သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မိုးရာသီဝင္လို႔ ျပည္တြင္းဒုကၡသည္မ်ား အကူအညီအေရးေပၚလိုအပ္


ကခ်င္စစ္ေဘးေရွာင္ဒုကၡသည္မ်ား (KBC KACHIN)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ တိုက္ပြဲနဲ႔ ႏိုင္ငံေရးပဋိပကၡ အေျခအေနေတြေၾကာင့္ ေ႐ႊ႕ေျပာင္းေနထိုင္သူ ဦးေရဟာ ၁ သန္းေက်ာ္သြားၿပီလို႔ UNOCHA ကုလသမဂၢ လူသားခ်င္းစာနာကူညီမႈညႇိဳႏႈိင္းေရး႐ုံးက ထုတ္ျပန္ထားပါတယ္။ အဲဒီထဲမွာ စစ္အာဏာသိမ္းၿပီးေနာက္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးရသူ ၇ သိန္းနီးပါးလည္း ပါဝင္ေနတယ္လို႔ ေဖာ္ျပပါတယ္။ ျမန္မာျပည္တြင္းမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနရသူေတြရဲ႕ အေျခအေနနဲ႔ပတ္သက္လို႔ ရန္ကုန္ကေပးပို႔ထားတဲ့သတင္း အလိမၼာေျပာျပမွာပါ။

ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏႈိင္းေဆာင္႐ြက္ေရးအဖြဲ႕ UNOCHA က ျမန္မာႏိုင္ငံမွာ အမ်ိဳးသား၊ အမ်ိဳးသမီးနဲ႔ ကေလးငယ္ဦးေရ ၁သန္းေက်ာ္ဟာ ေ႐ႊ႕ေျပာင္းေနထိုင္ေနရၿပီး အဲဒီထဲမွာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ ပဋိပကၡနဲ႔ လုံၿခဳံေရးအေျခအေနေၾကာင့္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးရသူ ၇ သိန္းနီးပါးလည္း ပါဝင္တယ္လို႔ ထုတ္ျပန္ထားပါတယ္။ ရခိုင္ျပည္နယ္၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္ေတာင္ပိုင္းနဲ႔ ကရင္ျပည္နယ္တို႔က စစ္ေရွာင္စခန္းေတြမွာ အခုႏွစ္ ဧၿပီလကစၿပီး မုန္တိုင္းနဲ႔ မိုးသည္းထန္တဲ့အရွိန္ေတြေၾကာင့္ အမိုးအကာေတြ ပ်က္စီးၿပီး အရင္ကထက္ လိုအပ္ခ်က္ေတြ ပိုမ်ားလာတယ္လို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္က ေညာင္ေခ်ာင္း IDP စခန္းမွာေတာ့ အခ်ိန္ကာလၾကာလာတာနဲ႔အမွ် တဲအိမ္ေတြပ်က္စီးၿပီး အျမန္ဆုံး ျပဳျပင္ဖို႔လိုအပ္ေနတယ္လို႔ စခန္းတာဝန္ခံက ေျပာပါတယ္။

“ေညာင္ေခ်ာင္းရဲ႕ IDP စခန္းမွာေတာ့ တဲအိမ္ေတြက ၾကာၿပီဆိုေတာ့ ေအာက္ေျခေမွ်ာတိုင္ေတြက ေဆြးကုန္ၿပီေပါ့။ မိုးကလည္း႐ြာလာတာနဲ႔ ပ်က္စီးမယ့္အေျခအေနေတာ့ ရွိေနၿပီေပါ့။ ဒါေပမဲ့ တခုမွ ျပဳျပင္တာေတာ့ မရွိေသးဘူး။ ဒါေပမဲ့ က်ေနာ္တို႔ ေညာင္ေခ်ာင္း IDP စခန္းကိုေလ UNHCR က တဲအိမ္ေဆာက္မယ့္ ေမွ်ာတိုင္တို႔၊ ဝါးတို႔၊ သစ္တို႔၊ ဓနိတို႔ကို ၆ လပိုင္းအကုန္ေလာက္မွာ ေပးမယ္လို႔ေတာ့ ေျပာထားတာရွိတယ္။”

ကုလသမဂၢရဲ႕ ကိန္းဂဏန္းေတြအရဆို ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁ ရက္၊ စစ္တပ္အာဏာသိမ္းၿပီးခ်ိန္ကစလို႔ စစ္ေဘးေရွာင္ ဒုကၡသည္ဦးေရဟာ ၆၉၄,၃၀၀ ေက်ာ္ အထိရွိခဲ့ၿပီး တႏိုင္ငံလုံးမွာ အိုးအိမ္စြန႔္ခြာတိမ္းေရွာင္သူ စုစုေပါင္း ၁ သန္းေက်ာ္အထိ ရွိလာတာပါ။ ရွမ္းျပည္ေတာင္ပိုင္းက ေက်း႐ြာတခ်ိဳ႕မွာ ခိုလႈံေနၾကရတဲ့ စစ္ေဘးေရွာင္ေတြအတြက္လည္း အေျခခံစားနပ္ရိကၡာ၊ ေနရာထိုင္ခင္း လိုအပ္ခ်က္ေတြရွိေနၿပီး တခ်ိဳ႕အိမ္ျပန္ဖို႔ျပင္ဆင္ေနသူေတြအတြက္ မိုင္းပညာေပးလုပ္ငန္းလည္း ေဆာင္႐ြက္ေပးဖို႔လိုအပ္ေနတယ္လို႔ ကူညီေနသူတဦးက ေျပာပါတယ္။

“ပိုၿပီးေတာ့ အေရးႀကီးတာတခုကေတာ့ မိုင္းရွင္းလင္းတဲ့ မိုင္းပညာေပးလုပ္ငန္းေပါ့ အဲဒါပိုၿပီးေတာ့ လိုအပ္တယ္ဗ်။ တခ်ိဳ႕ျပန္သြားၿပီး ဟိုမွာေရာက္တဲ့အခါက်ေတာ့ ဒီမိုင္းပညာေပးထားတာ မရွိတဲ့အခါက်ေတာ့ မိုင္းခြဲခံရတာေတြ မိုင္းထိတာေတြရွိတယ္ဗ်။ ေသဆုံးတာေတြ ရွိတဲ့အခါက်ေတာ့ ဆက္လက္ၿပီးေတာ့ ကူညီေဆာင္႐ြက္ေပးႏိုင္မယ္ဆိုရင္ သူတို႔အတြက္ပိုၿပီးေတာ့ လုံၿခဳံတဲ့ဘဝကိုေရာက္မယ္ဗ်။”

လက္နက္ႀကီးပစ္ခတ္မႈနဲ႔ တိုက္ပြဲေတြေၾကာင့္ ရွမ္းျပည္ေတာင္ပိုင္း၊ ဖယ္ခုံၿမိဳ႕နယ္ အေရွ႕ဖက္ကမ္းက ေဒသခံအေတာ္မ်ားမ်ား စစ္ေရွာင္ေနၾကရပါတယ္။ စစ္ေရွာင္ကူညီေရးအဖြဲ႕ေတြက လိုအပ္တဲ့ ဆန္၊ ဆီ၊ ဆားေတြ အရင္က လာေရာက္ကူညီေပးတာမ်ိဳးရွိေပမယ့္ လက္ရွိမွာ အကူအညီ မရွိသေလာက္ျဖစ္ေနတယ္လို႔ ဖယ္ခုံၿမိဳ႕နယ္ ဆီးမီးေလာ့႐ြာခံ စစ္ေျပးဒုကၡသည္တဦးက ေျပာပါတယ္။ ကုလသမဂၢ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ WFP က ပဋိပကၡဒဏ္ခံေနရသူေတြကို အကူအညီေပးေနေပမယ့္ ဖယ္ခုံၿမိဳ႕နယ္အေရွ႕ဖက္ကမ္းဆီေတာ့ မေရာက္လာေသးဘူးလို႔ စစ္ေျပးဒုကၡသည္က ေျပာပါတယ္။ စစ္ေျပးဒုကၡသည္ေတြၾကားမွာ အေနဆင္းရဲ အစားဆင္းရဲနဲ႔ အခက္အခဲအမ်ိဳးမ်ိဳး ရင္ဆိုင္ေနၾကရတာလို႔ ဆီးမီးေလာ့႐ြာခံက အခုလို ေျပာပါတယ္။

“စစ္ေဘးေရွာင္ေတြက အဆင္မေျပတာက်ေတာ့ အဲ့ေတာေတာင္ထဲမွာပဲ စခန္းေတြခ် တဲေတြထိုးၿပီးေတာ့ ေနေနရတယ္။ သူတို႔ စားေရးေသာက္ေရးက အရမ္းခက္ခဲေနတယ္။ ဘာျဖစ္လဲဆိုေတာ့ အိုးအိမ္လည္း မျပန္ရဆိုေတာ့ က်ေနာ္တို႔ စစ္ေရွာင္ျပည္သူေတြက KRC တို႔ ပရဟိတအဖြဲ႕ေတြ က်ေနာ္တို႔ကို ဆန္ေတြ ေထာက္ပံ့ေပးတာေပါ့ေနာ္။ အခုတေလာေတာ့ ေထာက္ပံ့တဲ့အပိုင္းေတြက မရွိသေလာက္ျဖစ္ေနတယ္။ WFP က်ေတာ့ ဒီ က်ေနာ္တို႔ ဖယ္ခုံအေရွ႕ျခမ္းမွာ သူတို႔ စီမံကိန္းမရွိေသးနဲ႔ တူတယ္။ သူတို႔ လာတာမေတြ႕ေသးဘူး။ စစ္ေဘးေရွာင္ေတြက အဓိက ျခင္ေထာင္ေတြ ေတာေတာင္ထဲမွာေနတာက်ေတာ့ ျခင္အရမ္းေပါတဲ့အခ်ိန္က်ေတာ့ ဒီျခင္ေထာင္နဲ႔ အမိုးအကာေတြ လိုအပ္တယ္ေပါ့ေနာ္။ ဒီစားေရးေသာက္ေရး ကုန္ေျခာက္ေတြ လိုအပ္တယ္။ ေနာက္ၿပီးေတာ့ ဆန္လည္း အရမ္းလိုအပ္တယ္။”

အခုခ်ိန္မွာ စစ္ေျပးဒုကၡသည္ေတြၾကား ဝမ္းေရာဂါေတြနဲ႔ ဖ်ားနာတာေတြ ခံစားေနၾကရပါတယ္။ ဝမ္းေရာဂါေၾကာင့္ ကေလးငယ္တဦးနဲ႔ လူႀကီးပိုင္းထဲက တဦးဟာ ၿပီးခဲ့တဲ့ ဧၿပီလ တတိယအပတ္ေလာက္က ေသဆုံးသြားတယ္လို႔ စစ္ေရွာင္ေနသူက ေျပာပါတယ္။ က်န္းမာေရးကူညီေပးေနတဲ့ ဆရာမတဦးကေတာ့ ဖယ္ခုံအေရွ႕ဖက္ကမ္းမွာ စစ္ေဘးေရွာင္ တေသာင္းေက်ာ္ရွိေနၿပီး အဲ့ထဲက ၃ပုံ ၁ပုံေလာက္ဟာ ဝမ္းေရာဂါနဲ႔ ရာသီတုပ္ေကြးေရာဂါေတြ ျဖစ္ေနၾကတာလို႔ ေျပာပါတယ္။

“အခုက ေလာေလာဆယ္က ေသြးလြန္တုပ္ေကြးလည္း ျဖစ္တဲ့လူရွိေနတယ္။ ေနာက္ၿပီးေတာ့ အထက္လွန္ေအာက္ေလွ်ာလည္း ျဖစ္ေနတဲ့လူရွိတယ္။ ေနာက္ အခုက ရာသီတုပ္ေကြးလည္း ထပ္ကူးၾကေတာ့ အင္မတန္မွပဲ ဒုကၡေရာက္တယ္ေပါ့ေနာ္။ က်မတို႔ ဖယ္ခုံရဲ႕ အေရွ႕ဖက္ကမ္းလည္း အခုေလာေလာဆယ္ ရာခိုင္ႏႈန္းနဲ႔ တြက္မယ္ဆိုရင္ ၃ပုံ ၁ပုံေလာက္ေတာ့ ႀကဳံေတြ႕ေနရၿပီးေပါ့ေနာ္။ ေနာက္အခုက အထူးသျဖင့္ဆိုလို႔ရွိရင္ သူတို႔က ဟိုေ႐ႊ႕ ဒီေ႐ႊ႕ ရတဲ့အခါက်ေတာ့လည္း ျခင္ေထာင္ေတြမရွိတဲ့အထဲ ဟိုနားခ်ိတ္ ခ်ိတ္တဲ့အခါက်ေတာ့ ျခင္ေထာင္ေတြစုပ္ၿပဲသြားတဲ့လူက ခပ္မ်ားမ်ား အဲ့လိုမ်ိဳးျဖစ္ေနတယ္။ အမ်ားႀကီးလိုအပ္ခ်က္ရွိတယ္။ ဒါေပမယ့္ နံပါတ္ ၁ အခ်က္ကက်ေတာ့ စားဝတ္ေနေရးေပါ့၊ ေနာက္ က်န္းမာေရးေပါ့ေနာ္၊ က်န္းမာေရးက႑မွာလည္း အမ်ားႀကီးလိုအပ္တယ္။”

ကုလသမဂၢ ကမာၻ႔စားနပ္ရိကၡာ အစီအစဥ္ WFP ကလည္း ျမန္မာႏိုင္ငံမွာ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ေနရသူေတြ တိုးပြားလာၿပီး လူသားခ်င္းစာနာမႈ အက်ပ္အတည္းဟာ ႀကီးထြားလာေနတယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ေနရသူေတြနဲ႔ ထိခိုက္ခံစားခဲ့ရသူ အမ်ားစုဆီကိုလည္း လူသားခ်င္းစာနာမႈ အကူအညီေတြ ေရာက္ႏိုင္ျခင္းမရွိေသးဘူးလို႔ ေျပာပါတယ္။ ပဋိပကၡေၾကာင့္ ထြက္ေျပးေနရသူေတြအတြက္ လူသားခ်င္းစာနာကူညီမႈေပးႏိုင္ဖို႔ အာဆီယံအသင္းႀကီးကလည္း ႀကိဳးပမ္းေနပါတယ္။

ျမန္မာ့အေရးအာဆီယံသေဘာတူညီခ်က္ ၅ခ်က္ထဲမွာ လူသားခ်င္းစာနာကူညီမႈေပးေရးလည္းပါဝင္တာပါ။ ဒါေပမယ့္လည္း ဒီအကူအညီေတြကို သူတို႔ခ်မွတ္ထားတဲ့ မူေဘာင္အတြင္းကပဲ အကူအညီေပးရမယ့္ စစ္ေကာင္စီဖက္က ေတာင္းဆိုတာေၾကာင့္၊ အကူအညီေပးႏိုင္ဖို႔ ၾကန႔္ၾကာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[[Unicode]]

မြန်မာနိုင်ငံမှာ တိုက်ပွဲနဲ့ နိုင်ငံရေးပဋိပက္ခ အခြေအနေတွေကြောင့် ရွှေ့ပြောင်းနေထိုင်သူ ဦးရေဟာ ၁ သန်းကျော်သွားပြီလို့ UNOCHA ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုညှိုနှိုင်းရေးရုံးက ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ စစ်အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၇ သိန်းနီးပါးလည်း ပါဝင်နေတယ်လို့ ဖော်ပြပါတယ်။ မြန်မာပြည်တွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ ရန်ကုန်ကပေးပို့ထားတဲ့သတင်း အလိမ္မာပြောပြမှာပါ။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ UNOCHA က မြန်မာနိုင်ငံမှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်ဦးရေ ၁သန်းကျော်ဟာ ရွှေ့ပြောင်းနေထိုင်နေရပြီး အဲဒီထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခနဲ့ လုံခြုံရေးအခြေအနေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၇ သိန်းနီးပါးလည်း ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်ပြည်နယ်တို့က စစ်ရှောင်စခန်းတွေမှာ အခုနှစ် ဧပြီလကစပြီး မုန်တိုင်းနဲ့ မိုးသည်းထန်တဲ့အရှိန်တွေကြောင့် အမိုးအကာတွေ ပျက်စီးပြီး အရင်ကထက် လိုအပ်ချက်တွေ ပိုများလာတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က ညောင်ချောင်း IDP စခန်းမှာတော့ အချိန်ကာလကြာလာတာနဲ့အမျှ တဲအိမ်တွေပျက်စီးပြီး အမြန်ဆုံး ပြုပြင်ဖို့လိုအပ်နေတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

“ညောင်ချောင်းရဲ့ IDP စခန်းမှာတော့ တဲအိမ်တွေက ကြာပြီဆိုတော့ အောက်ခြေမျှောတိုင်တွေက ဆွေးကုန်ပြီပေါ့။ မိုးကလည်းရွာလာတာနဲ့ ပျက်စီးမယ့်အခြေအနေတော့ ရှိနေပြီပေါ့။ ဒါပေမဲ့ တခုမှ ပြုပြင်တာတော့ မရှိသေးဘူး။ ဒါပေမဲ့ ကျနော်တို့ ညောင်ချောင်း IDP စခန်းကိုလေ UNHCR က တဲအိမ်ဆောက်မယ့် မျှောတိုင်တို့၊ ဝါးတို့၊ သစ်တို့၊ ဓနိတို့ကို ၆ လပိုင်းအကုန်လောက်မှာ ပေးမယ်လို့တော့ ပြောထားတာရှိတယ်။”

ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းတွေအရဆို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၊ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်ဘေးရှောင် ဒုက္ခသည်ဦးရေဟာ ၆၉၄,၃၀၀ ကျော် အထိရှိခဲ့ပြီး တနိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာတိမ်းရှောင်သူ စုစုပေါင်း ၁ သန်းကျော်အထိ ရှိလာတာပါ။ ရှမ်းပြည်တောင်ပိုင်းက ကျေးရွာတချို့မှာ ခိုလှုံနေကြရတဲ့ စစ်ဘေးရှောင်တွေအတွက်လည်း အခြေခံစားနပ်ရိက္ခာ၊ နေရာထိုင်ခင်း လိုအပ်ချက်တွေရှိနေပြီး တချို့အိမ်ပြန်ဖို့ပြင်ဆင်နေသူတွေအတွက် မိုင်းပညာပေးလုပ်ငန်းလည်း ဆောင်ရွက်ပေးဖို့လိုအပ်နေတယ်လို့ ကူညီနေသူတဦးက ပြောပါတယ်။

