သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒန်နဲ့ ကမ်မလာဟဲရစ်တို့ Pittsburgh မြို့မှာ ပူးတွဲ မဲဆွယ်စည်းရုံးမည်


ဒီမိုကရက် နိုင်ငံလုံးဆိုင်ရာညီလာခံမှာတွေ့ရတဲ့ ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာဟဲရစ် (Kamala Harris) နဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) (ဩဂုတ် ၁၉၊ ၂၀၂၄)
ဒီမိုကရက် နိုင်ငံလုံးဆိုင်ရာညီလာခံမှာတွေ့ရတဲ့ ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာဟဲရစ် (Kamala Harris) နဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) (ဩဂုတ် ၁၉၊ ၂၀၂၄)

ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်တဲ့ ကမ်မလာဟဲရစ် (Kamala Harris) နဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) တို့နှစ်ဦး အတူပူးပေါင်းပြီး Pennsylvania ပြည်နယ်မှာ မဲဆွယ်ပွဲတခု ဒီနေ့လုပ်သွားဖို့ ရှိနေပါတယ်။ Pittsburgh မြို့မှာလုပ်မယ့် အလုပ်သမားနေ့ ချီတက်ပွဲကို တက်ရောက်ပြီး သမ္မတနဲ့ ဒုသမ္မတတို့ စကားပြောကြမှာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲအတွက် သူတို့နှစ်ဦး ပထမဆုံးအကြိမ် အတူတကွ နိုင်ငံရေးစင်မြင့်မှာ စကားပြောကြမှာလည်း ဖြစ်ပါတယ်။

ကမ်မလာဟဲရစ်ကို ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအဖြစ် ရွေးချယ် တင်မြှောက်ခဲ့ပြီးကတည်းက Pennsylvania မဲဆန္ဒရှင်တွေက တက်ကြွနေကြသလို၊ Minnesota ပြည်နယ်မှာလည်း ဟဲရစ်နဲ့ ဒုသမ္မတလောင်း Minnesota အုပ်ချုပ်ရေးမှူး တင်ဝေါ့လ်ဇ် (Tim Walz) တို့အတွက် ကူညီ လုပ်ဆောင်ပေးမယ့် စေတနာ့ဝန်ထမ်းအသစ် ထောင်ပေါင်းများစွာ စာရင်းပေးခဲ့ကြပါတယ်။

စီးပွားရေးအခွင့်အလန်းတွေရမယ့် အနာဂတ်အတွက် တိုက်ပွဲဝင်နေကြောင်း၊ အမေရိကန်နိုင်ငံသားတိုင်း အိမ်တလုံး၊ လုပ်ငန်းတခု ပိုင်ဆိုင်နိုင်ရေး၊ လူနေမှုစရိတ်လျော့ချပေးရေးနဲ့ အောက်ခြေနဲ့ အလယ်အလတ် စီးပွားရေး လုပ်ငန်းတွေကို မြှင့်တင်ရေးအတွက် လုပ်ဆောင်သွားမယ့်အကြောင်း သမ္မတလောင်းဟဲရစ်က ပြောထားပါတယ်။ ဟဲရစ်ကို သမ္မတဘိုင်ဒန်က အပြည့်အဝ ပံ့ပိုးမှုတွေ ပေးထားပြီး ဖြစ်တဲ့အတွက် သူ့အပေါ် ထောက်ခံရေး အထူးတလည် တောင်းဆိုနေဖို့ မလိုဘူးလို့လည်း သူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG