ့

အာဏာသိမ်းပြီးကတည်းက ဒုက္ခကြုံတွေ့နေကြတဲ့ လူပေါင်း ၃ သိန်းဝန်းကျင်ကို ကူညီနိုင်ခဲ့ပေမယ့် အခက်အခဲတွေကို ကြီးကြီးမားမား ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး (UNHCR) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က ဒီနေ့ ကမ္ဘာ့ဒုက္ခသည်နေ့မှာ ပြောပါတယ်။

ကမ္ဘာ့ဒုက္ခသည်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သူ့အမြင်ကို UNHCR ရဲ့ အင်တာနက် စာမျက်နှာမှာ မစ္စ (Hai Kyung Jun) က ရေးထားတာ ဖြစ်ပါတယ်။ မီးဖိုချောင်သုံးပစ္စည်း၊ စောင်၊ အခင်း၊ နေရောင်ခြည် ဓာတ်အားသုံး မီးအိမ်တွေအပါအဝင် ကယ်ဆယ်ရေးပစ္စည်းတွေကို လူပေါင်း ၁၈၂,၀၀၀ ကို ၂၀၂၁ ခုနှစ်မှာ ပံ့ပိုးခဲ့တယ်လို့ ဆိုပါတယ်။ လူပေါင်း ၁၁၃,၀၀၀ ကို အမိုးအကာနဲ့ နေနိုင်အောင် စီစဉ်ပေးခဲ့တယ်လို့ မစ္စ ဟိုင်ကယွန်ဂျန် က ပြောပါတယ်။ ၂၀၂၂ ခုနှစ် ပထမ ၆ လမှာ နောက်ထပ် လူ ၁ သိန်းကို ထပ်ဖြည့်ကူညီခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးကတည်းက ဖြစ်ခဲ့တဲ့ပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ဘက် ထွက်ပြေးခိုလှုံနေကြရသူတွေ များလာတာထက် ပြည်တွင်းမှာပဲ အိုးအိမ် စွန့်ခွါ ပြောင်းရွှေ့ နေထိုင်နေကြရသူတွေ ပိုပြီးများပြားနေတယ်လို့ သူမက ဆိုပါတယ်။ အဲဒီလို ပြောင်းရွှေ့နေထိုင်ကြတဲ့ နှုန်းကလည်း အနာဂတ်မှာ ပိုပြီး များလာစရာ ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားတာပါ။ ကျန်းမာရေးဝန်ဆောင်မှု၊ စားနပ်ရိက္ခာ ထောက်ပံ့မှု၊ အသက်မွေးလုပ်ကိုင်နိုင်တဲ့အခွင့်အလမ်း၊ ဘဏ်စနစ်နဲ့ ဆက်သွယ်ရေးစနစ်တွေ ပျက်ယွင်းလာတဲ့အတိုင်း မြန်မာပြည်သူတွေအဖို့ ဘေးဒုက္ခ ကြုံရခြေ ပိုပြီး များပြားလာနေတယ်လိုလည်း သူက ပြောပါတယ်။

ကုလသမဂ္ဂက လူတွေကိုအကူအညီပေးရာမှာ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယန် ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ရပ်ရွာပိုင်နေရာတွေ နဲ့ ဒေသခံ အဖွဲ့ အစည်း အမျိုးမျိုးက အဓိကကျခဲ့ပြီး တတ်နိုင်သလောက် ဆောင်ရွက်ကြတဲ့အတွက် ခံစားဝမ်းသာ ကျေးဇူးတင်မိကြောင်း မြန်မာနိုင်ငံဆိုင် ဌာနေကိုယ်စားလှယ် က ပြောထားပါတယ်။ လူတိုင်းဟာ စာနာထောက်ထားကြပြီး သတ္တိ၊ သွေးစည်းညီညွတ်မှုနဲ့ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေကို ပြသခဲ့ကြတယ်လို့ မစ္စ Hai Kyung Jun က ပြောသွားပါတယ်။
=====================

XS
SM
MD
LG