“ပိုပြီးတော့ အရေးကြီးတာတခုကတော့ မိုင်းရှင်းလင်းတဲ့ မိုင်းပညာပေးလုပ်ငန်းပေါ့ အဲဒါပိုပြီးတော့ လိုအပ်တယ်ဗျ။ တချို့ပြန်သွားပြီး ဟိုမှာရောက်တဲ့အခါကျတော့ ဒီမိုင်းပညာပေးထားတာ မရှိတဲ့အခါကျတော့ မိုင်းခွဲခံရတာတွေ မိုင်းထိတာတွေရှိတယ်ဗျ။ သေဆုံးတာတွေ ရှိတဲ့အခါကျတော့ ဆက်လက်ပြီးတော့ ကူညီဆောင်ရွက်ပေးနိုင်မယ်ဆိုရင် သူတို့အတွက်ပိုပြီးတော့ လုံခြုံတဲ့ဘဝကိုရောက်မယ်ဗျ။”

လက်နက်ကြီးပစ်ခတ်မှုနဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အရှေ့ဖက်ကမ်းက ဒေသခံအတော်များများ စစ်ရှောင်နေကြရပါတယ်။ စစ်ရှောင်ကူညီရေးအဖွဲ့တွေက လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားတွေ အရင်က လာရောက်ကူညီပေးတာမျိုးရှိပေမယ့် လက်ရှိမှာ အကူအညီ မရှိသလောက်ဖြစ်နေတယ်လို့ ဖယ်ခုံမြို့နယ် ဆီးမီးလော့ရွာခံ စစ်ပြေးဒုက္ခသည်တဦးက ပြောပါတယ်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ပဋိပက္ခဒဏ်ခံနေရသူတွေကို အကူအညီပေးနေပေမယ့် ဖယ်ခုံမြို့နယ်အရှေ့ဖက်ကမ်းဆီတော့ မရောက်လာသေးဘူးလို့ စစ်ပြေးဒုက္ခသည်က ပြောပါတယ်။ စစ်ပြေးဒုက္ခသည်တွေကြားမှာ အနေဆင်းရဲ အစားဆင်းရဲနဲ့ အခက်အခဲအမျိုးမျိုး ရင်ဆိုင်နေကြရတာလို့ ဆီးမီးလော့ရွာခံက အခုလို ပြောပါတယ်။

“စစ်ဘေးရှောင်တွေက အဆင်မပြေတာကျတော့ အဲ့တောတောင်ထဲမှာပဲ စခန်းတွေချ တဲတွေထိုးပြီးတော့ နေနေရတယ်။ သူတို့ စားရေးသောက်ရေးက အရမ်းခက်ခဲနေတယ်။ ဘာဖြစ်လဲဆိုတော့ အိုးအိမ်လည်း မပြန်ရဆိုတော့ ကျနော်တို့ စစ်ရှောင်ပြည်သူတွေက KRC တို့ ပရဟိတအဖွဲ့တွေ ကျနော်တို့ကို ဆန်တွေ ထောက်ပံ့ပေးတာပေါ့နော်။ အခုတလောတော့ ထောက်ပံ့တဲ့အပိုင်းတွေက မရှိသလောက်ဖြစ်နေတယ်။ WFP ကျတော့ ဒီ ကျနော်တို့ ဖယ်ခုံအရှေ့ခြမ်းမှာ သူတို့ စီမံကိန်းမရှိသေးနဲ့ တူတယ်။ သူတို့ လာတာမတွေ့သေးဘူး။ စစ်ဘေးရှောင်တွေက အဓိက ခြင်ထောင်တွေ တောတောင်ထဲမှာနေတာကျတော့ ခြင်အရမ်းပေါတဲ့အချိန်ကျတော့ ဒီခြင်ထောင်နဲ့ အမိုးအကာတွေ လိုအပ်တယ်ပေါ့နော်။ ဒီစားရေးသောက်ရေး ကုန်ခြောက်တွေ လိုအပ်တယ်။ နောက်ပြီးတော့ ဆန်လည်း အရမ်းလိုအပ်တယ်။”

