သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်သဘောတူညီချက်စတင်ပြီး ဓါးစာခံအမျိုးသမီးသုံးဦးလွတ်လာ


ဟာမတ်စ်တို့ဖမ်းထားတဲ့ ဓားစားခံတွေလွှဲပြောင်းပေးနေစဥ်၊ ဇန် ၁၉၊ ၂၀၂၅။
ဟာမတ်စ်တို့ဖမ်းထားတဲ့ ဓားစားခံတွေလွှဲပြောင်းပေးနေစဥ်၊ ဇန် ၁၉၊ ၂၀၂၅။

အစ္စရေးနဲ့ ဟာမတ်အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဟာ ဒေသစံချိန် တနင်္ဂနွေနေ့ မနက် ၁၁ နာရီ ၁၅ မိနစ်မှာ စတင်လိုက်ပါတယ်။

နာရီပိုင်းအကြာမှာပဲ ဂါဇာကို ကြက်ခြေနီယာဉ်တန်းရောက်လာပြီး အစ္စရေး ဓါးစာခံအမျိုးသမီး သုံးဦး ပြန်လည်လွတ်မြောက်လာပါတယ်။ ဒီအတောအတွင်းမှာပဲ အစ္စရေးဖက်ကလည်း ပါလက်စတိုင်းအကျဉ်းသား ဒါဇင်ဂဏန်းကို ဂါဇာကို စပို့နေပါတယ်။

အပစ်ရပ်သဘောတူညီချက် အစိတ်အပိုင်းအနေနဲ့ ဟာမတ်တို့က ဖမ်းထားတဲ့ဓါးစာခံတွေလွှတ်ရမှာဖြစ်သလို၊ အစ္စရေးဖက်ကလည်း ဖမ်းထားတဲ့ ပါလက်စတိုင်းအကျဉ်းသားတွေကို လွှတ်ပေးမယ်လို့ ဂတိပြုထားပါတယ်။ နာကြင်မှုတွေ ပျက်စီးမှုတွေ လူ့အသက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တြ့နောက်၊ အခု ဒီကနေ့မှာတော့ ဂါဇာမှာ သေနက်သံတွေ တိတ်ဆိတ်သွားပါပြီလို့ အပစ်ရပ်သဘောတူညီချက်ထွက်လာဖို့ စေ့စပ်ညှိုနှိုင်းပေးခဲ့တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

ဓါးစာခံတွေ ဒီနေ့ စပြီ လွတ်လာတယ်၊ ငယ်ရွယ်တဲ့အမျိုးသမီးသုံးဦးက ပထမဆုံး လွတ်မြောက်မယ်လို့ ရွေးကောက်ခံသမ္မတ Trump ကလည်း Truth Social လူမှုကွန်ယက်မီဒီယာမှာ ရေးခဲ့ပါတယ်။ လွတ်မြောက်လာတဲ့ ဓါးစာခံအမျိုးသမီးသုံးဦးကတော့ အသက် ၂၄ နှစ်အရွယ် Romi Gonen အသက် ၂၈နှစ်အရွယ် Emily Damari နဲ့ အသက် ၃၁နှစ်အရွယ် Doron Steinbrecher တို့ဖြစ်ကြပါတယ်။ အဲဒီအထဲက Damari ကတော့ အစ္စရေး ဗြိတိန် နှစ်နိုင်ငံသားခံယူထားသူဖြစ်ပါတယ်။

ဂါဇာအပစ်ရပ်သဘောတူညီချက်စတင်ပြီး ဓါးစာခံအမျိုးသမီးသုံးဦးလွတ်လာ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG