သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ စစ်အာဏာသိမ်းပြီးနောက် လူ ၃ သိန်းဝန်းကျင်ကို ကုလ ကူညီပေးခဲ့


ထိုင်းမြန်မာနယ်စပ် KNU ထိန်းချုပ်နယ်မြေထဲ ခိုလှုံလာတဲ့ဒုက္ခသည်တွေ ထမင်းစားဖို့တန်းစီနေစဉ်။ (ဒီဇင်ဘာ ၂၅၊ ၂၀၂၁)
ထိုင်းမြန်မာနယ်စပ် KNU ထိန်းချုပ်နယ်မြေထဲ ခိုလှုံလာတဲ့ဒုက္ခသည်တွေ ထမင်းစားဖို့တန်းစီနေစဉ်။ (ဒီဇင်ဘာ ၂၅၊ ၂၀၂၁)

[[Zawgyi/Unicode]]

အာဏာသိမ်းပြီးကတည်းက ဒုက္ခကြုံတွေ့နေကြတဲ့ လူပေါင်း ၃ သိန်းဝန်းကျင်ကို ကူညီနိုင်ခဲ့ပေမယ့် အခက်အခဲတွေကို ကြီးကြီးမားမား ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး (UNHCR) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က ဒီနေ့ ကမ္ဘာ့ဒုက္ခသည်နေ့မှာ ပြောပါတယ်။

ကမ္ဘာ့ဒုက္ခသည်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သူ့အမြင်ကို UNHCR ရဲ့ အင်တာနက် စာမျက်နှာမှာ မစ္စ (Hai Kyung Jun) က ရေးထားတာ ဖြစ်ပါတယ်။ မီးဖိုချောင်သုံးပစ္စည်း၊ စောင်၊ အခင်း၊ နေရောင်ခြည် ဓာတ်အားသုံး မီးအိမ်တွေအပါအဝင် ကယ်ဆယ်ရေးပစ္စည်းတွေကို လူပေါင်း ၁၈၂,၀၀၀ ကို ၂၀၂၁ ခုနှစ်မှာ ပံ့ပိုးခဲ့တယ်လို့ ဆိုပါတယ်။ လူပေါင်း ၁၁၃,၀၀၀ ကို အမိုးအကာနဲ့ နေနိုင်အောင် စီစဉ်ပေးခဲ့တယ်လို့ မစ္စ ဟိုင်ကယွန်ဂျန် က ပြောပါတယ်။ ၂၀၂၂ ခုနှစ် ပထမ ၆ လမှာ နောက်ထပ် လူ ၁ သိန်းကို ထပ်ဖြည့်ကူညီခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးကတည်းက ဖြစ်ခဲ့တဲ့ပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ဘက် ထွက်ပြေးခိုလှုံနေကြရသူတွေ များလာတာထက် ပြည်တွင်းမှာပဲ အိုးအိမ် စွန့်ခွါ ပြောင်းရွှေ့ နေထိုင်နေကြရသူတွေ ပိုပြီးများပြားနေတယ်လို့ သူမက ဆိုပါတယ်။ အဲဒီလို ပြောင်းရွှေ့နေထိုင်ကြတဲ့ နှုန်းကလည်း အနာဂတ်မှာ ပိုပြီး များလာစရာ ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားတာပါ။ ကျန်းမာရေးဝန်ဆောင်မှု၊ စားနပ်ရိက္ခာ ထောက်ပံ့မှု၊ အသက်မွေးလုပ်ကိုင်နိုင်တဲ့အခွင့်အလမ်း၊ ဘဏ်စနစ်နဲ့ ဆက်သွယ်ရေးစနစ်တွေ ပျက်ယွင်းလာတဲ့အတိုင်း မြန်မာပြည်သူတွေအဖို့ ဘေးဒုက္ခ ကြုံရခြေ ပိုပြီး များပြားလာနေတယ်လိုလည်း သူက ပြောပါတယ်။

ကုလသမဂ္ဂက လူတွေကိုအကူအညီပေးရာမှာ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယန် ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ရပ်ရွာပိုင်နေရာတွေ နဲ့ ဒေသခံ အဖွဲ့ အစည်း အမျိုးမျိုးက အဓိကကျခဲ့ပြီး တတ်နိုင်သလောက် ဆောင်ရွက်ကြတဲ့အတွက် ခံစားဝမ်းသာ ကျေးဇူးတင်မိကြောင်း မြန်မာနိုင်ငံဆိုင် ဌာနေကိုယ်စားလှယ် က ပြောထားပါတယ်။ လူတိုင်းဟာ စာနာထောက်ထားကြပြီး သတ္တိ၊ သွေးစည်းညီညွတ်မှုနဲ့ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေကို ပြသခဲ့ကြတယ်လို့ မစ္စ Hai Kyung Jun က ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

=====================

[[Unicode]]





=====================

XS
SM
MD
LG