အခုချိန်မှာ စစ်ပြေးဒုက္ခသည်တွေကြား ဝမ်းရောဂါတွေနဲ့ ဖျားနာတာတွေ ခံစားနေကြရပါတယ်။ ဝမ်းရောဂါကြောင့် ကလေးငယ်တဦးနဲ့ လူကြီးပိုင်းထဲက တဦးဟာ ပြီးခဲ့တဲ့ ဧပြီလ တတိယအပတ်လောက်က သေဆုံးသွားတယ်လို့ စစ်ရှောင်နေသူက ပြောပါတယ်။ ကျန်းမာရေးကူညီပေးနေတဲ့ ဆရာမတဦးကတော့ ဖယ်ခုံအရှေ့ဖက်ကမ်းမှာ စစ်ဘေးရှောင် တသောင်းကျော်ရှိနေပြီး အဲ့ထဲက ၃ပုံ ၁ပုံလောက်ဟာ ဝမ်းရောဂါနဲ့ ရာသီတုပ်ကွေးရောဂါတွေ ဖြစ်နေကြတာလို့ ပြောပါတယ်။

“အခုက လောလောဆယ်က သွေးလွန်တုပ်ကွေးလည်း ဖြစ်တဲ့လူရှိနေတယ်။ နောက်ပြီးတော့ အထက်လှန်အောက်လျှောလည်း ဖြစ်နေတဲ့လူရှိတယ်။ နောက် အခုက ရာသီတုပ်ကွေးလည်း ထပ်ကူးကြတော့ အင်မတန်မှပဲ ဒုက္ခရောက်တယ်ပေါ့နော်။ ကျမတို့ ဖယ်ခုံရဲ့ အရှေ့ဖက်ကမ်းလည်း အခုလောလောဆယ် ရာခိုင်နှုန်းနဲ့ တွက်မယ်ဆိုရင် ၃ပုံ ၁ပုံလောက်တော့ ကြုံတွေ့နေရပြီးပေါ့နော်။ နောက်အခုက အထူးသဖြင့်ဆိုလို့ရှိရင် သူတို့က ဟိုရွှေ့ ဒီရွှေ့ ရတဲ့အခါကျတော့လည်း ခြင်ထောင်တွေမရှိတဲ့အထဲ ဟိုနားချိတ် ချိတ်တဲ့အခါကျတော့ ခြင်ထောင်တွေစုပ်ပြဲသွားတဲ့လူက ခပ်များများ အဲ့လိုမျိုးဖြစ်နေတယ်။ အများကြီးလိုအပ်ချက်ရှိတယ်။ ဒါပေမယ့် နံပါတ် ၁ အချက်ကကျတော့ စားဝတ်နေရေးပေါ့၊ နောက် ကျန်းမာရေးပေါ့နော်၊ ကျန်းမာရေးကဏ္ဍမှာလည်း အများကြီးလိုအပ်တယ်။”

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ကလည်း မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေ တိုးပွားလာပြီး လူသားချင်းစာနာမှု အကျပ်အတည်းဟာ ကြီးထွားလာနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေနဲ့ ထိခိုက်ခံစားခဲ့ရသူ အများစုဆီကိုလည်း လူသားချင်းစာနာမှု အကူအညီတွေ ရောက်နိုင်ခြင်းမရှိသေးဘူးလို့ ပြောပါတယ်။ ပဋိပက္ခကြောင့် ထွက်ပြေးနေရသူတွေအတွက် လူသားချင်းစာနာကူညီမှုပေးနိုင်ဖို့ အာဆီယံအသင်းကြီးကလည်း ကြိုးပမ်းနေပါတယ်။

မြန်မာ့အရေးအာဆီယံသဘောတူညီချက် ၅ချက်ထဲမှာ လူသားချင်းစာနာကူညီမှုပေးရေးလည်းပါဝင်တာပါ။ ဒါပေမယ့်လည်း ဒီအကူအညီတွေကို သူတို့ချမှတ်ထားတဲ့ မူဘောင်အတွင်းကပဲ အကူအညီပေးရမယ့် စစ်ကောင်စီဖက်က တောင်းဆိုတာကြောင့်၊ အကူအညီပေးနိုင်ဖို့ ကြန့်ကြာနေပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG